Thursday, 25 January 2018 09:17

21230771 659082994281642 7995020943151032910 n


    ၂၇ ကြိမ်မြောက် ဆိုးလ်ဂီတဆုပေးပွဲအစီအစဉ်ကို JOOX မှ မြန်မာ K-Pop ပရိသတ်တွေ အတွက် တိုက်ရိုက် ထုတ်လွင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ JOOX ကတော့ အာရှမှ K-Pop ချစ်သူတွေအတွက် MAMA ၊ MMA ဆုပေးပွဲတွေနဲ့ BIGBANG ဖျော်ဖြေပွဲတွေကို သီးသန့် တိုက်ရိုက်ထုတ်လွှင့် ပေးလျက်ရှိတဲ့ အခမဲ့ သီချင်း အက်ပလီကေးရှင်းနဲ့ ဝက်ဘ်ဆိုက် ဝန်ဆောင်မှု တစ်ခုပဲ ဖြစ်ပါတယ်။
    K-Pop ပရိသတ်တွေ အနေနဲ့ အဆိုပါ ဆုပေးပွဲအစီအစဉ်ကို လာမယ့်ဇန်နဝါရီလ ၂၅ ရက်နေ့မှာ စောင့်မျှော် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဆိုးလ်မြို့ Gocheok Sky Dome မှ ၎င်းတို့ နှစ်သက် သဘောကျတဲ့ အနုပညာရှင်တွေရဲ့ စိတ်လှုပ်ရှားဖွယ် ဖျော်ဖြေ တင်ဆက်မှုတွေကို ခံစား ကြည့်ရှုရင်း BTS, EXO, IU, MONSTA X, Red Velvet, TWICE, Wanna One နဲ့ WINNER အစရှိတဲ့ ဆန်ကာတင်စာရင်းဝင် နာမည်ကြီး အနုပညာရှင်တွေကို မိမိတို့အိမ်နေရာကနေ သက်တောင့် သက်သာရှိရှိ အားပေးနိုင်မှာ ဖြစ်ပါတယ်။
    အဆိုပါ ဆုပေးပွဲကို ကြည့်ရှုဖို့် JOOX  အက်ပလီကေးရှင်းပေါ်မှာ မိမိတို့ရဲ့ တိုက်ရိုက် အချိန်ဇယားပြ စာမျက်နှာမှာ တိုက်ရိုက်ဆုပေးပွဲ အစီအစဉ်ကို ထည့်သွင်းပြီး ကြိုတင်စာရင်း ပေးထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
JOOX အက်ပလီကေးရှင်းမှ ပရိုမိုးရှင်းကို ရယူပြီး၊ ၂၇ ကြိမ်မြောက် ဆိုးလ်ဂီတဆု ပေးပွဲရဲ့ ဆန်ကာတင် စာရင်းဝင် Playlist ၊ ၂၀၁၇ ခုနှစ်ရဲ့ အကျော်ကြားဆုံး K-Pop သီချင်းတွနဲ့ MMA နဲ့ MAMA တို့က Playlist တွေကို Discover မှာ playlist ဟု ရိုက်နှိပ်ရှာဖွေပြီး နားဆင်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မိမိတို့ ကြိုက်နှစ်သက်တဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာမှ အနုပညာရှင်တွေရဲ့ သီချင်းတွေကိုလည်း မည်သည့်နေရာ၊ မည်သည့် အချိန်မှာမဆို JOOX ပေါ်က အမြဲမပြတ် ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။
Apple App Store နဲ့ Google Play Store တို့ကတစ်ဆင့် JOOX ကို ဒေါင်းလော့ဒ် ရယူ၍သော် လည်းကောင်း  JOOX ဝက်ဘ်ဆိုဒ် http://www.joox.com/ က တစ်ဆင့်သော် လည်းကောင်း သီချင်းတွေနဲ့ တိုက်ရိုက် ဖျော်ဖြေမှုတွေကို အခမဲ့ နားဆင်ခံစား ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Read more about Here

 


Read times Last modified on Thursday, 25 January 2018 09:27
Rate :
(0 votes)

37 comments

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.