Published in Best of Yangon...

1st Celebrity Product % Fair ကိုတော့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမှာ ရှိတဲ့ Myanmar Convention Centre (MCC) မှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် မြန်မာနိုင်ငံရဲ့ နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ သက်မွန်မြင့်၊ အိမ့်ချစ်၊ မေခလာ၊ မေမြတ်နိုး၊ ကိုပေါက်၊ ခင်ရူပ၊ acid၊ ထိန်ဝင်း၊ နိုင်းဝမ်း အစရှိတဲ့ အနုပညာရှင်တွေရဲ့ ထုတ်ကုန်တွေနဲ့ အလှကုန်ပစ္စည်းတွေ၊ အ၀တ်အထည်တွေ၊ ကလေးအသုံးဆောင်ပစ္စည်းတွေ၊ အီလတ်ထရောနစ်ပစ္စည်းတွေ၊ ကားနဲ့ ကားအပိုပစ္စည်းတွေကိုလည်း လျှော့ဈေးတွေနဲ့ ခင်းကျင်းရောင်းချထားပါတယ်။ ဒါ့အပြင် အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေ၊ Dancer တွေရဲ့ ကပြဖျော်ဖြေမှုတွေ၊ မျက်လှည့်တွေကိုလည်း အချိန်အပိုင်းအခြားအလိုက် ဖျော်ဖြေမှုတွေကိုပါ…

Published in Best of Yangon...

Samsung Myanmar မှ Title Sponsor အဖြစ် ကူညီပံ့ပိုးထားသော Galaxy Star သီချင်းဆိုပြိုင်ပွဲမှ နောက်ဆုံး အဆင့်ပြိုင်ပွဲဝင် ၁၀ ဦးဟာ ကိုရီးယားနိုင်ငံမှာ တတ်ကျွမ်းတဲ့ နာမည်ကျော်ပညာရှင်တွေရဲ့ သုံးပတ်တာ လေ့ကျင့်သင်ကြားမှုတွေ ခံယူပြီး မြန်မာနိုင်ငံဆီ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် 6 ရက်နေ့ကလည်း Junction City ဈေးဝယ်စင်တာရဲ့ ပရိုမိုးရှင်းဧရိယာမှာ သူတို့ရဲ့ ပရိသတ်တွေနဲ့ တရင်းတနှီးတွေ့ဆုံ လက်မှတ်ရေးထိုးခဲ့ပြီး ပျော်စရာဂိမ်းအစီအစဉ်တွေကိုလည်း အတူတကွ ကစားခဲ့ကြပါတယ်။ “ဒီလို တမူထူးခြားတဲ့ World Star Searching တီဗီအစီအစဉ်ကို title စပွန်ဆာအဖြစ် ပံ့ပိုးပေးနေတဲ့ ကျွန်တော်တို့ Samsung…

Published in Best of Yangon...

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ အ၀င်း အ၀င်းနဲ့ အမျိုးသမီးကြီးငယ်တို့ရဲ့ ၀န်းရံခြင်းခံနေရတဲ့ မြန်မာနိုင်ငံဖွား ဂျပန်နိုင်ငံရဲ့ J-Pop အဆိုတော် မိုရီဆာကီဝင်းက မြန်မာပြည် ပရိသတ်တွေအတွက် One Men Show လုပ်ပေးမယ်လို့ ပြောလိုက်ပါတယ်။“မြန်မာပြည်အတွက် ကျွန်တော့်မှာ ရည်မှန်းချက် တစ်ခုရှိတယ်။ ကျွန်တော်တို့ Group နဲ့ One Men Show လုပ်ပေးချင်တယ်။ ဘယ်တော့လောက် လုပ်ဖို့ မှန်းထားလည်းဆိုရင် မနက်ဖြန်လုပ်လို့ ရရင် မနက်ဖြန် ချက်ချင်းလုပ်ချင်တာ။ မြန်လေကောင်းလေပါပဲ” လို့ မိုရီဆာကီဝင်း(ခေါ်) အ၀င်းက ပြောပါတယ်။ သူဟာ မြန်မာပြည်မှာ ၁၀ နှစ်သားအရွယ်ထိ အဖွားနဲ့ နေထိုင်ခဲ့ပြီးမှ ဂျပန်နိုင်ငံကို ပြောင်းရွှေ့သွားခဲ့တာပါ။ လက်ရှိမှာတော့ ဂျပန်နိုင်ငံမှာ Prizmax…

