Published in Health & Beauty

    ပါတီပွဲရာသီ မကုန်သေးလေတော့ ဆင်နွှဲစရာ ပါတီထဲမှာ အနာအဆာကင်းကင်းနဲ့ ပြစ်မျိုးမှဲ့မထင် ပြီးပြည့်စုံတဲ့အလှဘုရင်မလေးဖြစ်စေမယ့် မိတ်ကပ်လိမ်းနည်းလေးတွေကို MY Yangon ပရိသတ် အလှအပချစ်သူတွေအတွက် လက်ဆောင်ပါးလိုပါတယ်။ အဆင့် ၁ - မျက်ကွင်းညိုတာတွေကို ဖုံးဖိမယ် အလုပ်ပင်ပန်းလို့ဖြစ်ဖြစ် အိပ်ရေးမဝလို့ဖြစ်ဖြစ် မျက်ကွင်းတွေ ညိုနေရင် မျက်လုံးလိမ်း moisturizer လေးလိမ်း ပြီးရင် ကိုယ့်အသားအရောင်နဲ့ကိုက်ညီတဲ့ အောက်ခံမိတ်ကပ်ထက် ပိုလင်းတဲ့ concealer ကို မျက်လုံးတစ်ဝိုက်မှာ လက်သူကြွယ်ထိပ်လေးနဲ့ အသာတို့လိမ်းပေးပါ။ ဒီနေရာမှာ ခရင်မ်အမျိုးအစား concealer ကို သုံးပေးဖို့ အကြံပြုပါရစေ။ အဆင့် ၂ -မိတ်ကပ် base လေးလိမ်းပါဖြူစင်ဝင်းပတဲ့ အနာအဆာကင်းကင်းအလှနဲ့ ပါတီမှာ ထင်ပေါ်ချင်ရင် အောက်ခံမိတ်ကပ်လေး လိမ်းတဲ့အခါ…

    Published in Health & Beauty

    V shape မျက်နှာလေးဖြစ်ဖို့  တန်ဖိုးကြီးကြီးနဲ့ risk အများကြီးယူပြီး  ဖန်တီးကြတဲ့သူတွေအများကြီးရှိသလို  Risk လည်း မယူရဲ၊  အန္တရာယ်ဖြစ်မှာလည်း ကြောက်၊ ငွေကြေးလည်း အဲဒီလောက် မတတ်နိုင်ဘူးဆိုတဲ့သူတွေအတွက် အဖြေရှိပါတယ်။  အဲဒါကတော့  KLARITY မှ V line shape up set လေးပဲ ဖြစ်ပါတယ်။  သူက သင့်ကို မေးစေ့ချွန်ချွန်၊ မျက်နှာလေးသွယ်သွယ် နဲ့ တင်းရင်း ကျော့ရှင်းတဲ့ လည်တိုင်အလှရအောင် ဖန်တီးပေးနိုင်ပါသတဲ့။  မေးနှစ်ထပ် သမားတွေ၊ အသက်အရွယ်ကြောင့် ပါးပြင်တ၀ိုက်မှာ အဆီစုလာတဲ့သူတွေအတွက် မေးစေ့နဲ့ လည်ပင်းတွေက အရေပြားပျော့တွဲမှုတွေအတွက် အဆင်ပြေသွားစေမှာပါ။ KLARITY မှ V line shape up…

    Published in Health & Beauty

    အရေးအကြောင်းတွေဆိုတာ အလှအပ မြတ်နိုးသူတွေအတွက် မလိုချင်ဆုံးသော အိုမင်းခြင်း ပြယုဂ်တစ်ခုပါ။ အသက်ကြီးလာရင် ပေါ်လာတတ်တဲ့ အရေးအကြောင်းတွေနဲ့ အသားအရေ တွဲကျတာတွေကို ဖုံးကွယ်နိုင်ဖို့ အဖိုးအခကြီးပြီး ဆိုးကျိုးရှိတဲ့ botox ထိုးခြင်းကလည်း အလှအပမြတ်နိုး သူတွေကြား ရေပန်းစားလျက် ပေါ့။ ငွေသက်သာပြီး အန္တရာယ်ထိခိုက်မှုကင်းတဲ့ သဘာဝ botox လေးတွေရှိတယ်နော်။ MY Yangon ပရိသတ်တွေ လိုချင်ကြမလားပဲ။ပြောင်းဖူးမှုန့်မုန်လာဥနီ Botoxပြောင်းဖူးမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း၊ မုန်လာဥနီကျိတ်ထားတဲ့ အရည် ၅ဇွန်းနဲ့ သံပရာရည် တစ်ဇွန်းစာကို ရောမွှေကာ ရလာတဲ့အနှစ်ကို သန့်စင်ဆေးကြောထားတဲ့ မျက်နှာအနှံ့သုတ်လိမ်းကာ မိနစ် ၃၀ကြာထားပြီး ရေအေးလေးနဲ ဆေးချပေးရုံပါပဲ။ တစ်ပတ်မှာ ၃ကြိမ်ကနေ ၅ကြိမ်လုပ်ပေးရင် ရပြီနော်။ဆန်၊ ပျားရည်၊…

