Wednesday, 25 April 2018 08:08

31282859 2096856673663341 2134158542028931072 n
Myanmar Wedding Talk ကနေ ဦးစီးကျင်းပတဲ့ ၂၀၁၈ Wedding Fair ကို မေလ ၁၂၊ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ wedding package တွေအပြင် မင်္ဂလာကား၊ ဟန်းနီးမွန်းခရီးစဉ်၊ ရေခဲပန်းပုနဲ့ ပန်းအလှဆင်တာတွေ၊ အရသာကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတွေကို မင်္ဂလာမောင်နှံတို့က ရွေးချယ်နိုင်ပါတယ်။

31301567 2097087296973612 1325068015783378944 n
ကံစမ်းမဲအစီအစဉ်တွေကိုလဲ ထည့်သွင်းထားပါတယ်။ ဒီထဲမှာ Bangkok မှာ တည်းခိုခွင့် ရအောင် စီစဉ်ပေးတာတွေ၊ ငပလီကမ်းခြေကို သွားရောက်အပန်းဖြေနိုင်တဲ့ ဟန်းနီးမွန်းခရီးစဉ်တွေ၊ ကလောမြို့ကို ဟန်းနီးမွန်းခရီးစဉ်သွားရောက်တဲ့ ခရီးစဉ်တွေ စတာတွေကို ထည့်သွင်းထားပါတယ်။
Rose Garden ဟိုတယ်ရဲ့ အထွေထွေမန်နေဂျာ Mr. AlexanderScheible က “ Rose Garden Hotel မှာ ၂၀၁၇ wedding fair ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့နောက်မှာတော့ ကျွန်တော်တို့အနေနဲ့ မင်္ဂလာမောင်မယ်များအတွက် လိုအပ်ချက်တွေကို ပိုမိုထူးခြားကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ဖို့ လိုအပ်လာတယ်လို့ ထင်မိတဲ့အတွက်ကြောင့် မင်္ဂလာမောင်မယ်များအတွက် လိုအပ်ချက်တွေကို တစ်နေရာထဲမှာ စုံစမ်းလို့ရအောင် စနေ၊ တနင်္ဂနွေ အားလပ်ရက်ကို သတ်မှတ်ပြီး ၂၀၁၈ Wedding Fair ကို ထပ်မံပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်”လို့ ပြောပါတယ်။

31306931 2097086956973646 3004774728192753664 n
Wedding Fairမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်္ဂလာဆောင် ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ မိတ်ကပ်ပညာရှင်တွေရဲ့ အကြံပေးဆွေးနွေးမှုတွေ၊ စတဲ့ အစီအစဉ်ကောင်းတွေနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပြပွဲမှာ ကျောက်မျက်ရတနာလုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ မင်္ဂလာအခမ်းအနားအတွက် လိုအပ်တဲ့ မင်္ဂလာဝတ်စုံတွေ၊ Wedding planner တွေ ဖိတ်စာနဲ့ပြန်ကမ်းပစ္စည်းဆိုင်တွေ၊ Travel & Tour၊ ပိုးထည်နဲ့ ဇာအမျိုးမျိုးနဲ့ အခြားဆက်စပ်တဲ့ လုပ်ငန်းများလည်း ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။
Myanmar wedding talk, country director ဒေါ်သဲသဉ္ဖာက “Myanmar wedding talk ကို စတင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ မင်္ဂလာမောင်မယ်တွေကို လိုအပ်တဲ့ သတင်းအချက်အလက်နဲ့ ဝန်ဆောင်မှု အားလုံးကို တနေရာထဲမှာ စုံစုံလင်လင် ကြည့်ရှုနိုင်ဖို့ ဒီpage လေးကို စတင်လိုက်ရခြင်း ဖြစ်ပါတယ်။ “ လို့ ဆိုပါတယ်။

Read more about shopping & entertainment article Here

 

 

 


Read times Last modified on Wednesday, 25 April 2018 08:22
Rate :
(0 votes)

4 comments

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.