Monday, 11 June 2018 08:15

        big bag n

       Big Bag  က ကျင်းပပြုလုပ်မယ့် A Road to Starry Night Unplugged Concert ကိုတော့ ပုံမှန် မြင်တွေ့နေကျ performance ပုံစံတွေကနေ တစ်မူကွဲထွက်အောင် ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။ A Road to Starry Night Unplugged Concert ဟာ Big Bag ရဲ့ ၁၈ နှစ်တာ ဖြတ်သန်းမှု သမိုင်းတစ်လျှောက်မှာ
    ပထမဦးဆုံး Unplugged သီးသန့်လုပ်ထားတဲ့ Concert ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။
           Big Bag ရဲ့ ပုံမှန် မြင်တွေ့နေကျ performance ပုံစံတွေကနေ မတူ တစ်မူကွဲ ထွက်ပြီး များစွာသော instruments တွေနဲ့ Featuring Artist တွေအပြင် players ပေါင်းများစွာ အားဖြည့်ထားတဲ့ Unplugged ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ ဇူလိုင်လ ၁ရက်နေ့ MEP (MinDhama) မှာ ညနေ၅နာရီကစပြီး ကျင်းပမှာ ဖြစ်ပါတယ်။ Indoor Theatre ပုံစံ Stage ဖြစ်ပြီး unplugged အရသာ အပြည့်အဝရအောင် လတ်မှတ် အစောင်ရေ ၁၀၀၀ သာရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။
           လက်မှတ် ဈေးနှုန်းတွေကတော့ VVIP - 50,000 MMK , VIP - 35,000 MMK , PGA - 20,000 MMK , GA - 10,000 MMK နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ လက်မှတ်တွေကိုတော့ Hot Line: 09 977009157 နဲ့ အွန်လိုင်းကနေ ဆိုရင်တော့ http://bit.ly/MyanpwelStarryNight ကနေ ၀ယ်ယူနိုင်ပါတယ်။

     

    Read more about shopping & entertainment article here


    Read 138 times
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.