Wednesday, 23 May 2018 05:15

    0522 meghan markle prince harry rex 9 copy
    တော်ဝင်မင်းသားဟယ်ရီနဲ့ ကြင်စဦးဇနီးဖြစ်သူ မက်ဂန်မာကယ်တို့ကတော့ တော်ဝင်မင်္ဂလာပွဲအပြီး ၃ ရက်အကြာ အင်္ဂါနေ့မှာ ပထမဆုံးအနေနဲ့ စုံတွဲခုတ်လာခဲ့ပါတယ်။
    ကြင်စဦးဇနီးမောင်နှံ ၂ ယောက်ကိုတော့ ဘက်ကင်ဟမ်နန်းတော်ဥယျာဉ်မှာကျင်းပပြုလုပ်တဲ့ မင်းသားကြီး ချားလ်စ်ရဲ့ အသက် ၇၀ နှစ်ပြည့်မွေးနေ့မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ မာကယ်ဟာ Goat အမည်ရှိဗြိတိန်အမှတ်တံဆိပ် အဖြူရောင်အင်္ကျီကိုဝတ်ဆင်ထားပြီး Philip Treacy အမှတ်တံဆိပ် ဦးထုပ်ကိုဆောင်းထားခဲ့ပါတယ်။

    GettyImages 961423454 1527016132424 11755268 ver1.0 1280 720
    သူမဟာ တော်ဝင်ထုံးတမ်းဓလေ့ကိုလိုက်နာတဲ့အနေနဲ့ သူမရဲ့ဝတ်စုံအောက်မှာ အမျိုးသမီးဝတ် ဇာအပါး အောက်ခံဘောင်းဘီရှည်ကို ၀တ်ဆင်ထားခဲ့ပြီး ဟယ်ရီကတော့ အနောက်တိုင်းဝတ်စုံအနက်ရောင်ကိုပဲဝတ်ဆင်ထားတာကို တွေ့ရပါတယ်။
    မင်းသားကြီးချားလ်စ်ရဲ့ မွေးနေ့ပွဲကိုတော့ ဝေလ မြို့စားကြီးနှင့် ပရဟိတအဖွဲ့မှလူပေါင်း ၆ ထောင်ကျော်တက်ရောက်ခဲ့ကြပါတယ်။ မင်းသားကြီး ချားလ်စ်ရဲ့ တကယ့်မွေးနေ့အမှန်ကတော့ နိုဝင်ဘာ ၁၄ ရက်နေ့မှ ကျရောက်မှာဖြစ်ပြီး ယခုပြုလုပ်တဲ့ပွဲကတော့ မင်းသားကြီးချားလ်စ်ရဲ့အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးတဲ့ အခမ်းအနားသာဖြစ်ပါတယ်။

    PRINCE HARRY MEGHAN 70th birthday billboard 1548
    “ အဖေက ကျွန်တော်နဲ့ ၀ီလီယမ် ကိုအောင်မြင်မှုရလာအောင် အဓိကလှုံ့ဆော်ပေးတဲ့သူတစ်ယောက်ပါ။ ကျွန်တော်တို့ကို အမြဲတမ်းဂရုစိုက်နေတယ်ဆိုတာ ထင်ရှားပါတယ်၊ အဖေက မယုံကြည်နိုင်လောက်အောင်ကောင်းမွန်တဲ့ ပြည်သူ့အကျိုးပြုလုပ်ရပ်တွေကို ပြုလုပ်ပေးခဲ့ပြီး များစွာသောပြည်သူတွေရဲ့ ဘ၀တွေကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ” လို့ ဟယ်ရီက မွေးနေ့ပွဲမှာ သူ့ရဲ့ဖခင်အကြောင်းကို ပြောကြားခဲ့ပါတယ်။
    အဆိုပါကြင်စဦးဇနီးမောင်နှံကတော့ သူတို့ရဲ့ပျားရည်ဆမ်းခရီးကို ရွှေ့ဆိုင်းထားပြီး ဘယ်သွားမလဲဆိုတာ အခုထိ အတိအလင်းထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

     

    Source – foxnews.com

    Read more about shopping & entertainment article Here

     

     


    Read 167 times Last modified on Wednesday, 23 May 2018 05:52
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.