    Published in Health & Beauty

    ပျားလေးတွေ ပန်းဝတ်ရည်တွေ စုပ်ယူ စုဆောင်းရာကနေ ရလာတဲ့ သဘာဝပျားရည်မှာ ကျန်းမာရေး ကောင်းကျိုး အများကြီးရှိတာ သင်သိပါသလား။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင် အစွမ်းတွေအပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီး ရောင်ရမ်းမှုလျော့ကျစေတယ်၊ ကိုယ်ခံအား တက်စေတယ်၊ သွေးအချိုဓာတ်ကို ထိန်းညှိပေးတယ်၊ အဆီကျစေတယ်၊ အစာအိမ် အူလမ်းကြောင်းကို ထောက်ပံ့ပေးလို့ အစာခြေဖျက်အား ကောင်းစေတယ်၊ ရင်ပူတာ သက်သာစေတယ် စတဲ့ ဂုဏ်အင်တွေကြောင့် ခန္ဓာကိုယ်တွင်း ဖြစ်ပျက်ခံစားရတဲ့ ရောဂါဝေဒနာတွေကို သက်သာ ပျောက်ကင်းစေနိုင်တယ်လေ။ ဒါပေမယ့် ပျားရည်နဲ့အတူ တွဲစပ်ပေးလေးတဲ့ အရာလေးတွေတော့ ရှိတာပေါ့။ ကဲ လေ့လာကြည့်ကြမယ်။ပျားရည်နဲ့ သံပရာဒီနှစ်မျိုးကို ရောပြီး စားသုံးပေးရင် အစာခြေအားကောင်းစေပြီး ဝိတ်ကျစေပါတယ်။ အဆိပ်အတောက်တွေကိုလည်း ပြေစေပါသတဲ့။…

    Published in Health & Beauty

    တကယ်လို့ နို့နဲ့ နို့ထွက်ပစ္စည်းကြောင့် ဝက်ခြံတွေ ပိုဆိုးလာတယ်လို့ ထင်ရင်တော့ အရေပြားအထူးကုနဲ့ သေချာတိုင်ပင်ကြည့်ပါ။ ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီကို နို့ကရနေပြီးတော့ Diet လုပ်တဲ့သူတွေကလည်း နွားနို့သောက်သုံးမှုရှိနေတဲ့ အတွက်ကြောင့် ဒီဝက်ခြံကိစ္စနဲ့ ပတ်သက်လာရင်တော့ အရေပြားအထူးကုနဲ့ တိုင်ပင်ပြီး သင့်တော်ရာကို အဆင်ပြေအောင် ဖြေရှင်းတာ အကောင်းဆုံးပါပဲတဲ့။                                                     နေလင်းRead More About Health & Beauty Articles Here

