Gal Gadot လို့ပြောလိုက်တာနဲ့ အရပ်ရှည်ရှည် ကိုယ်လုံးလှလှနဲ့ အနောက်တိုင်းသိပ်မဆန်ဘဲ ဆွဲဆောင်မှုကောင်းတဲ့သူလေးကို ပြေးမြင်မိမှာပါ။ အနောက်တိုင်း သိပ်မဆန်လည်း တကယ်တော့ သူက အစ္စရေး နိုင်ငံသူလေးပါ။ ၁၉၈၅ မှာ မွေးခဲ့တဲ့ Gal Gadot ဟာ ၂၀ဝ၄ ခုနှစ် သူ့အသက် ၁၈ နှစ်မှာ Miss Israel အဖြစ်နဲ့ မယ်စကြဝဠာ ပြိုင်ပွဲဝင်ခဲ့သူ ဖြစ်ပြီး အဲဒီနောက်မှာ နိုင်ငံဥပဒေအရ ၂ နှစ် စစ်မှုထမ်းခဲ့ပါတယ်။ အဲဒီလို စစ်တပ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကြောင့်ပဲ သူ့ကို Fast & Furious ပထမဆုံးဇာတ်ကားမှာ သရုပ်ဆောင်တစ်ယောက်အဖြစ် အရွေးခံခဲ့ရတာ ထင်ပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။…

    သရုပ်ဆောင်တစ်ယောက် အနေနဲ့ ဇာတ်ရုပ်ကနေ ပီပြင်အောင် သရုပ်ဆောင်ရတယ်ဆိုပေမယ့် အရူးတစ်ယောက်လို၊ တိရစ္ဆာန်တစ်ကောင်လိုမျိုး၊ မှင်စာတစ်ကောင်လိုမျိုး ဇာတ်ရုပ်တွေကို တကယ့်ပြင်ပလောက အတိုင်း သရုပ်ဆောင်ဖို့ဆိုတာကတော့ အတော်ရူးသွပ်မှ ဖြစ်မှာပါ။ ဒီနေ့ခေတ် နည်းပညာတိုးတက်နေတဲ့ ရုပ်ရှင်လောကမှာ Visual Effects နဲ့ ပတ်သက်ပြီး အကောင်းဆုံးလို့ ပြောစမှတ်ပြုခဲ့ရတဲ့ The Lord of the Rings (Trilogy) မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ဆက်တွဲထွက်ခဲ့တဲ့ The Hobbit: An Unexpected Journey မှာပါ မှင်စာဖြစ်တဲ့ Gollum ကို သိကြမှာပါ။ အဲဒီနေရာမှာ သရုပ်ဆောင်ခဲ့သူကတော့ မင်းသားကြီး Andy Serkis ပဲ ဖြစ်ပါတယ်။ အခုလည်း…

    Charlize Theron ဆိုတာ Hollywood မှာ အလှတစ်ပါး စာရင်းဝင်တဲ့ မင်းသမီးပါ။ အရပ်မြင့်မြင့်နဲ့ မော်ဒယ်တစ်ယောက်လို ကိုယ်ခန္ဓာပိုင်ဆိုင်ထားပြီး အချောအလှတစ်ယောက် ဖြစ်ပါတယ်။ သူများမထင်ထားတဲ့ ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ပြီး အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ မှတ်တိုင် တစ်ခုဖြစ်ပြီး အော်စကာရော၊ ရွှေကမ္ဘာလုံး ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ Monster ဇာတ်ကားမှာဆိုရင်လည်း အသက်ကြီးကြီး ပုံပျက်ပန်းပျက် မိန်းမကြမ်းကြီးတစ်ယောက် အနေနဲ့ သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mad Max: Fury Road မှာဆိုရင်လည်း လက်တစ်ဖက်ပြတ် ကတုံးနဲ့ မိန်းမကြမ်းတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဝင်ငွေစံချိန်ချိုးခဲ့တဲ့ Snow White…

