Thursday, 03 January 2019 08:32

ပြီးခဲ့တဲ့ရာသီက မန်ချက်စတာစီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ ဂွါဒီယိုလာဟာ ယနေ့ညပွဲစဉ်မှာ လီဗာပူးအသင်းအနေနဲ့ ဖိအားဒဏ်ကို ခံစားရနိုင်တယ်လို့ ယုံကြည်နေပြီး

ဖိအားကြောင့် လီဗာပူးကစားသမားတွေ အမှားလုပ်မိတဲ့အခါမှာ ၎င်းရဲ့ကစားသမားတွေကို အခွင့်အရေးကို အပိုင်အသုံးချဖို့ ဆင်သင့်ပြင်ခိုင်းထားကြောင်း ပြောကြားခဲ့ပါတယ်။

download 1

 

လီဗာပူးအသင်းဟာ ယခုရာသီမှာ ရှုံးပွဲလုံးဝမရှိသေးတဲ့အသင်းဖြစ်ပြီး ၂၉ နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်ဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။ ဂွါဒီယိုလာက ၂၉ နှစ်ကြာ ဖလားနဲ့ ဝေးကွာနေတဲ့ လီဗာပူးအသင်းရဲ့ခံစားချက်ကို ခံစားနားလည်ပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့မှာ နေခဲ့ပါတယ်။ ကစားသမားတွေအတွက် ဘာက အဓိပ္ပာယ်ရှိတယ်ဆိုတာ ကျွန်တော် သိတယ်”

“လီဗာပူးအသင်းကစားသမားတွေ ခံစားနေရတာကို ကျွန်တော် ခံစားပေးလို့ရပါတယ်”

“၂၉ နှစ်ကြာ ပရီးမီးယားလိဂ်ဖလားကို မရရှိခဲ့ပြီးနောက်မှာ ရရှိအောင်လုပ်ဖို့ကြိုးစားနေရတာကို ကျွန်တော်နားလည်တယ်”

“ကျွန်တော် ကစားသမားတွေကို ပြောခဲ့တယ်။ အဲဒါက အရမ်းကို ကိုင်တွယ်ရ ခက်ခဲတယ်လို့။ ဒါကြောင့်လည်း ဒီရာသီမှာ ချန်ပီယံဆိုတဲ့ဘွဲ့ကို တတ်နိုင်သမျှ ထိန်းသိမ်းနေရတာပါ”

“ကျွန်တော့်အတွက်ကတော့ ဒါက ကြီးမားတဲ့ စိတ်ခံစားမှုမျိုးပါ။ ဘာကြောင့် လီဗာပူးအသင်းကို လိုက်မီပြီး ဖိအားတွေ ပေးနိုင်အောင် အနိုင်ရရှိဖို့ မကြိုးစားဘဲ နေရမလဲ”

“ဒီပွဲက ဘယ်လောက်အရေးကြီးလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါက ကျွန်တော်တို့အတွက် ဗိုလ်လုပွဲလို့တောင် ပြောရမှာပါ။ ကျွန်တော်တို့ အနိုင်မကစားနိုင်ခဲ့ဘူးဆိုရင် အထူးသဖြင့် ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၁၀ မှတ်ကွာသွားပြီ။ သူတို့သာ ဆက်ပြီး နိုင်ပွဲတွေဆက်နေမယ်ဆိုရင် အရမ်းခက်ခဲသွားပါလိမ့်မယ်”လို့ Daily Mail ကို ပြောကြားခဲ့ပါတယ်။

source Duwun


Read 58 times Last modified on Thursday, 03 January 2019 08:42
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.