Published in Art

အနုပညာပျိုးခင်းကနေ အောင်မြင်လာတဲ့ ရွှေမှုံရတီကို သူမရဲ့ ရှေ့ဆက်သွားမယ့် အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး MY Yangon က တွေ့ဆုံမေးမြန်းထားပါတယ်။ ကြီးကြီးကျယ်ကျယ်ဇာတ်ကားမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်အကြောင်းလေးအရင်ဆုံးပြောပြပါဦး။သဲက အဲဒီကားမှာတော့ယောကျာ်းလျာ ပုံစံသရုပ်ဆောင်ရတယ်။ ကာရိုက်တာတော့ နည်းနည်းကွဲတယ်။ အရင်တုန်းကလည်း အဲလိုမျိုးလုပ်ဖူးပါတယ်။ ဒါပေမယ့် တောယောကျာ်းလျာတော့မလုပ်ဖူးသေးဘူး။ သဲက ဇာတ်ကို ရက် ၂၀ လောက်ကြို ပြီး ရထားတာဆိုတော့ အဲဒီကတည်းက ပြင်ဆင် ထားလိုက်တယ်။ ဆံပင်ပုံစံလေးကလည်း ကွဲထွက်သွားတယ်နော်။ဟုတ်တယ်။ ဇာတ်ညွှန်း စဖတ်ကတည်းက ယောကျာ်းလေး ဆံပင်ကေကို ညှပ်ဖြစ်ချင်တာ။ သဲအမေကတော့ရော ဒါရိုက်တာကပါ မညှပ်ပါနဲ့ ဆိုတော့လေ။ လိုတော့မလိုဘူးပေါ့လေ။ မိန်းကလေး ပြောင်းရင် ဒုက္ခရောက်မယ်ဆိုလို့ ဆံပင်လေးတွေ ကိုပြန်ပြောင်းဖြစ်တယ်။ ပုဆိုးလေးဝတ်ချင်တယ်လို့…

Published in Art

ဒီတစ်ပတ်မှာတော့ အဆိုတော်ဇွဲပြည့်ရဲ့ သူကြိုက်နှစ်သက်တဲ့ ဂိမ်းတွေနဲ့ ပတ်သက်ပြီး My Yangon မှ မေးမြန်းဖော်ပြပေးထားပါတယ်။ ဇွဲပြည့်အနေနဲ့ ဖုန်းထဲမှာ ဂိမ်းတွေကို ထည့်ထားလေ့ရှိလား၊ ဘယ်လိုဂိမ်းတွေကို ကြိုက်နှစ်သက်လေ့ ရှိလဲ။ရှိပါတယ်။ ကျွန်တော် နှစ်နှစ်ခြုက်ခြိုက်နဲ့ ဒီနေ့အထိ စွဲပြီး ဆော့တဲ့ဂိမ်းက ကျူထိုးတာနဲ့ Candy Crush ပေါ့။။ Candy Crush က အခု အခန်းတစ်ထောင်ကျော်ပြီ။ ကစားနေတာ ကြာပြီ။ ဘယ်လိုအချိန်တွေမှာ ကစားဖြစ်လဲ။ á€á€›á€Žá€¸á€žá€źá€Źá€¸á€œá€Żá€­á‚” လေယာဉ်ပေါ် ရောက်တဲ့အချိန်မျိုးတွေ၊ ပွဲဆိုကာနီး အချိန်မျိုးတွေ၊ စိတ်လှုပ်ရှားနေတဲ့ အချိန်မျိုးတွေ ကစားဖြစ်တယ်။ နောက် အလုပ်တစ်ခုနဲ့တစ်ခု အချိန်ဟနေတဲ့ အခါမျိုးတွေ ကစားဖြစ်တယ်။ ကစားတဲ့အချိန်မှာလည်း နားကြပ်နဲ့ သီချင်းကတော့ မပြတ်…

Published in Art

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာနိုင်တဲ့အပြင် ရုပ်ရှင်ကားကြီးတွေ သရုပ်ဆောင်တဲ့အခါမှာလည်း  နာမည်ရ ထားတဲ့ သရုပ်ဆောင် အေးမြတ်သူက လတ်တလော ရုံတင်ဇာတ်ကားဖြစ်တဲ့ 'ခေါက်ထီးလေး မလုံ့တလုံ' ရုပ်ရှင်ဇာတ်ကားမှာလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး ပရိသတ် အားပေးမှုကို ရရှိနေပါ တယ်။ အေးမြတ်သူကို လက်ရှိ အနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ သူမရဲ့ ပရဟိတ သဘောထားတွေကို MY Yangon ဂျာနယ်က သွားရောက် တွေ့ဆုံ မေးမြန်းထားပါတယ်။ 'ခေါက်ထီးလေး မလုံ့တလုံ' ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖြစ်တဲ့ ခံစားချက်လေး ပြောပါဦး။အရမ်းကို ပျော်ပါတယ်။ အရမ်းကို အခွင့်အရေးပေးတယ် လို့ ခံစားရတယ်။ ပထမဦးဆုံး သင်္ကေတ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဦးပွားကို ကျေးဇူးတင်တယ်။ အဲဒီ…