    ၁၉၉၅ ဝန်းကျင်က Hollywood မှာ မင်းသားချော Antonio Banderas ပါဝင်သရုပ်ဆောင်ထားတဲ့ Desperado ရုပ်ရှင်ကားက တော်တော်အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီကားက ကြည့်နေကျ သေနတ်ပစ်ကားတွေနဲ့ မတူဘဲ ဂီတာတီးပြီး သေနတ်ပစ်ခန်းတွေနဲ့ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။ အဲဒီရုပ်ရှင်မှာ ပါဝင်တဲ့ မင်းသမီးချော Salma Hayek ဟာ သူ့အတွက် ပထမဆုံး Hollywood ရုပ်ရှင်ဖြစ်ပေမယ့် ချက်ချင်းကို ပရိသတ်သတိထားမိပြီး အောင်မြင်လာခဲ့သူပါ။ တွေ့နေကျ Hollywood မင်းသမီးတွေနဲ့ မတူဘဲ ဆံပင်အနက် အသားညိုညိုနဲ့ အရပ်ပုပု ဒီမင်းသမီးဟာ Mexico နွယ်ဖွားဖြစ်ပြီး သူကိုယ်တိုင်က လက်ဘနွန်သွေးတဝက် စပိန်သွေးတဝက်ပါ ပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။ ဒါကြောင့်လည်း အာရပ်သွေးနဲ့…

    Tennis လောကမှာ အချောအလှအမျိုးသမီး ကစားသမားတွေ ပေါ်ထွက်လာခဲ့ဖူးတဲ့ အထဲကမှ ချောလှသလောက် အောင်မြင်မှုပါ ကြီးခဲ့တဲ့သူကတော့ လက်ရှိ US မှာလည်း လက်စွမ်းပြနေတဲ့ Russia Tennis မယ် Maria Sharapova ပဲ ဖြစ်ပါတယ်။ တချို့ အမျိုးသမီးကစားသမားတွေဟာ ကွင်းထဲက လက်စွမ်းထက် ကွင်းပြင်က အလှအပတွေကြောင့် ၀င်ငွေကောင်း နာမည်ကြီးခဲ့ပေမယ့် Sharapova ကတော့ ၆ ပေ ၂ လက်မရှိတဲ့ အရပ်အမောင်းနဲ့ ကွင်းထဲမှာရော ကွင်းပြင်မှာပါ စိုးမိုးနိုင်ခဲ့သူပါ။ ကမ္ဘာ့နံပတ် ၁ နေရာကို နှစ်ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ ၁၀ ဦးတည်းသာရှိခဲ့တဲ့ Grand Slam ဆုကြီး ၄…

    ဒီနေ့အချိန်မှာ ၀ိတ်ချဖို့ ၀ိတ်လျော့ဖို့ဆိုပြီး အပင်ပန်းခံ၊ အားကစားလုပ်၊ အစားအသောက်ဆင်းရဲခံပြီး ၄၊ ၅ ပေါင်လောက်ကျဖို့ အသည်းအသန် ကြိုးစားနေသူတွေ မင်းသားကြီး Matthew McConaughey ဆီမှာ ၀ိတ်ချနည်းလေးများ မေးကြည့်ကြပါလို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ အော်စကာဆု ဆွတ်ခူးခဲ့တဲ့ Dallas Buyer Club (2013) ရုပ်ရှင်မှာ AIDS ဝေဒနာရှင်အဖြစ် သဏ္ဍန်လုပ် သရုပ်တူအောင်လို့ ၄၇ ပေါင်အထိ ၀ိတ်ချပြီး သရုပ်ဆောင်ခဲ့တာဖြစ်လို့ပါ။ ဒါကြောင့်လည်း အဲဒီကားနဲ့တင် Oscar Award ရော Golden Globe Award အပြင် အခြားထူးချွန်ဆုပေါင်းများစွာကို သိမ်းပိုက်အောင်မြင်ခဲ့ပါတယ်။၁၉၆၉ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်လို့ ဒီနေ့…

    ဒီတစ်ပတ်ရဲ့ Celebrity's Choice ကဏ္ဍမှာတော့ မော်ဒယ် အမရာငြိမ်းရဲ့ လတ်တလော သွားဖြစ်နေတဲ့ Bar လေးတွေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ “ညီမ အခုတလော သွားဖြစ်နေတာကတော့ Harry's Bar နဲ့ Sport Bar ပါ။ နှစ်ဆိုင်စလုံးက အစားအသောက်တွေကို ကြိုက်လို့ပါ။ Bar တချို့က အစားအသောက်ကို သိပ် Focus မထားဘူး လားလို့။ နောက်ပြီး သူတို့က နည်းနည်းလည်း Freedom Taste ရသလိုပဲလေ”  လို့ အမရာငြိမ်းက ပြောပါတယ်။ အမရာငြိမ်း နောက်ထပ်ရွေးချယ်ထားတဲ့ Bar တစ်ခုကတော့ Escape Bar ပါပဲ။ “Escape Bar ကိုလည်း…

