Friday, 11 January 2019 09:45

အာဆင်နယ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားဝယ်ယူမှု ပြုလုပ်နိုင်မှာမဟုတ်ပဲ အငှားနဲ့ ခေါ်ယူမှုသာ ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ဗဟိုနောက်ခံလူတစ်ဦး နဲ့ တောင်ပံကစားသမားတစ်ဦးကို အလိုရှိတယ်လို့ အမ်မရီက ပြောကြားခဲ့ပေမယ့်လည်း အသင်းက လူဝယ်ယူဖို့အတွက် အခက်အခဲရှိနေခဲ့တာ ဖြစ်ပါတယ်။

unnamed.jpg

ဒီနှစ်ရာသီအစမှာ လီနို၊ လက်စတိုင်နာ၊ ဆော့စ်ကရိတ်စ်ပါပါစတာသိုပူးလော့စ်၊ တော်ရဲယား နဲ့ ဂွမ်ဒေါင်ဇီတို့ကို အာဆင်နယ်က ပေါင်သန်း (၇၀)အထိ အသုံးပြုကာ ခေါ်ယူခဲ့ပြီးနောက် ဆောင်းရာသီဈေးကွက်မှာ အသုံးစရိတ်ချွေတာဖို့ အာဆင်နယ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် အက်ဖ်အေဖလား၊ ယူရိုပါလိဂ် နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ (၃)ခုကို ကစားရမယ့် အမ်မရီအတွက်လည်း ခေါင်းစားခဲ့ရပြီ ဖြစ်ပါတယ်။

1645238-34902647-2560-1440.jpg

"အပြီးသတ်ကစားသမား ခေါ်ယူမှုကို ကျွန်တော်တို့ ပြုလုပ်နိုင်မှာမဟုတ်ပါဘူး၊ ဇန်နဝါရီမှာ အငှားခေါ်ယူမှုကိုပဲ ပြုလုပ်နိုင်မှာပါ" အူနိုင်းအမ်မရီက ဝက်စ်ဟမ်းနဲ့ ကစားရမယ့်ပွဲမတိုင်ခင်မှာ ပြောကြားခဲ့တယ်လို့ Sky Sports က ဖော်ပြသွားခဲ့ပါတယ်။ အမ်မရီက သူ့အနေနဲ့ ရမ်ဆေးဆီက စွမ်းဆောင်ရည်ကောင်းကို မျှော်လင့်နေတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

download_2.jpeg

ဘာစီလိုနာကွင်းလယ်လူ ဒန်းနစ်ဆွာရက်ဇ်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်က ကြိုးစားနေရာမှာလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ကနဦးအနေနဲ့ အငှားခေါ်ယူသွားမှာဖြစ်ပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့လည်း Sky Italy က ဖော်ပြသွားခဲ့ပါတယ်။

 

ဒန်းနစ်ဆွာရက်ဇ် နဲ့ အမ်မရီတို့ဟာ ဆီဗီလာမှာ လက်တွဲခဲ့ဖူးသူတွေဖြစ်ပြီး အာဆင်နယ်မှာ ပြန်လည်လက်တွဲဖို့အတွက် အမ်မရီက မျှော်လင့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒန်းနစ်ဆွာရက်ရဲ့ အပြောင်းအရွှေ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ သူ ဘာမှမသိဘူးလို့လည်း အူနိုင်းအမ်မရီက ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

 

Credit: Duwun


Read 70 times Last modified on Monday, 14 January 2019 03:04
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.