Published in Features

လူမှုဗေဒက ဦးဆောင်ဆရာကြီး အယ်မီရယ်ဒါခိုင်းက marriage ကို လူနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့ အားသာချက်တွေနဲ့ အပြန်အလှန်မှီခိုကြတာနဲ့ ဥပမာပေးတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်နေရမယ့် အိမ်ထောင်မှာ တစ်ယောက်က တစ်ယောက်ကို လွှမ်းမိုးအုပ်ချုပ်တာ မညီမျှတာတွေလည်း ဖြစ်နိုင်တယ်လို့ဆိုတယ်။ ဂျန်ဒါကိုတော့ သူထည့်မပြောခဲ့ပါဘူး။ အိမ်ထောင်မှုပြုကြတဲ့နေရာမှာ  လူ့စိတ်ဟာ တစ်ယောက်တည်း မနေနိုင်တာ၊ ဒီလူနဲ့ မခွဲနိုင်လို့ ဘာဖြစ်ဖြစ် ရင်ဆိုင်မယ် ဆုံးဖြတ်တာ၊ စီးပွားရေးအရ မှီခိုဖို့၊ အသက်ကြီးရင် မှီခိုရအောင်၊ ကလေးတွေ တူတူမွေးဖို့၊ လိင်ကိစ္စ၊ ဘဝကို တူတူရင်ဆိုင်ဖို့ ဒါတွေအပြင် အိမ်က ပေးစားလို့၊ ကိုယ်ဝန်ရှိသွားလို့၊ အများအမြင် တင့်တယ်အောင်လို့ စသဖြင့်ပေါ့လေ အကြောင်းတွေ အမျိုးမျိုးရှိပါလိမ့်မယ်။ကိုယ့်ကိုယ်ကို  ထည့်စဉ်းစားရဲ့လားဒီအကြောင်းတွေထဲမှာ…

Published in Health & Beauty

မိန်းကလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်က ကိုယ့်ရဲ့မင်္ဂလာပွဲလေးမှာ အလှဆုံး သတို့သမီးလေး ဖြစ်ချင်ကြတာပါ။ ချစ်ရသူနဲ့ နှစ်ကိုယ်တူ ရွှေလက်တွဲ အစပြုမယ့် မင်္ဂလာရက်မြတ် လက်ထပ်ပွဲလေးအတွက် ရက်ကောင်းရက်မြတ်ရွေးတာ၊ မင်္ဂလာဖိတ်စာနဲ့ ဖိတ်ရမယ့်သူတွေ၊ ပွဲအပြင်အဆင်တွေကို မင်္ဂလာရက်မြတ် မတိုင်မီ လပေါင်းများစွာ ကြိုစီစဉ်ကြသလို မင်္ဂလာဝတ်စုံနဲ့ ဝတ်ဆင်မယ့် အဆင်တန်ဆာတွေ အတွက်လည်း မလစ်ဟင်းအောင် ကြိုစီစဉ်တတ်ကြပေမဲ့ သတို့သမီးတိုင်းလိုလို အရေးကြီးဆုံး အရာတစ်ခုကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ အဲဒါကတော့ မင်္ဂလာရက်မြတ်မတိုင်မီ ကိုယ့်အသားအရေကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြတာပါ။ မင်္ဂလာနေ့ကျမှ ပွဲမတိုင်ခင် ဖြစ်ခဲ့တဲ့ ဖိစီးမှုတွေ၊  အလုပ်ပိမှုတွေရဲ့ အကျိုးဆက်နဲ့ အသားအရေပြဿနာ မကြုံရအောင် သတို့သမီးလေးတွေအနေနဲ့ မင်္ဂလာပွဲမတိုင်မီ မလုပ်မဖြစ် ဂရုတစိုက် လိုက်နာလုပ်ဆောင်ရမယ့် အလှအပရေးရာ နည်းအဖြာဖြာလေးတွေ…

