Wednesday, 24 January 2018 10:57

25550328 1945994515642866 8623944168008152843 n


    The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၈ရက်နေ့ကစပြီး MRTV-4 ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ည ၉နာရီအချိန်မှာ စတင်ပြသသွားတော့မှာပဲ ဖြစ်ပါတယ်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကိုတော့ The Voice ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ MRTV-4 နဲ့ Forever BEC-Tero တို့က ပူးပေါင်းပြီး ကျင်းပပြုလုပ်တာပဲ ဖြစ်ပါတယ်။
    ပြိုင်ပွဲဝင်တွေကို ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလအတွင်းက Online ကတစ်ဆင့် ခေါ်ယူခဲ့ရာ ယှဉ်ပြိုင်သူ ထောင်နဲ့ချီ လျှောက်ထားခဲ့ပြီး ပြိုင်ပွဲဝင်တွေကို တေးရေးမြင့်မိုးအောင်က လူတွေ့စစ်ဆေးပြီး Blind Audition အဆင့် ပြိုင်ပွဲဝင် အယောက်(၁၀၀)ကို ရွေးချယ်ပေးခဲ့ပါတယ်။ အသက်၁၅နှစ်နဲ့အထက် ဘယ်သူမဆို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရပြီး အဆင့်၃ဆင့်နဲ့ ၀င်ရောက် ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ယင်းပြိုင်ပွဲမှာတော့ လင်းလင်း၊ ဟန်ထူးလွင်၊ ရန်ရန်ချန်းနဲ့ နီနီခင်ဇော်တို့က Coaches တွေအဖြစ် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
    ပထမအဆင့်ဖြစ်တဲ့ Blind Audition မှာတော့ စင်ပေါ်မှာ ပြိုင်ပွဲဝင်တွေက သူတို့ရဲ့ အသံတစ်ခုတည်းနဲ့ Coaches တွေ နှစ်သက်လာအောင် သီဆိုယှဉ်ပြိုင်ရမှာပါ။ Coaches တွေက ထိုင်ခုံကို ကျောပေးထိုင်နေပြီး ပြိုင်ပွဲဝင်သီဆိုတဲ့ အချိန်၂မိနစ်အတွင်း မိမိသဘောကျတဲ့ နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို ခုံလှည့်ပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Coach တစ်ဦးက ရွေးချယ်လိုက်တဲ့ ပြိုင်ပွဲဝင်ဟာ အဲ့ဒီ Coach ရဲ့ Group ထဲကို အလိုအလျောက် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ Coach တစ်ဦးထက်ပိုပြီး ပြိုင်ပွဲဝင်ကို ရွေးချယ်ခဲ့ပါက ပြိုင်ပွဲဝင်တွေရဲ့ အဆုံးအဖြတ်ကသာ အဓိကဖြစ်ပါတယ်။
    ဒုတိယအဆင့်ဖြစ်တဲ့ Battle Round မှာ ပြိုင်ပွဲဝင်တွေဟာ မိမိရဲ့အဖွဲ့က အခြားပြိုင်ပွဲဝင်နဲ့ သီချင်းတစ်ပုဒ်ထဲကို သီဆိုယှဉ်ပြိုင်ရမှာဖြစ်ပြီး တစ်ဦးထဲသာလျှင် The Voice Myanmar ရဲ့ Live Show ကို ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
    နောက်ဆုံးအဆင့် Live Show ကို Coach တစ်ဦးချင်းစီက ပြိုင်ပွဲဝင် ၆ဦး စုစုပေါင်း ပြိုင်ပွဲဝင် ၂၄ဦး တက်ရောက်ခွင့် ရရှိမှာဖြစ်ပြီးတော့ တစ်ပတ်ကို ၄ဦး ပြိုင်ပွဲက နှုတ်ထွက်ရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေက မိမိနှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေကို Vote ပေးပြီး အားပေးနိုင်မှာ ဖြစ်ပါတယ်။ The Voice Myanmar 2018 ပြိုင်ပွဲမှာ ဆုရရှိမယ့်သူကတော့ ဆုကြေးငွေ ကျပ်သိန်းနှစ်ရာနဲ့ Universal Studio နဲ့အတူ တေးသီချင်း ပြုလုပ်ခွင့် ရရှိမှာပဲ ဖြစ်ပါတယ်။

Read more bout entertainment article Here


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.