Wednesday, 06 February 2019 08:01

 

 

methode2Ftimes2Fprod2Fweb2Fbin2F225814ee-2851-11e9-a92b-e57f23e07fe4.jpg

မန်ယူအသင်းသည် လူငယ်တိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်ကို လုပ်ခလစာ နှစ်ဆ တိုးမြှင့်ပေး၍ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးနေပြီဖြစ်ပြီး မန်ယူယာယီနည်းပြ ဆိုးလ်ရှားကလည်း ရတ်ရှ်ဖို့ဒ်မှာ ရီးရဲလ်မက်ဒရစ်၏စိတ်ဝင်စားခြင်းကို ခံစားနေရသော်လည်း မန်ယူထံတွင်သာ ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းသွားရန် ဆန္ဒရှိနေသူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်ဟု The Mirror က ဖော်ပြထားသည်။
 
မန်ယူအသင်းနှင့် ရတ်ရှ်ဖို့ဒ်အကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် သက်တမ်းအားဖြင့် ၁၈ လမျှသာ ကျန်ရှိတော့ပြီး ကစားသမားဖြစ်သူ၏စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျပါက စာချုပ်သက်တမ်းကို အသင်းဘက်က အလိုအလျောက် တစ်နှစ်ထပ်တိုးခွင့်ရှိသော်လည်း မန်ယူအသင်းတာဝန်ရှိသူများက ယင်းသို့ မဆောင်ရွက်လိုဘဲ စာချုပ်သစ်ချုပ်ခွင့်ရရန်ကိုသာ စိတ်အားထက်သန်လျက်ရှိသည်။
 
ရတ်ရှ်ဖို့ဒ်သည် လက်ရှိတွင် မန်ယူထံ၌ တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့် ပေါင် ၇၅,၀၀၀ သာ ရရှိနေပြီး ၎င်း၏လုပ်ခကို နှစ်ဆတိုးမြှင့်ပေးကာ ပေါင် ၁၅၀,၀၀၀ ဖြင့် ငါးနှစ်သက်တမ်းစာချုပ်သစ် လက်မှတ်ရေးထိုးနိုင်ရန် အသင်းတာဝန်ရှိသူများဘက်က ကြိုးပမ်းနေခြင်းဖြစ်သည်။
 
ရတ်ရှ်ဖို့ဒ်သည် နည်းပြ မော်ရင်ညိုလက်ထက်တွင် စွမ်းဆောင်ရည်ကောင်းများ ပျောက်ဆုံးခဲ့ရသော်လည်း ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်တွင်မူ အသင်းတိုက်စစ်အတွက် အရေးအပါဆုံးသော ကစားသမားဖြစ်လာခဲ့ကာ ရတ်ရှ်ဖို့ဒ်မှာ အနာဂတ်ကာလတွင် မန်ယူအတွက် ရူနီနှင့် စီရော်နယ်ဒိုကဲ့သို့ အဖိုးတန်ကစားသမားဖြစ်လာမည့်သူဟု နည်းပြ ဆိုးလ်ရှားက အခိုင်အမာ ယုံကြည်လျက်ရှိသည်။
 

မန်ယူသည် လွန်ခဲ့သည့်သီတင်းပတ်အတွင်း၌ တိုက်စစ်မှူး မာတီရယ်လ်ကို တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင်နှစ်သိန်းပေး၍ ငါးနှစ်သက်တမ်းစာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ကာ ရတ်ရှ်ဖို့ဒ်မှာလည်း စာချုပ်သစ်အတွက် အနိမ့်ဆုံးအဖြစ် မာတီရယ်လ်နှင့် တန်းတူအကျိုးခံစားခွင့်ကို တောင်းဆိုသွားမည့်အခြေအနေရှိနေသည်။
 
source the voice

Read times Last modified on Wednesday, 06 February 2019 08:28
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.