Published in Daily Life

ပြဿနာကြီးကြီးတွေ သယ်ဆောင်လာတတ်တဲ့ ရူးကြောင်မူးကြောင် ချစ်သူမျိုးကို ပိုင်ဆိုင်ဖူးတဲ့ အမျိုးသားတစ်ယောက်နဲ့ ပတ်သက်မိတဲ့အခါ တစ်ခါတလေ ဒီလို အဖြစ်မျိုးတွေက ကြုံလာရတတ်မှာပါပဲ။ ကိုယ်နဲ့သူရဲ့ လက်ရှိ ချစ်သူဘဝအထဲထိ ဝင်စွက်ဖက် ရန်လိုနေတာမျိုးတွေလေ။ ဒါမျိုး ကြုံလာရတဲ့အခါ ..၁ - ချစ်သူဘေး မြဲမြဲ ရပ်ပါသင်က ဘာအမှားမှ ပြုလုပ်ထားသူ မဟုတ်ဘူးလေ။ ဒါနဲ့များတောင် အရင်ရည်းစား လာနှောင့်ယှက်လို့ ဘေးဖယ်၊ စိတ်ပျက်၊ အားလျော့နေဖို့ မဟုတ်ဘူးလေ။ ကိုယ့်လူနားမှာ အသေအချာရပ်ပြီး ဒီနှောင့်ယှက်မှုတွေကို ရင်ဆိုင်ပေးရပါမယ်။၂ - လျစ်လျူရှုပါတကယ်တမ်း  သူလိုချင်နေတာက ရှင်တို့ရဲ့အာရုံက သူ့ဆီရောက်နေဖို့ပဲလေ။ ဒါကို ရှင်တို့က သတိမထားမိဘဲ သူလုပ်သမျှ စိတ်ညစ်ရတဲ့ပုံ ဖမ်းပြနေရင် သူ့ရည်ရွယ်ချက်အောင်မြင်သွားမှာမို့ ဆက်လုပ်နေဦးမှာပေါ့။…

Published in Daily Life

အချစ်ကို ရူးရူးမူးမူးချစ်တတ်သူဆိုဦးတော့ တူနှစ်ကိုယ် စိတ်ကူးအိမ်မက်တွေကို ဘယ်လောက်စီစဉ်ထားထား သင့်ချစ်သူနဲ့ ကာလ ကြာရှည် ဆန့်ကျင်ဘက် မျဉ်းပြိုင်တွေ ဖြစ်နေပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အပြစ်မြင် နာကျင်မှုတွေ ခံစားလာရနိုင်ပါတယ်။ ဒီလိုခံစားမှုတွေနဲ့ ဆက်ဆံရေးတစ်ခုကို မဖြတ်တောက်ဘဲ ရှေ့ဆက်မယ်ဆိုရင် နှစ်ဦးသား ရေရှည်မှာ ပျော်ရွှင်ပါ့မလား။ ဒီလို နာကျင်မှုတွေပြည့်နှက်နေတဲ့ ဆက်ဆံရေးကို အဆုံးသတ်ရတော့မယ့် အခြေအနေရောက်ပြီဆိုရင် ပြမယ့် အမှတ်လက္ခဏာတွေ ရှိပါတယ်။သင်ပိုင်ဆိုင်ထားတဲ့ဆက်ဆံရေးအပေါ် စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာမရှိတော့ဘဲ တာဝန်တစ်ခုလို ခံစားနေရပြီ ဆိုရင်... သူနဲ့ နှစ်အကြာကြီး တွဲလာလို့ ကလေး၊ ငွေကြေးစတဲ့ တာဝန်တွေနဲ့ သူ့နားမှာပဲ နေပေးရမယ်ဆိုတဲ့ အတွေးသာရှိတော့ရင် သူနဲ့အတူရှိနေတာ ပျော်ရွှင်ပါ့မလားဆိုတာ ပြန်မေး၊ ပြန်ဖြေကြည့်ပါ။ အချစ်က…

