Wednesday, 09 May 2018 05:14

ferguson manchester 4301959 600x400
မန်ယူအသင်းရဲ့ ဂန္တ၀င်နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ပြီးခဲ့တဲ့စနေနေ့က ၀ီဂန်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ သူ့ရဲ့သားဖြစ် ဒါရန် ကိုင်တွယ်နည်းပြနေတဲ့ ဒွန်ကက်စတာအသင်းတို့ပွဲစဉ်မတိုင်ခင်မှာ အသည်းအသန်ဖြစ်ပြီး ဆေးရုံတင်ခဲ့ရပါတယ်။
သူဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဦးနှောက်သွေးယိုစိမ့်တဲ့ရောဂါဖြစ်ပွားခဲ့တာဖြစ်ပြီး လုံးဝသတိမရတော့တဲ့ ကိုမာ အခြေအနေကိုရောက်ရှိခဲ့ပါတယ်။
ဆာအဲလက်စ်ရဲ့အသက် ၅၂ နှစ်အရွယ် ဇနီးဖြစ်သူ ကက်သီ နဲ့ သား ၃ ယောက်ဖြစ်တဲ့ မာ့ခ်၊ ဒါရန်၊ ဂျေဆင် တို့ဟာ သူသတိရတဲ့အချိန်ထိ ဆေးရုံမှာစောင့်နေခဲ့ကြပါတယ်။
ဆာအဲလက်စ် သတိရတဲ့အချိန်မှာ သူ့မိသားစုကို ပထမဆုံးပြောတဲ့စကားကတော့ ပြီးခဲ့တဲ့စနေနေ့က ဒွန်ကက်စတာအသင်းရဲ့ ရလဒ်ကဘာလဲတဲ့။ စိတ်မကောင်းစရာက ဒါရန်ရဲ့ ဒွန်ကက်စတာအသင်းဟာ ၀ီဂန်အသင်းကို ၁-၀ နဲ့ရှုံးသွားခဲ့ပါတယ်။
The Sun သတင်းစာမှာ “ဆာအဲလက်စ်ကတော့ ထုံးစံအတိုင်းပါပဲ။ ဘောလုံးအကြောင်းကိုမပြောဘဲကိုမနေနိုင်ပါဘူး။” လို့ဖော်ပြထားပါတယ်။
ဆာအဲလက်စ်ဟာ သူ့ရဲ့မိသားစုကို ဆေးရုံမှာပြောခဲ့တဲ့စကားတစ်ခွန်းရှိပါသေးတယ်။

“FA Cup Final ကိုကြည့်ဖို့ကတော့ အဆင်ပြေမှာမဟုတ်ဘူး။ ဒါပေမယ့် Kiev မြို့မှာကျင်းပမယ့် Champions League ဗိုလ်လုပွဲကကော” တဲ့။ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ရဲ့ Champions League Final ပွဲမှာပါဝင်ကစားမယ့် သူ့ရဲ့တပည့်ဟောင်းဖြစ်တဲ့ ခရစ်စတီယာနို ရိုနယ်ဒို ကိုသွားရောက်အားပေးချင်တဲ့ စိတ်ဆန္ဒရှိတဲ့ပုံပါပဲ။
ဆာအဲလက်စ် ရုတ်တရက် ဒီလိုဖြစ်သွားတဲ့သတင်းကို ကြားပြီးပြီးချင်းမှာ ဘောလုံးလောကမှာရှိတဲ့ ကမ္ဘာကျော်ဘောလုံးသမားအများစုကတော့ ဆာအဲလက်စ်မြန်မြန်သက်သာစေဖို့အတွက် ၀ိုင်းဝန်းဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။
လတ်တလောမှာတော့ ဆာအဲလက်စ်ဟာ အနားယူမှုပြုလုပ်ဖို့လိုအပ်နေပြီး ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်ရမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Source – Dailystar

Read more about article Here

 

 


Read times Last modified on Wednesday, 09 May 2018 05:26
Rate :
(5 votes)

1 comment

  • Dale Carico
    Comment Link

    I have perused your blog and it contains truly intriguing data. A debt of gratitude is in order for sharing it.

    Sunday, 18 August 2019 07:05 posted by Dale Carico
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.