Saturday, 16 February 2019 04:33

image1_4.jpg

 

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်မည့် One မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲ ပွဲစဉ်တွင် ကန်ဟာဆီဂါဝါ နှင့် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲကို အနိုင်ရမည်ဟု ယုံကြည်ကြောင်း အောင်လအန်ဆန် က ပြောသည်။

ကန်ဟာဆီဂါဝါ ပွဲ ပထမအချီမှာ အပြီးသတ် ကြိုးစားမှာပါ။ ကျွန်တော် သူနဲ့လည်း ၅ ချီ ကစားဖူးပြီးပါပြီ။ သူ ဘာလုပ်မလဲဆိုတာ ကျွန်တော် နားလည်တယ်။

ကျွန်တော် နိုင်မယ်လို့လည်း ယုံကြည်တယ် ။ သူ့ ပွဲတွေကို လည်း လေ့လာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ဆရာနဲ့လည်း ဒီပွဲမှာ အကောင်းဆုံးကစားနိုင်အောင် Trainingမှာ အကောင်းဆုံး ကြိုးစားနေပါတယ်။ ဒီပွဲက အကောင်းဆုံးပွဲဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အရင်က ထက် ပိုလေ့ကျင့်ဖြစ်ပါတယ်။ အရင်ပွဲတွေထက် ပိုကောင်းအောင်ကြိုးစားနေပါတယ် ” ဟု အောင်လအန်ဆန် က ပြောသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ Rose Garden Hotel ၌ ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ တွင် ပြောခဲ့ခြင်း ဖြစ်သည်။

retetret.jpg

ယခင်တစ်ခေါက်က ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံတွင် ပြုလုပ်သည့် ONE: SPIRIT OF A WARRIOR ပွဲတွင် ဂျပန်မှ စိန်ခေါ်သူ ကန်ဟာဆီဂါဝါကို အောင်လအန်ဆန်ကငါးချီပြည့် ထိုးသတ်ကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည် လာမည့် မတ် ၃၁ ရက်၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Ryogoku Kokuhikan မိုးလုံလေလုံအားကစားပြိုင်ပွဲရုံတွင် ဂျပန်နိုင်ငံ၌ (MMA)ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲကို ကျင်းပမည် ဖြစ်ပြီး အဓိက ချန်ပီယံခါးပတ်လုပွဲ သုံးပွဲ ထည့်သွင်းထားကာ ကန်ဟာဆီဂါဝါ နှင့်အောင်လအန်ဆန်တို့၏ ဒုတိယအကြိမ် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲလည်း ဖြစ်သည်။

1138.jpg

အောင်လန်အန်ဆန်က ” အားပေးတဲ့ ပရိသတ်တွေကို ကျွန်တော်ရဲ့တိုင်းပြည်၊ သူရဲ့တိုင်းပြည် မခွဲပါဘူး ။ ကျွန်တော့အနေနဲ့ ဘာမှ မထူးပါဘူး။ ကစားတဲ့အချိန်မှာ

အားထည့်ပြီး ကစားတယ်။ ကျွန်တော့ကို အားပေးတဲ့ ပရိသတ်ကိုလည်း အများကြီးကျေးဇူးတင်ပါတယ် ” ဟု ဆိုသည်။

ဂျပန်နိုင်ငံမှာ ထိုးသတ်သွားမည့် အဓိကချန်ပီယံလုပွဲ သုံးပွဲတွင် အမျိုးသမီးစတော့ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲ ဖြစ်သည့် တရုတ်နိုင်ငံသူ Xiong Jing Nan နှင့် စင်ကာပူနိုင်ငံသူ

An Gela Lee တို့ ပွဲစဉ်၊ အမျိုးသား မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်ဖွား၊ အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား ကန်ဟာဆီဂါဝါ တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

အောင်လအန်ဆန်အနေဖြင့် ယခုနှစ်ထဲတွင် ပွဲစဉ် ၃ ပွဲခန့်အထိ ထိုးသတ်သွားရန် ရှိနေပြီး မြန်မာနှင့်ဂျပန်တို့ တွင် ထိုးသတ်မည်ဟု သိရသည်။

source Mizzama


Read times Last modified on Saturday, 16 February 2019 04:42
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.