Friday, 29 September 2017 10:27

zot kyar
ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရိုက်ကူးထားတဲ့ ‘ဇွတ်ကျား’ ဆိုတဲ့ ဟာသကားလေးကို ဒီတစ်ပတ် ညွှန်းပေးချင်ပါတယ်။ ဒီဇာတ်ကား တစ်ကားလုံးကို ဒါရိုက်တာက ရယ်စရာ ဟာသလေးတွေနဲ့ ဖန်တီးထားပြီး လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။

ဇာတ်လမ်းအကျဉ်း
ကျော်ရဲအောင်မှာ တူ ၄ ယောက်ရှိပါတယ်။ မြင့်မြတ်၊ မိုးအောင်ရင်၊ ရဲလေးနဲ့ ထက်အောင်ရှိုင်းတို့ပဲ ဖြစ်ပါတယ်။ သူတို့ ညီအစ်ကို ၄ယောက်စလုံးက အခြောက်တွေဖြစ်ပြီး အရမ်းကို ဖြတ်ဖောက်ချုပ် လုပ်ချင်နေကြတာပါ။ ဖြတ်ဖောက်ချုပ်လုပ်ဖို့ ဦးလေးဖြစ်သူဆီက အမွေ တောင်းပေမယ့်လည်း ဦးလေးဖြစ်သူက မပေးတာကြောင့် အခက်တွေ့နေကြပါတယ်။ စိုးမြတ်သူဇာကတော့ ယောက်ျားလျာ တစ်ယောက်ပါ။ သူ့မှာလည်း တူမ ၄ယောက် ရှိပါတယ်။ ခိုင်သင်းကြည်၊ မေ၊ သန္တာဗိုလ် နဲ့ ပက်ထရစ်ရှာတို့ပဲ ဖြစ်ပါတယ်။ စိုးမြတ်သူဇာနဲ့ ကျော်ရဲအောင် ကတော့ ငယ်ငယ်က ဇာတ်လမ်းလေးတွေ ရှိခဲ့ပါတယ်။
တစ်ရက်မှာတော့ ရှော့ပင်းမောတစ်ခုမှာ ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာတို့ အမှတ်မထင် ပြန်တွေ့ကြပါတယ်။ ကျော်ရဲအောင်ကတော့ အရင်တုန်းက ခံစားချက်တွေ ပြန်လည်ဖြစ်ပေါ်လာပြီး ချစ်ရေးဆိုလိုက်ရာမှာ စိုးမြတ်သူဇာ ပြန်ပြောလိုက်တဲ့ စကားကို စိတ်နာသွားခဲ့ပါတယ်။ အဲဒီမှာတင်ပဲ အသည်းမာလွန်းတဲ့ စိုးမြတ်သူဇာကို Lesson ပြန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အိမ်လည်း ရောက်ရော တူ ၄ ယောက်ခေါ်ပြီး စိုးမြတ်သူဇာရဲ့ တူမ ၄ ယောက်ထဲက တစ်ယောက်ကို ရအောင် ယူနိုင်တဲ့သူကို သူ့အမွေတွေ ပေးမယ်လို့ ပြောလိုက်ပါတယ်။ သူတို့ကိုယ်တိုင်က မိန်းမဖြစ်ချင်နေတာဆိုတော့ ဘယ်သူ့ကိုမှ ခံစားလို့ မရပေမယ့် တစ်ယောက်ကို ရအောင် ယူနိုင်ရင် ဦးလေးရဲ့ အမွေကိုရမှာ ဆိုတော့ ဇွတ်ကျားပြီး ရအောင် ယူမယ်၊ ရတဲ့အခါကျမှ အဲဒီမိန်းမကို ပြန်ကွာပြီး ဦးလေးဆီက ရတဲ့အမွေတွေနဲ့ ဘန်ကောက်မှာ ဖြတ်ဖောက်ချုပ် သွားလုပ်ကြမယ်လို့ ဆုံးဖြတ်ပြီး လူခွဲတမ်း ချကြပါတယ်။ အဲဒီမှာ မြင့်မြတ်က ပထရစ်ရှာ၊ မိုးအောင်ရင်က သန္တာဗိုလ်၊ ရဲလေးက မေ၊ ထက်အောင်ရှိုင်းက ခိုင်သင်းကြည်ကို လိုက်ကြဖို့ သဘောတူလိုက်ကြပါတယ်။
အဲဒီလိုနဲ့ မြင့်မြတ်တို့ ညီအစ်ကို ၄ ယောက် ခိုင်သင်းကြည်တို့ ညီအစ်မ ၄ယောက်ကို နည်းလမ်းအမျိုးမျိုးနဲ့ လိုက်တော့တာပါပဲ။ မိန်းကလေးတွေရှေ့ဆိုရင် တကယ့်ကို ကျားကျားလျားလျား လုပ်ပြ အိမ်ပြန်ရောက်တာနဲ့ ပွင့်ချ။ မိန်းကလေးတွေ ရှေ့မှာဆိုရင်တော့ ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လိုကြိုက်ကြောင်း ပြောပေမယ့် အိမ်ပြန်ရောက်တာနဲ့ “အမလေး အဲ့အစစ်မက ငါ့ လောက်တောင် မချောဘူးဟယ်။ အသားအရေကလည်း ငါ့လောက်တောင် မလှဘူး။ နှာခေါင်းကလည်း အကြီးကြီး” စသဖြင့် ညီအစ်ကို ၄ ယောက်သား အာပေါင်အာရင်းသန်သန်နဲ့ အတင်းတုပ်ကြတာပါ။
ဒီလိုနဲ့ တစ်ရက်မှာတော့ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က စိုးမြတ်သူဇာနဲ့ ကျော်ရဲအောင်တို့ကို ချောင်းသာမှာ သူ့ဟိုတယ်အသစ်ဖွင့်မှာမို့ လာရောက်လည်ပတ်ကြဖို့ ဖိတ်လိုက်ရာက ကျော်ရဲအောင်နဲ့ အတူ ပါလာတဲ့ မြင့်မြတ်တို့ ညီအစ်ကို ၄ယောက်က ဗလတောင့်တောင့် စော်ကြည်ဘဲ ထူးအောင်ကို မြင်တွေ့ပြီး သဘောကျသွားကြပါတော့တယ်။ အဲဒီမှာ ခိုင်သင်းကြည်တို့ ညီအစ်မတွေရှေ့ကို ရောက်ရင် အတင်းဇွတ်ကျားပြီး ထူးအောင် အရှေ့ကို ရောက်ရင် ခြောက်သွားကြတဲ့ ညီအစ်ကို ၄ယောက် ချောင်းသာမှာ ရှေ့လျှောက် ဘာတွေ ဆက်ဖြစ်ကြမှာလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Cinema Enquires