    Published in Health & Beauty

    ကော်ဖီချစ်သူတွေအနေနဲ့ ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်တတ်ဖို့တော့ လိုပါတယ်။ ဒီတော့ ကျန်းမာရေးအတွက် အကူအညီဖြစ်အောင် ကော်ဖီကို ဘယ်လိုသောက်မလဲဆိုတာကို လေ့လာကြည့်ကြရအောင်။ သဘာဝအော်ဂဲနစ်နည်းနဲ့ စိုက်ပျိုးထားတဲ့ ကော်ဖီကို ရွေးချယ်ပါ။ကော်ဖီအနံ့နဲ့ အရသာမှုန့်တွေ ထည့်ထားတဲ့ ကော်ဖီမစ်ထုပ်တွေထက် သဘာဝနည်းနဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ ကော်ဖီမှုန့်စစ်စစ်က ကျန်းမာရေးအတွက် ပိုကောင်းစေတယ်နော်။ ဒေသထွက် ကော်ဖီမှုန့်စစ်စစ်ကို ဆိုင်ကြီးတွေမှာ ဝယ်ယူနိုင်ပါတယ်။သကြားမထည့်ဘဲ ဖျော်သောက်ပါ။သကြားမပါတဲ့ ကော်ဖီပူပူခါးခါးလေး တစ်ခွက်က ကျန်းမာရေးနဲ့ ပိုသင့်တော်ပါတယ်။ ကော်ဖီအရမ်းခါးလို့ မသောက်နိုင်သူတွေအနေနဲ့ Creamer လိုမျိုး အဆီထုတ်ထားတဲ့ နို့နဲ့ ရောစပ်သောက်လို့ ရတယ်လေ။ သကြားထည့်သောက်တာထက် ပိုအန္တရာယ်ကင်းသလို ခါးဆိမ့်ဆိမ့်နဲ့ စိတ်ကို ကြည်လင်လန်းဆန်းစေမယ့် ကော်ဖီအရသာကို တကယ်ပေးနိုင်ပါတယ်နော်။ကော်ဖီစေ့ဝယ်ပြီး အိမ်မှာ ကြိတ်စက်နဲ့…

    Published in Health & Beauty

    အစာလျှော့စားတဲ့ တစ်ချိန်တည်းမှာ လေ့ကျင့်ခန်းတွေ တိုးတိုးလုပ်တာသင်စားတာထက် ကယ်လိုရီတွေ ပိုလောင်ကျွမ်းတဲ့အခါ ဝိတ်ကျတာမှန်ပေမယ့် အစားကိုလည်း သိသိသာသာလျှော့၊ လေ့ကျင့်ခန်းကိုလည်း အပြင်းအထန်လုပ်တဲ့အခါ မမျှော်လင့်ထားတဲ့ ဆိုးကျိုးတွေ ရလာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာစေတဲ့ အဆီ၊ အသားဓာတ်နဲ့ ကစီဓာတ်တွေကို အညီအမျှ သင့်တော်ရုံစားပေးသလို ဒါတွေ လောင်ကျွမ်းသွားဖို့ လေ့ကျင့်ခန်းလေး သင့်ရုံလုပ်ပေးနော်။ နောက်နှစ်ပတ်လောက်ကြာမှ နေသားကျတဲ့အခါ လေ့ကျင့်ခန်းကို ပိုတိုးလုပ်ပေါ့။နှလုံးခုန်မြန်တဲ့ Cardio လေ့ကျင့်ခန်းတစ်ခုသာ လုပ်တာကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး အဆီပြင်တွေကို ဖျောက်ပေးနိုင်တဲ့ Cardio လေ့ကျင့်ခန်းတွေက ဝိတ်ချတဲ့နေရာမှာ အရေးပါတယ်ဆိုပေမယ့် ဒီလေ့ကျင့်ခန်းတစ်မျိုးတည်းကို လုပ်နေရင်လည်း ခန္ဓာကိုယ်ကျစ်လျစ်လှပဖို့ မဖြစ်နိုင်ဘူးနော်။ ဒါကြောင့် Cardio လေ့ကျင့်ခန်းအပြင် ကြွက်သားတွေ သန်မာစေတဲ့ လေ့ကျင့်ခန်းလေးတွေပါ အတူလုပ်ပါ။လေ့ကျင့်ခန်းလုပ်ပြီး…

