Monday, 21 January 2019 08:57
ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပေသည် ၎င်းအနေနှင့် လာမည့်အနာဂတ်ကာလတွင် ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ကစားဖြစ်ဖွယ်ရှိနိုင်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်ပြီး လာမည့်နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် အမ်ဘတ်ပေအပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံစကားပြောခွင့်ရနိုင်ရန် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်ဘက်ကလည်း စီစဉ်နေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
 
psg.jpg
အသက် ၂၀ အရွယ်သာရှိသေးသည့် အမ်ဘတ်ပေသည် ကမ္ဘာ့ဘောလုံးလောက၏အဖိုးအထိုက်တန်ဆုံးသော ကစားသမားအဖြစ် သတ်မှတ်ခံထားရကာ ၎င်းကို မိုနာကိုထံမှနေ၍ ၀ယ်ယူခဲ့စဉ်၌ ပီအက်စ်ဂျီမှာ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၆၀ အထိ အကုန်အကျခံခဲ့ရဖူးသည်။
 
ပီအက်စ်ဂျီသည် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ထုတ်ပြန်ပြဌာန်းထားသည့် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းများနှင့် ငြိစွန်းနေသည့်အတွက် နေမာနှင့် အမ်ဘတ်ပေတို့အနက်မှ တစ်ဦးကို လက်လွှတ်ရဖွယ်ရှိနေပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်မှာ အစောပိုင်းကာလက နေမာကို သဘောကျနှစ်ခြိုက်ခဲ့သော်လည်း လက်ရှိတွင်မူ အမ်ဘတ်ပေဘက်သို့ ၎င်း၏ပစ်မှတ်ကို ပြောင်းလဲလိုက်ပြီဖြစ်သည်။

 
ပီအက်စ်ဂျီသည် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို ချိုးဖောက်ခဲ့ကြောင်း ပြစ်မှုထင်ရှားခဲ့မည်ဆိုပါက ဥရောပပြိုင်ပွဲများ ပါဝင်ကစားခွင့်ကို နှစ်ကာလအပိုင်းအခြားတစ်ရပ် ပိတ်သိမ်းခံရလိမ့်မည်ဖြစ်ကာ အသင်းတာဝန်ရှိသူများကမူ ယင်းကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့အနေနှင့် နည်းလမ်းရှာဖွေထားပြီးဖြစ်သည်ဟု ကာကွယ်ပြောဆိုနေဆဲဖြစ်သည်။
 
psg1.jpeg
ပီအက်စ်ဂျီက ဂူအင်ဂမ့်ကို ကိုးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပြင်သစ်လီဂူးပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ အမ်ဘတ်ပေက “အခုလက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီအတွက် ကစားပေးရတာကို ကျွန်တော် ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ ဘောလုံးလောကမှာ အနာဂတ်ဘာဖြစ်လာမယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ အခြေအနေတွေက နေ့တိုင်းပဲ ပြောင်းလဲလို့နေပါတယ်။ ကျွန်တော်ကတော့ ဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားနေမှာပါ”ဟု ပြောကြားသွားခဲ့သည်။
 
ရီးရဲလ်မက်ဒရစ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အကြီးစားပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ရပ် ဆောင်ရွက်သွားဖွယ်ရှိနေပြီဖြစ်ပြီး ရာမို့စ်၊ ဘင်ဇီးမား၊ ဂါရတ်ဘေးလ်နှင့် မိုဒရစ်တို့မှာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာရရန် နီးစပ်မှုများရှိနေပြီဖြစ်သည်။
 
source Thevoice

 


Read 109 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.