Thursday, 11 January 2018 10:18

26755072 783518415170339 1642568119 n


လာမယ့် Myanmar Idol season 3 အတွက် အကဲဖြတ် ဒိုင်တွေကို အပြောင်းအလဲ ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ Myanmar Idol season 2 တုန်းက အကဲဖြတ်ဒိုင်တွေအဖြစ် မြန်မာပြည်သိန်းတန်၊ မေဆွိ၊ တင်ဇာမော်တို့က ပါဝင်ခဲ့ပြီး Myanmar Idol season 3 မှာတော့ မြန်မာပြည်သိန်းတန်၊  ရန်အောင်၊ မျိုးကျော့မြိုင်နဲ့ တင်ဇာမော်တို့က တာဝန် ယူသွားမှာ ဖြစ်ပါတယ်။
Myanmar Idol season 3 ရဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့၊ နံနက် ဆယ့်တစ်နာရီခွဲက  ရန်ကုန်မြို့၊ MELIA HOTEL မှာ ပြုလုပ်ခဲ့ပါတယ်။ Myanmar Idol season 3  သီချင်းဆိုပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ဒုတိယအပတ် သင်္ကြန်ပွဲတော် အပြီးမှာ  စတင် ထုတ်လွှင့်ပြသ ပေးသွားမှာ ဖြစ်ပြီး နောက်ဆုံး ပွဲစဉ်ကို  ၂၀၁၈ ခုနှစ် သြဂုတ်လ ဒုတိယပတ်တွင် ထုတ်လွှင့်ပြသ ပေးသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ မြို့ကြီး ၅ မြို့ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ ပုသိမ်မြို့ အပါအဝင် မြို့ပေါင်း ၂၀ က ဝါသနာရှင်တွေနဲ့အတူ မြန်မာနိုင်ငံပြင်ပက ဂီတဝါသနာရှင်တွေ ပါဝင်ဆင်နွှဲခွင့်ရရှိဖို့  စီစဉ်ထားတယ်လို့ သိရပါတယ်။ Winner ဆုကြေးကို တော့ ဒီပြိုင်ပွဲမှာ ကျပ်သိန်း ၅၀၀ အဖြစ် တိုးမြင့် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Read more about Entertainment Article Here


Read 271 times Last modified on Thursday, 11 January 2018 11:04
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.