Tuesday, 22 January 2019 03:52

 

gettyimages-1096646976-e1548109262200.jpg

အာဆင်နယ်အသင်းဆေးအဖွဲ့သည် အာဆင်နယ်က ချယ်လ်ဆီးကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိလိုက်သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် အရွတ်စုတ်ပြဲသွားခဲ့သည့် နောက်ခံလူဘယ်လာရင်၏ဒဏ်ရာအခြေအနေမှာ ပြင်းထန်လွန်းကြောင်း သတင်းထုတ်ပြန်လိုက်ပြီဖြစ်ပြီး ဒဏ်ရာအခြေအနေအရ ဘယ်လာရင်မှာ ကိုးလခန့် နားရနိုင်သည်ဟုလည်း အာဆင်နယ်အသင်းဆေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
 
ဘယ်လာရင်သည် ပေါင်ကြွက်သားလုံးဒဏ်ရာမှနေ၍ ပြန်လာသက်သာလာခဲ့အပြီး ပထမဆုံးပါဝင်ကစားသောပွဲစဉ်၌ပင် ဒဏ်ရာပြဿနာကို ပြန်လည်ရင်ဆိုင်လိုက်ရခြင်းဖြစ်ပြီး နောက်ခံကစားသမားအများစုကို ဒဏ်ရာပြဿနာကြောင့် အနားပေးထားရချိန်တွင် ဘယ်လာရင် ဒဏ်ရာပြန်လည်ရရှိသွားခဲ့သည်မှာ အာဆင်နယ်အတွက် ကြီးစွာသောထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ရပြီဖြစ်သည်။
 
အာဆင်နယ်အသင်းဆေးအဖွဲ့သည် ဘယ်လာရင်၏ဒဏ်ရာကို ဒုတိယအဆင့်စစ်ဆေးမှုများ ဆောင်ရွက်ရန်လည်း ပြင်ဆင်နေပြီဖြစ်ကာ ယခုတစ်ကြိမ်စစ်ဆေးမှုအပြီးတွင်မူ ဘယ်လာရင်၏ဒဏ်ရာမှာ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ခြင်း ရှိ၊ မရှိ အဖြေဆက်လက်ထွက်ပေါ်လာလိမ့်မည်ဖြစ်သည်။
 
အာဆင်နယ်သည် လက်ရှိတွင် အမှတ်ပေးဇယား၏အဆင့်လေးနေရာနှင့် သုံးမှတ်သာကွာဟတော့မည့် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားပြီဖြစ်သော်လည်း အဓိကကစားသမားအများစု ဒဏ်ရာရရှိနေခြင်းနှင့် ဒါရိုက်ဘုတ်အဖွဲ့ဘက်က အသင်းကို အင်အားဖြည့်ရင် အပြောင်းအရွှေ့အသုံးစရိတ် ထုတ်မပေးခြင်းတို့ကြောင့် အခက်အခဲများရှိနေပြီဖြစ်ပြီး နည်းပြယူနိုင်းအမ်မရီကလည်း ခံစစ်နှင့် ကွင်းလယ်တို့အတွက် လက်ရှိဇန်နဝါရီဈေးကွက်အတွင်း ကစားသမားသစ်မခေါ်ယူနိုင်ပါက ပွဲကျပ်ကာလတွင် အခက်အခဲများ မလွဲမသွေ ဖြစ်ပေါ်လာတော့မည်ဟု ဖွင့်ဟ၀န်ခံထားပြီဖြစ်သည်။
 

အာဆင်နယ်အသင်းပိုင်ရှင် အမေရိကန်သန်းကြွယ်သူဌေး ခရွန်ကီသည် လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း အသင်းထံမှနေ၍ အမြတ်ငွေပမာဏ ပေါင်ခုနစ်ဘီလီယံ ရှာဖွေရရှိခဲ့သော်လည်း အသင်းအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ဆောင်ရွက်ပေးခြင်း မရှိခဲ့သောကြောင့် အာဆင်နယ်အသင်းအားပေးသူများ၏ငြိုငြင်မှုကို ရင်ဆိုင်နေရပြီဖြစ်သည်။

source The voice


Read times Last modified on Tuesday, 22 January 2019 03:56
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.