Published in Restaurants

ဒီတစ်ပတ်ရဲ့ Celebrity Choice ကဏ္ဍမှာတော့ သရုပ်ဆောင်မော်ဒယ် နွယ်ဒါလီထွန်းရဲ့ လတ်တလော အကြိုက်တွေ့နေတဲ့ ဆိုင်လေးတွေ အကြောင်းကို ဖော်ပြပေးထားပါတယ်။တိုင်းရင်းသား ရိုးရာစားသောက်ဆိုင်တိုင်းရင်းသား ရိုးရာစားသောက်ဆိုင်လေးက ဆိုင်နာမည်လေးအတိုင်းပဲ မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးက အစားအစာမျိုးစုံကို ရနိုင်ပါတယ်။ နွယ်ဒါလီထွန်းက " တိုင်းရင်းသား ရိုးရာဆိုင်လေးကိုက ရိုးရာအစားအသောက်တွေနဲ့ ဆန်ကောထမင်းကို ကြိုက်လို့ သွားစားဖြစ်တာပါ " လို့ ဆိုပါတယ်။ ဒီဆိုင်လေးက သန့်ရှင်းသပ်ရပ်ပြီး ဆိုင်ရဲ့ အပြင်အဆင်ကိုလည်း ခြင်းလုံးလေးတွေနဲ့ အလှဆင်ထားတာမျိုးတွေကြောင့် အပြင်အဆင်လေးကလည်း ထူးခြားပါတယ်။ ဒီဆိုင်မှာ ရိုးရာအစားအစာမျိုးစုံကို စုံလင်စွာ ရရှိနိုင်ပြီး ဟင်းပွဲတွေ ချက်ပြုတ်တဲ့အခါမှာလည်း အချိုမှုန့်နဲ့ အရောင်တင်မှုန့်တွေ မသုံးစွဲတဲ့အပြင် ဆီနည်းနည်းနဲ့ အရသာရှိအောင် ချက်ပြုတ်ပြင်ဆင်ထားတာမို့လို့ ကျန်းမာရေးနဲ့လည်း…

Published in Restaurants

ဒီတစ်ပတ်ရဲ့ Celebrity's Choice ကဏ္ဍမှာ မော်ဒယ် ခိုင်သဇင်ငုဝါက သူ့အကြိုက် လတ်တလောသွားဖြစ်နေတဲ့ Bar လေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။Eclipse BarEclipse bar က မြန်မာပလာဇာ ၄လွှာမှာ ရှိတာဖြစ်ပြီး အခုတလော လူငယ်တွေကြားမှာ နာမည်ကြီးနေတဲ့ bar လေးတစ်ခုပါ။ ခိုင်သဇင်ငုဝါကတော့ "ဒီ bar မှာတော့ beef salad ကို အရမ်းကြိုက်တယ်။ night out မယ်ဆိုလည်း fuse က တစ်နေရာတည်းမှာ ရှိတာဆိုတော့ အဆင်ပြေတယ်လေ။ နောက်ပိုင်းတော့ Eclipse bar ကို သွားဖြစ်ပါတယ်" လို့ ပြောပါတယ်။ Eclipse bar က လူငယ်တွေအကြိုက် လွတ်လွတ်လပ်လပ်…

Published in Restaurants

ဒီတစ်ပတ်ရဲ့ CELEBRITY'S CHOICE ကဏ္ဍမှာတော့ မော်ဒယ် ခင်ရူပက သူလတ်တလော သွားဖြစ်နေတဲ့ Bar လေးတွေအကြောင်းကို ပြောပြထားလိုက်ပါတယ်။ Harry's Bar" Harry's Bar ကတော့ သူငယ်ချင်းတွေစုံရင် သွားဖြစ်တယ်။ Nightout အတွက် Fuse ဆက်သွားချင်တဲ့ အခါမျိုးမှာ Harry's Bar ကို ရွေးချယ်ဖြစ်တယ်" လို့ မော်ဒယ်လ် ခင်ရူပက ပြောပါတယ်။ Harry's Bar က စင်ကာပူနိုင်ငံရဲ့ နာမည်ကြီး Bar တစ်ခုဖြစ်ပြီး ရန်ကုန်မှာတော့ မြန်မာပလာဇာမှာ ပထမဆုံး ဖွင့်လှစ်ထားတာပါ။ Harry's Bar ရဲ့ အဓိက နာမည်ကြီး တာကတော့ HPL (Harry's…

Published in Health & Beauty

သရုပ်ဆောင်ဆုပန်ထွာက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ခွဲစိတ်ပြုပြင်ခဲ့တဲ့ နှာတံကို ယခုအခါမှာ နောက်ထပ် တစ်ကြိမ် ခွဲစိတ်ပြုပြင်ဖို့အတွက် Korea နိုင်ငံ၊ Seoul မြို့မှာရှိတဲ့ JW Plastic Surgery Medical Center ကို မေ ၁၆ ရက်နေ့က သွားရောက်ခဲ့ပြီး နှာတံအပြင် လည်ပင်းအောက်က အဆီပိုတွေကိုပါ ခွဲထုတ်ခဲ့တယ်လို့ သိရပါတယ်။ "အဓိကက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပန်ပန် ပြင်ထားပြီးတဲ့ နှာခေါင်းလေးကို follow up လုပ်ဖို့အတွက်ပါ။ ပန်ပန်တို့ အလှအပရေးရာအတွက် ပြင်ချင်တာမှန်သမျှ အဓိက ပံ့ပိုးပေးတဲ့ Grand Esta Myanmar Beauty Center ကို အထူးကျေးဇူးတင်ပါတယ်"…

Page 1 of 7