Published in Daily Life

ပတ်ဝန်းကျင်က လူတွေဟာ ကိုယ့်ထက် ပိုပျော်နေရတယ်လို့ ထင်မိလား ။ Facebook မှာပဲ ဖြစ်ဖြစ် ကြည့်လိုက်ရင် သူများတွေဟာ ပျော်စရာတွေ အမှတ်တရတွေ ဧည့်ခံပွဲတွေနဲ့ ပျော်ရွှင်နေတာကိုပဲ တွေ့ရတော့ ကိုယ်တစ်ယောက်တည်းပဲ အပူတွေ များနေတာလား ၊ စိတ်ညစ်စရာတွေ စုပြုံနေရတာလား ဆိုပြီး ခံစားနေရပြီလား။ သူတို့တွေကတော့ ပျော်လို့ရွှင်လို့ သွားလာလည်ပတ်နေကြတာနဲ့ ကိုယ့်မှာတော့ အိမ်ပြန်တစ်ယောက်တည်း ပင်ပန်းနွမ်းနယ်နေရပါပြီလို့ ခံစားနေရပြီလား။ သေချာပြန်စဉ်းစားကြည့်လိုက်ပါ။ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းဆိုတာ အဓိကကတော့ ကိုယ်နဲ့ပဲ တိုက်ရိုက်သက်ဆိုင်တာပါ။ ကိုယ်တစ်ယောက်တည်းမှကွက်ပြီး ကံဆိုးလှချည်ရဲ့လို့ မထင်လိုက်ပါနဲ့။ ဒီလို အခြေအနေတွေကို ကိုယ်တိုင် ပြုပြင်ပြောင်းလဲလို့ ရပါတယ်။ ဒီတော့ ပျော်ရွှင်နေတတ်တဲ့ သူတွေရဲ့ အဓိက အချက်တွေကို…

Published in Daily Life

အဖော်မဲ့အထီးကျန်ခြင်းကို ဖယ်ထုတ်ပစ်ဖို့ လွယ်ကူမြန်ဆန်တဲ့ နည်းလမ်းတွေရှိပါတယ်။၁။ ဘယ်လောက်ကြီးပဲ အလုပ်တွေများနေပါစေ ကိုယ်ချစ်ရတဲ့တစ်ယောက်ယောက်ကိုများ စကားလေးတောင် မပြောမိဘဲနဲ့ နေ့တစ်နေ့ကို မကုန်ဆုံးလိုက်ပါနဲ့။ (လူမှုကွန်ရက်တွေမှာ ပြောဆိုနေတာတွေက ဘောင်မဝင်ပါဘူးနော်)၂။  သင် ဘယ်လိုအရာတွေကို လုပ်နေရတာ သဘောကျလဲ တွေးပါ။ အဖြေရပြီဆိုလျှင် အဲဒီအရာတွေကို အခြားသူတွေနဲ့ အတူတူလုပ်လို့ရမယ့် နည်းလမ်းရှာပါ။ စာအုပ်ဖတ်ရတာ သဘောကျရင် စာအုပ်နဲ့ပတ်သက်တဲ့ အဖွဲ့တွေဆီမှာ အဖွဲ့ဝင်ပါ။ ရေရှည်အတွက် စဉ်းစားတယ်ဆိုရင်တော့ သူငယ်ချင်း ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ဖြစ်ဖြစ် တစ်ယောက်ယောက်ကို သင်နဲ့အတူသွားဖို့ စည်းရုံးပါ။ နောက်ထပ် လုပ်စရာကတော့ နီးစပ်ရာ အပြေးကလပ်တွေဆီမှာ အဖွဲ့ဝင်ပါ။၃။ သင့်ရဲ့ဝတ်စားဆင်ယင်မှုဟာ သင့်ရဲ့အတွင်းစိတ်ကို လှစ်ပြနေတယ်လို့ ဆိုကြပါတယ်။ တကယ်လို့ ကွဲပြားစွာ ဆက်ဆံခံရချင်ရင်တော့ သူများနဲ့…