ရှေ့ဆောင် - ၂၅၂၁၁၃၊ ၃၈၈၀၃၄၊ ၀၉၄၅၇၈၄၂၈၈၀၊ ၀၉၄၅၇၈၄၂၈၈၁
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : No. 198 - 200, Sule Pagoda Road, Kyauktada Township

သွင် - ၃၇၂၅၉၄ ၊ ၃၈၈၀၃၃
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : No.309, Bogyoke Aung San Road, Near 36th Street, Kyauktada Township

မင်္ဂလာ(သိမ်ကြီးဈေး) - ၂၄၃၀၅၇ ၊ ၂၄၃၀၅၈
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : 5th Floor, Thein Gyi Zay (D) , Shwe Dagon Pagoda Street,Central City Plaza, Latha Township

မင်္ဂလာစံပြ - ၀၉၂၆၀၈၈၇၀၃၅ ၊ ၀၉၂၆၀၈၈၇၀၃၆ ၊ ၀၁၂၃၀၃၁၆၅
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : Corner of Anawyahtar Road & Bhone Gyi Road , Lanmataw Township  

မင်္ဂလာဝဇီရာ (လှိုင်သာယာ)- ၀၁ ၆၄၅ ၀၈၄၊ ၀၉ ၂၆၁ ၉၀၁ ၁၅၅၊ ၀၉ ၂၆၁ ၉၀၁ ၁၆၆၊ ၀၉ ၂၆၁ ၉၀၁ ၁၇၇
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : 232, Magwe St., Corner of Bo Aung Kyaw St.,Near Mee Khwet Market, Ward (8), Haling Tharyar Township

Top Royal ပါရမီ စိန်ဂေဟာ - ၀၉၄၂၀၁၈၆၂၉၁ ၊ ၀၉၄၂၀၁၈၆၂၉၂
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : 4th Floor ,Sein Gay Har (Parami) Shopping Centre, Parami Road, Hlaing Township

JCGV Junction City (Ph-01-9253591/01-9253592 /Viber Only 09-952225580)
Fri to Sun - 10:00AM, 12:40AM, 3:40PM, 4:55PM, 6:40PM, 21:20PM
Mon to Thu - 10:00AM, 12:40AM, 3:40PM, 4:55PM, 6:40PM

Fri to Sun - 9:30AM, 11:55PM, 2:25PM, 4:55PM, 7:25PM, 9:55PM
Mon to Thu - 9:30AM, 11:55PM, 2:25PM, 4:55PM, 7:25PM, 9:55PM
Address : Corner of Bogyoke Aung San Road and Shwe Dagon Pagoda Road, Near Bogyoke Market

Junction Square - 01 527 055
Fri to Sat - 10:00AM, 1:00PM, 2:30PM, 3:45PM, 6:30PM, 9:00PM
Sun to Thu - 10:00AM, 1:00PM, 2:30PM, 3:45PM, 6:30PM
Address : 2nd Floor, Junction Square- Kyun Taw Road, Kamayut Township

Junction Mawtin - 01 225 244
Fri to Sat - 10:30AM, 1:00PM, 3:45PM, 6:45PM, 9:30PM
Sun to Thu - 10:30AM, 1:00PM, 3:45PM, 6:45PM
Address : Corner of Anawrahta Road and Mawtin Street, Lanmadaw Township

City Mall (St.John) – 09 764802081
Fri to Sun -  09:30AM, 12:30PM, 3:00PM, 5:30PM, 8:00PM
Mon to Thu - 09:30AM, 12:30PM, 3:00PM, 5:30PM, 8:00PM
Address : Pyay Road, St.John Bus-stop

 

Read 215 times Last modified on Friday, 29 September 2017 10:33
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.