Friday, 11 May 2018 05:02

    31959928 1675582855812008 4926348645520900096 o
    mds အမှတ်တံဆိပ် အမျိုးသမီးဝတ် Fashion ဆိုင်ရဲ့ တတိယမြောက် ဆိုင်ခွဲသစ်ကို Myanmar Plaza မှာ ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ဆိုင်ခွဲသစ်ရဲ့ Grand Opening ကိုတော့ မေလ (၁၉) ရက်နေ့မှာ ရန်ကုန်မြို့၊ Myanmar Plaza Shopping Center ပထမထပ်၊ ဆိုင်အမှတ် ၁၀၇/၁၀၈ မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
    ဆိုင်ခွဲသစ်ဖွင့်လှစ်တဲ့ အထိမ်းအမှတ်အနေနဲ့ မေလ (၁၉) ရက်နေ့နဲ့ (၂၀) ရက်နေ့တွေမှာ mds ဆိုင် (၃)ဆိုင်လုံးမှာ အထူး Promotion အစီအစဉ်တွေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ mds Myanmar Plaza, mds Taw Win Center နဲ့ mds Junction City သုံးဆိုင်လုံးမှာ ရရှိခံစားနိုင်တဲ့ အထူး Promotion အစီအစဉ်တွေကတော့ mds Myanmar Facebook နဲ့ Instagram Page တွေကို Like & Follow လုပ်ထားတဲ့ Customer တွေအတွက် အထည်တိုင်းကို 15% Off နဲ့ ရရှိမှာဖြစ်ပြီး ငွေကျပ် (၈) သောင်းဖိုး တစ်ခါတည်း ၀ယ်ယူသူတွေအတွက် တစ်သက်သာ Member Card ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

    31959954 1675582975811996 8738141956196007936 o
    ပုံမှန်အချိန်မှာ ငွေကျပ် တစ်သိန်းခွဲဖိုး ၀ယ်ယူမှသာ Member Card ကို ရရှိမှာဖြစ်ပြီး Member Card ၀ယ်ယူပါက အမြဲ 10% Discount ကို ရရှိမှာဖြစ်တဲ့အပြငိ မိမိရဲ့ မွေးလအတွင်း ၀ယ်ယူပါက တစ်လလုံး 20% Discount နဲ့ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ၀ယ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဆိုင်ဖွင့်ပွဲနေ့မှာ ပထမဆုံး လာရောက်ဝယ်ယူ အားပေးတဲ့ Customer အယောက် (၅၀) ကိုလည်း အထူးလက်ဆောင်တွေ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

    32077369 1675583135811980 3178220084724236288 o
    mds အမှတ်တံဆိပ်ဟာ Singapore နိုင်ငံမှာ ထုတ်လုပ်ပြီး singapore နိုင်ငံရှိ အမျိုးသမီးဝတ် Fashion Brand တွေအကြား ရေပန်းစားနေတဲ့ နံပါတ်(၁) Brand ဖြစ်ပါတယ်။ Japan, Singapore, Indonesia, Malaysia, Cambodia, India နဲ့ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း (၇) နိုင်ငံမှာ ဆိုင်ခွဲပေါင်း (၂၆) ဆိုင် ဖွင့်လှစ်ထားရှိပြိး အောင်မြင်စွာ ရပ်တည်လျက် ရှိပါတယ်။

    Read more about article Here

     

     


    Read 148 times Last modified on Friday, 11 May 2018 05:17
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.