Friday, 22 June 2018 04:03

    Mobile Week 1

    Online Shopping တစ်ခုဖြစ်တဲ့ Shop.com.mm ကနေ တစ်နှစ်တာအတွင်း အကြီးမားဆုံး အွန်လိုင်းမိုဘိုင်းလ်ဖုန်း အရောင်းပွဲတော်ကြီး (Mobile Week) ကို ဇွန်လ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့ အထိကျင်းပ သွားမှာ ဖြစ်ပါတယ်။ Mobile Week မိုဘိုင်းလ် အထူး ဈေးရောင်းပွဲတော်မှာ Samsung, Huawei, Singtech, Xiaomi, Motorola, Honor စတဲ့ အကောင်းဆုံး အမှတ်တံဆိပ်ဖုန်းတွေကို အကောင်းဆုံး ဈေးနှုန်းတွေနဲ့ တစ်နေရာတည်းမှာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
        Mobile Week ကာလအတွင်း Shop.com.mm မှာ တယ်လီနောဒေတာ လက်ဆောင်ပါဝင်တဲ့ မိုဘိုင်းဖုန်းအများစုကိုလည်း ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ တယ်လီနော စတားဖြစ်ပါက Mobile Week မှာ ရရှိမယ့် အထူးလျှော့ဈေးတွေ သာမက စတားအခွင့်ရေးကိုလည်း အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Shop.com.mm ရဲ့ ဈေးဝယ်သူတွေ အနေနဲ့ ငွေပေးချေတဲ့နေရာမှာ မြန်မာနိုင်ငံရဲ့ AYA Bank, CB Bank, KBZ Bank နဲ့ MAB Bank မှ ထုတ်တဲ့ Visa Card တွေကို အသုံးပြုပါက ၅% အပိုလျှော့ဈေးကို ရရှိမှာ ဖြစ်ပါတယ်။
        “'မြန်မာပြည်သူတွေက မိုဘိုင်းလ်ဖုန်းတွေကို ကြိုက်နှစ်သက်ကြပြီး ကျွန်တော်တို့ရဲ့ ပလက်ဖောင်းမှာလဲ မိုဘိုင်းလ်ဖုန်း ရောင်းအားက တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် လာပါတယ်။ မနှစ်က ကျင်းပခဲ့တဲ့ မိုဘိုင်းလ်ဖုန်း အရောင်းပွဲတော်မှာလည်း အာင်မြင်မှုတွေ ရရှိခဲ့တာကြောင့် ကျွန်တော်တို့ဟာ  ဒီနှစ်အတွက် ပိုမို ကြီးမားကောင်းမွန်တဲ့ Mobile Week ကို စိတ်လှုပ်ရှားစွာနဲ့ တတိယအကြိမ်မြောက် ထပ်မံယူဆောင် လာခဲ့ပါပြီ။ ထိပ်တန်းဖုန်း အမှတ်တံဆိပ်များဖြစ်တဲ့ Samsung, Huawei, Singtech, Xiaomi, Motorola, Honor နဲ့ အခြားအမှတ်တံဆိပ် ဖုန်းတွေကို အထူးသီးသန့် လျှော့ဈေးတွေနဲ့ ရရှိနိုင်မှာဖြစ်ပြီး ဒီနှစ် Mobile Week က မနှစ်ကထက် ပိုမိုကြီးမားမယ်လို့ ယုံကြည်ပါတယ်။” လို့ Shop.com.mm ရဲ့ Co-Managing Director, Mr. Frans Maas က ပြောပါတယ်။
        Mobile Week ဈေးရောင်းပွဲတော်မှာ အမျိုးမျိုးသော ဖုန်းအမှတ်တံဆိပ်တွေထဲမှ မိမိတို့စိတ်ကြိုက် မိုဘိုင်းလ်ဖုန်းတွေကို အများဆုံး လျှော့ဈေး ၇၀% နဲ့ ၀ယ်ယူနိုင်ပြီး အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးပွဲတော် ကာလအတွင်း ဈေးဝယ်သူတွေအနေနဲ့ များပြားလှစွာသော ဖုန်းအပိုပစ္စည်းတွေ၊ Power Banks၊ Bluetooth speakers ၊ နားကြပ်တွေကိုလဲ အထူးလျှော့ဈေးတွေနဲ့ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Mobile Week ကာလအတွင်း ဈေးဝယ်သူတွေအတွက် အထူးအစီအစဉ်အနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်း အမြင့်ဆုံး လျှော့ဈေးတွေနဲ့ ပစ္စည်းအရေအတွက် ကန့်သတ်ရောင်းချပေးမယ့် Flash Sale အစီအစဉ်နဲ့ အထူးလျှော့ဈေး ကူပွန်အစီအစဉ်တွေကိုပါ ထည့်သွင်းစီစဉ် ပေးထားတယ်လို့ သိရပါတယ်။
        Mobile Week ကို ပါဝင်ဆင်နွှဲနိုင်ဖို့ဆိုရင်တော့ www.shop.com.mm မှာ ဇွန်လ ၂၇ ရက်နေ့ကစပြီး ၀င်ရောက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

    Read more about articles here


    Read 144 times Last modified on Friday, 22 June 2018 04:20
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.