Published in Daily Life

ကိုယ့်ချစ်သူကို ကြင်နာမြတ်နိုးစွာ နမ်းရုံနဲ့ သင်ရရှိမယ့် အကျိုးတရားတွေက များတယ်ဆိုတာ သိပါရဲ့လား။ ချစ်ခြင်းမေတ္တာကို ဖော်ကျူးတဲ့ အနမ်းရဲ့ လက်ဆောင်လေးတွေကတော့ ဒီလိုပါတဲ့။အနမ်းက ကိုယ်ခံအား ပိုကောင်းစေတယ်များများနမ်းလေ ကိုယ်ခံအား များများကောင်းလေပါပဲ။ ကိုယ်တွင်းမှာရှိတဲ့ ဖျားနာစေတဲ့ ပိုးမွှားတွေကို တိုက်ထုတ်ပေးဖို့ အားအင်ပြည့်ဝစေတာ အနမ်းပါနော်။အနမ်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်လှပကျစ်လျစ်တဲ့ ဘော်ဒီအလှကို လိုချင်သူတွေအတွက် ကုထုံးသစ်နော်။ ချစ်သူကို အားရပါးရနမ်းလေ သင့်ကိုယ်ထဲက ကယ်လိုရီတွေ ပိုလောင်ကျွမ်းလေပါတဲ့။ တစ်မိနစ်နမ်းရင် ၆ ကယ်လိုရီ လောင်ကျွမ်းတယ်လို့ ဆိုလေတော့ ကယ်လိုရီအများကြီး လောင်ကျွမ်းချင်ရင်တော့ ကြာကြာသာ နမ်းတော့နော်။အနမ်းက မျက်နှာကြွက်သားတွေကို သန်မာတင်းရင်းစေတယ်အသက်ကြီးလာလို့ ပါးရေနားရေတွေ တွန့်လာမှာစိုးရင်တော့ ချစ်သူလေးကို အနမ်းတွေ မကြာမကြာပေးပါ။ အနမ်းခြွေတဲ့အခါ မျက်နှာပြင်က…

Published in Daily Life

ထောပတ်သီးပရိုတင်းဓာတ်ကို ချေဖျက်ပေးနိုင်တဲ့ ဖောလစ်အက်ဆစ်ပါဝင်တဲ့ ထောပတ်သီးမှာ ဟော်မုန်းတွေ ထုတ်ပေးရာမှာ လိုအပ်တဲ့ monounsaturated fat ကောင်းတဲ့အဆီတွေ ပါဝင်သလို ကျားဟော်မုန်းအားတိုးစေတဲ့ ဗီတာမင် B6 နဲ့ ပိုတက်ဆီယမ်တွေလည်း ပါပါတယ်တဲ့။ကမာကောင်ကမာသားမှာ လိင်စိတ်နိုးကြွစေတဲ့ ဒိုပါမင် ဟော်မုန်းကို များများထွက်စေသလို ကျားဟော်မုန်း တက်စတိုစတီရုန်းနဲ့ သုတ်လွှတ်အားကောင်းစေတဲ့ သွပ်ဓာတ်လည်း ပါဝင်ပါတယ်။ငှက်ပျောသီးလိင်စိတ်နိုးကြွစေတဲ့ ဘရိုမယ်လိန်အင်ဇိုင်း ပါဝင်သလို အားအင်ပြည့်ဝစေတဲ့ ပိုတက်ဆီယမ်နဲ့ ရိုင်ဗိုဖလက်ဘင်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်တဲ့။ငရုတ်ကောင်းမှုန့်သွေးလည်ပတ်မှုအားကောင်းစေတဲ့ ငရုတ်ကောင်းမှုန့်ကို ဟင်းလျာတွေထဲ ထည့်ချက်ပြီး ပူပူနွေးနွေး စားပေးရင် နှလုံးခုန်နှုန်းမြန်ပြီး ချွေးထွက်ကာ အိပ်ခန်းတွင်းပါတီမှာ အတက်ကြွဆုံးဖြစ်နေစေမှာပါ။ချောကလက်ချောကလက်စားပြီးရင် ချစ်စိတ်ပြင်းစေတဲ့ ဆီရိုတိုနင်နဲ့ ပျော်ရွှင်တက်ကြွစေတဲ့ အန်ဒိုဖင်ဟော်မုန်းတွေ ထွက်လာပါသတဲ့။ ဒါကြောင့် ချစ်စခန်း မဖွင့်ခင်…