    Published in Health & Beauty

    ကျောပြင်နဲ့ခါးမှာ ရှိနေတဲ့အဆီတွေကြောင့် သင့်ကိုယ့်သင် မလုံမလဲဖြစ်နေသလား။ ဒါက သင့်တစ်ယောက်တည်းမှာ ဖြစ်နေတာမဟုတ်ပါဘူး။ အမြဲတမ်း မှန်ရှေ့မှာပဲ မြင်နေရတဲ့  ကြွက်သားတွေကိုပဲ အာရုံထားမိပြီး ကျောပြင်ကအဆီတွေကို လုံးဝကို မေ့နေတတ်ကြတာ ဓမ္မတာပဲမို့ပါ။ ဘာပဲပြောပြော ဗိုက်သားလေးတွေ ချပ်ရပ်နေသလို ကျောပြင်လေးတွေကိုလည်း gym မှာ နည်းနည်းတော့ အလုပ်ပေးရပါလိမ့်မယ်။ ဒီတော့ ကျောပြင်ကလေး ကျစ်လျစ်နေဖို့အတွက် စိတ်လှုပ်ရှားစရာ ကြွက်သားတွေရဖို့ အမိုက်စား လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးထားပါတယ်။ ကျောပြင်နဲ့ခါး အဆီကျဖို့ ဆော့တဲ့အခါ သင့်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးတင်မကပါဘူး၊ သင့်ရဲ့ ခန္ဓာကိုယ် ကိုယ်နေကိုယ်ဟန် အနေအထားနဲ့ ခွန်အားကိုပါ သိသိသာသာ တိုးတက်စေလာနိုင်ပါတယ်။ မှန်ကန်တဲ့ အစားချင့်ချိန်စားသုံးမှုနဲ့ ကျောပြင် အဆီကျနိုင်တဲ့ လေ့ကျင့်ခန်းမျိုးတွေဟာ…

    Published in Health & Beauty

    အချိန်နဲ့ စားပါ ဘယ်အချိန် ဘာစားမယ်ဆိုပြီး သတ်မှတ်ထားတော့ အဆင်ပြေတာ ပေါ့။ အပြောသာ လွယ်တာပါ၊ အချိန်အတိုင်း အတိအကျ မလုပ်ဖြစ်သ၍ တော့ အလုပ်မဖြစ်နိုင်ပါဘူး။ အချိန်အတိုင်း အတိအကျ လုပ်နိုင်ရင်တော့ ဆာလာရင် စားဖို့အတွက် ကြိုပြင်ဆင်ထားလို့ရမယ်လေ။ ပေါ့ပေါ့ပါးပါးကပဲ စတင်ပါ တချို့က ကိုယ်အလေးချိန် မြန်မြန်ချချင်တော့ ပြင်းထန်တဲ့ Diet Plan တွေနဲ့ အသည်းအသန်လုပ်ကြတယ်။ တကယ်တမ်းမှာ ပေါ့ပေါ့ ပါးပါး Diet Plan လေးတွေနဲ့ ဖြည်းဖြည်းချင်း စတင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးလာတဲ့ အချိန်ကျမှ တဆင့်ချင်းတက်တာ အကောင်းဆုံးပါပဲ။ စိတ်အလိုလိုက်ပြီး မစားပါနဲ့ အရမ်းမှန်တယ်နော်။ ကိုယ် အရမ်းကြိုက်တာတွေ့ရင် တဝကြီး…

    Published in Health & Beauty

    လက်သည်းလေးတွေကို ရောင်စုံခြယ် ဆေးဆိုးပြီးတဲ့နောက် ဆေးပြန်ဖျက်တဲ့အခါ လက်သည်းတွေ ဝါညစ်နေခဲ့ရင် အလှအပ မြတ်နိုးသူ မိန်းကလေးတိုင်း စိတ်ညစ်ကြမယ် ထင်တယ်နော်။ ဒီလို ဝါညစ်နေတဲ့ လက်သည်းလေးတွေကို အမြန်ဖြူသွားစေမယ့် သဘာဝနည်းလေးတွေ ရှိပါတယ်။ လက်သည်းတွေ ဖြူစေဖို့၊ ကျိုးပဲ့လွယ်တဲ့ လက်သည်းလေးတွေကို ကာကွယ်ဖို့နဲ့ လက်သည်းတွေ ရောဂါကင်းစင်လှပဖို့ ပြုလုပ်ရမယ့် နည်းလမ်းလေးတွေကို MY YANGON က ပြောပြပေးလိုက်ပါတယ်။လက်သည်းလေးတွေ ဖြူစေဖို့လက်သည်းတွေကို ဖြူစေတဲ့ ပထမနည်းကတော့ ဟိုက်ဒရိုဂျင်ပါရ်အောက်ဆိုဒ် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ အရောင်ချွတ်နိုင်စွမ်းရှိတဲ့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းကို အနှစ်ရလာတဲ့အထိ မွှေပါ။ ပြီးရင် ၀ါဂွမ်းဖတ်လေးကို သုံးပြီး လက်သည်းလေးတွေရဲ့ အပေါ်ဘက်ရော အောက်ဘက်ကိုပါ သုတ်လိမ်းပေးပါ။…

    Page 1 of 3