    1) Meryl Streep နဲ့ Don Gummerရည်းစားသေပြီး စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နေတဲ့ မင်းသမီးကြီး Meryl Streep ကို အနီးကပ် ဖေးမအားပေး ခဲ့သူကတော့ ပန်းပုဆရာလေး Don Gummer ပါ။ အဲ့ဒီနောက် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်သက်ဝင်ပြီး လက်ထပ်ခဲ့လိုက်တာ ဒီနေ့ အချိန်မှာတော့ အိမ်ထောင်သက် ၃၉ နှစ်ရှိနေပါပြီ။ အကွဲအပြဲများလှတဲ့ သူတို့လောကရဲ့ အိမ်ထောင်ရေးနယ်ပယ်မှာ ဒီလိုအောင်မြင်တဲ့ အိမ်ထောင်ရေးရဲ့လျှို့ဝှက်ချက်က တစ်ဦးကို တစ်ဦး နားထောင်ပေးပြီး ပြသနာတိုင်းကို တူတူတိုင်ပင်ဆွေးနွေးဖို့ပါပဲလို့ မင်းသမီးကြီးက ဆိုပါတယ်။2) Barack နဲ့ Michelle Obamaအောင်မြင်တဲ့ ယောကျာ်းတိုင်းရဲ့နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမရှိတယ်ဆိုတဲ့ စကားအတွက်…

    Hollywood မှာ ကြေးအကြီးဆုံးရခဲ့တဲ့ထဲ အထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်လိုက်ရင် သိသိသာသာ နည်းပါးပါတယ်။ အဲ့ဒီထဲမှာမှ လူမည်းအမျိုးသမီးဆိုတာ လက်တစ်ဆုပ်စာတောင် မရှိကြပါဘူး။ အဲ့ဒီထဲမှာ အော်စကာဆုရှင် မော်ဒယ်လည်းဖြစ်ခဲ့သလို ကမ္ဘာကျော် အလှကုန် Revlon ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်တဲ့ မင်းသမီးချော Halle Berry ကတော့ ထူးထူးခြားခြားတစ်ယောက်ပါ။ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲ ၀င်ရောက်လာခဲ့ပြီး Miss USA (1986) မှာ First Runner-up ရခဲ့ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင် လောကထဲ ၀င်ရောက်လာခဲ့ပြီး Boomerang (1992) ရုပ်ရှင်မှာ Eddie Murphy နဲ့ တွဲဖက် သရုပ်ဆောင်ပြီး အောင်မြင်မှု…

    ‘၀ဲ’ ဆိုတဲ့ သီချင်းလေးနဲ့ အွန်လိုင်းမှာ လူသိများလာပြီး ထူးခြားတဲ့ အသံလေးကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာတဲ့ အဆိုတော် Mary နဲ့  တွေ့ဆုံမေးမြန်းပေးထားပါတယ်။ အခုလက်ရှိမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။အခုကတော့ Moonsoon Madness Festival  ရှိုးပွဲမှာ ဆိုဖို့ ရှိပါတယ်။ Accident ဆိုတဲ့ Big Bag နဲ့ သီချင်းလေး ထွက်ဖို့ ရှိပါတယ်။ ကိုဟန်ထွန်းလွင်နဲ့ သီချင်းလေးလုပ်ထားတယ်ဆိုတော့ ဘယ်လို သူနဲ့အတူ ချိတ်ဆက်လုပ်ဖြစ်ခဲ့တာလဲ။သီချင်းလေးကတော့ တစ်ပုဒ်တည်းပါပဲ Accident ဆိုတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ သူကလည်း အခု သီချင်းသစ်ပုံစံလေးဆိုတော့ Mary ကို Featuring ခေါ်ဆိုတယ်။ Mary လည်း ကိုယ်တကယ်…

    Page 1 of 2