Published in Daily Life

သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပါ။ စုံတွဲဖြစ်နေလို့ နေ့တိုင်း ကိုယ့်ချစ်သူနဲ့ပဲ ညပိုင်း တွေ့ရမယ်၊ ထမင်းစားထွက်ရမယ်လို့ မဆိုလိုပါဘူး။ တစ်ခါတလေ ကိုယ့်သူငယ်ချင်းတွေချည်းပဲ အပြင်သွားတာ၊ ခရီးသွားတာ၊ ရုပ်ရှင်ကြည့်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ဈေးဝယ်ထွက်ပါ။ တချို့မိန်းကလေးတွေက သူတို့လက်တွဲဖော် မပါရင်ကို ဈေးဝယ်မထွက်တတ်ကြတော့ပါဘူး။ ဈေးဝယ်ထွက်တယ်ဆိုတာက မိန်းကလေးတွေ သဘောကျတဲ့ အလုပ်ပါ။ ဒါကြောင့် မိန်းကလေးချည်း သီးသန့်သွားတာ ကောင်းပါတယ်။ အမျိုးသားဆိုရင်လည်း ကိုယ်ကြိုက်တဲ့ ပစ္စည်းကို ကိုယ်ကြိုက်တဲ့နေရာမှာ တစ်ယောက်တည်းဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ သွားဝယ်တာ ပျော်ဖို့ ကောင်းပါလိမ့်မယ်။ ငါးမျှားပါ။ ဒါကတော့ ယောကျာ်းလေးအများစု ကြိုက်ကြတဲ့ အပျင်းပြေနည်းလေးပါ။ အချိန်ကုန်လည်း မြန်သလို မိသားစုနဲ့ ဖြစ်စေ၊ သူငယ်ချင်းနဲ့ဖြစ်စေ ငါးသွားမျှားရင် တော်တော် ပျော်ဖို့ကောင်းတဲ့…

Published in Daily Life

လောကကြီးထဲ ကျင်လည်နေရတဲ့ ကျွန်မတို့တတွေမှာ worries ဆိုတဲ့ ပူပန်သောကတွေ ရှိစမြဲပါ။  ဒါပေမယ့် ပူပန်သောကရှိတာ အလွန်အကျွံဆိုရင်တော့ အောင်မြင်ဖို့အတွက် အဟန့်အတားဖြစ်လာပါပြီ။ ဒီတော့ သောကတွေ လျော့နည်းအောင် သောကတွေရဲ့ အဝေးမှာ ကျွန်မတို့ ဘယ်လို နေထိုင်ကြမလဲ။ ဘာလုပ်လုပ် အစီအစဉ်တကျ လုပ်ပါ။ စာမေးပွဲဖြေရမယ့် ကျောင်းသား၊ အလုပ်ခွင် အင်တာဗျူးဖြေမယ့်သူပဲ ဆိုပါတော့။ ကိုယ့် စာမေးပွဲအတွက် ကြိုတင် စီစဉ်လေ့လာထားတာ မရှိခဲ့ရင် ပူပန်သောကတွေနဲ့ ဖြေဆိုမယ့် စာမေးပွဲဟာ အောင်မြင်ဖို့ အလားအလာ နည်းသွားပါပြီ။ ကိုယ်လုပ်နိုင်သလောက်သာ အကောင်းဆုံး လုပ်ပါ။ တချို့တွေက ငါအားလုံး လုပ်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ ကိုယ်မနိုင်တဲ့အလုပ်တွေကိုပါ အာမခံလုပ်ရင်း ပူပန်သောကများတတ်ပါတယ်။ ဒီတော့ ကိုယ်လုပ်နိုင်သလောက်ကိုသာ…

Page 1 of 2