Wednesday, 27 September 2017 09:22

Mary 2
‘၀ဲ’ ဆိုတဲ့ သီချင်းလေးနဲ့ အွန်လိုင်းမှာ လူသိများလာပြီး ထူးခြားတဲ့ အသံလေးကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာတဲ့ အဆိုတော် Mary နဲ့  တွေ့ဆုံမေးမြန်းပေးထားပါတယ်။

အခုလက်ရှိမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
အခုကတော့ Moonsoon Madness Festival  ရှိုးပွဲမှာ ဆိုဖို့ ရှိပါတယ်။ Accident ဆိုတဲ့ Big Bag နဲ့ သီချင်းလေး ထွက်ဖို့ ရှိပါတယ်။

ကိုဟန်ထွန်းလွင်နဲ့ သီချင်းလေးလုပ်ထားတယ်ဆိုတော့ ဘယ်လို သူနဲ့အတူ ချိတ်ဆက်လုပ်ဖြစ်ခဲ့တာလဲ။
သီချင်းလေးကတော့ တစ်ပုဒ်တည်းပါပဲ Accident ဆိုတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ သူကလည်း အခု သီချင်းသစ်ပုံစံလေးဆိုတော့ Mary ကို Featuring ခေါ်ဆိုတယ်။ Mary လည်း ကိုယ်တကယ် သဘောကြတဲ့ အနုပညာရှင်လည်းဖြစ်တယ်၊ သူ့ရေးထားတဲ့ သီချင်းလေးကိုလည်း သဘောကျတယ်၊ ဆန်းလည်းဆန်းတယ်ဆိုတော့ Mary လည်း သဘောကျလို့ ဆိုဖြစ်တာပါ။

သူကစပြီး ကမ်းလှမ်းတာပေါ့နော်။
ဟုတ်ပါတယ်ရှင့်။ Mary နဲ့ ခင်တာလည်း ခင်ပါတယ်ရှင့်။

မကြာခင်ဆိုရင် သီတင်းကျွတ်ကို ရောက်ရှိတော့မှာဆိုတော့ အဲ့ဒီမှာရော ရှိုးတွေ ဆိုဖို့ရှိလား။
သီတင်းကျွတ်မှာတော့ မသိသေးဘူးရှင့်။ Mary ကျောင်းရဲ့ အခြေအနေက ဘယ်လိုမျိုး လာမယ်ဆိုတာ Mary မသိသေးလို့ပါရှင့်။
Mary 1
Mary ကို ‘၀ဲ’ သီချင်းနဲ့ လူတွေ စသိလာကြပြီး  အဲဒီသီချင်းနဲ့ အောင်မြင်လာတဲ့အပေါ် ခံစားချက်လေး နည်းနည်းလောက် ပြောပြပေးပါဦး။
ဒီသီချင်းလေးနဲ့ ပတ်သက်ပြီး Mary ကို သိလာတယ်။ ဒီသီချင်း၊ ဒီအသံ၊ ဒီပုံစံလေးနဲ့ သိလာတယ်။ ပြီးတော့ Mary ကိုလည်း Mary ဆိုတာ ဘယ်လိုမျိုးလည်းဆိုတာ သိတဲ့နောက်ပိုင်းမှာ Mary ကို အားပေးတဲ့ ပရိသတ်တွေရှိလာလို့ အရမ်းဝမ်းသားပါတယ်။

‘၀ဲ’ သီချင်းက ပထမဆုံးပဲလား။ သူ့အရှေ့မှာရော ဘာတွေလုပ်ဖြစ်သေးလဲ။
Mary ဒီ ‘၀ဲ’ သီချင်းမထွက်ခင် ၂၀၁၆ တုန်းကတော့ ‘ငိုမနေပါနဲ့တော့’ ဆိုတဲ့ သီချင်းလေးမှာ Featuring ဆိုဖူးသေးပါတယ်။

သီချင်းဆိုတာကို ဘယ်တုန်းကတည်းက ၀ါသနာပါခဲ့တာလဲ။
သီချင်းဆိုတာ၊ သီချင်းကျင့်တာ၊ သီချင်းရေးတာကတော့ ငယ်ငယ်လေးကတည်းက ၀ါသနာ ပါခဲ့တာပါ။ အရင်တုန်းကလည်း Cover Song လေးတွေ တင်ဖြစ်ပါတယ်။

Mary အနေနဲ့ တစ်ကိုယ်တော်အခွေတွေရော လုပ်ဖို့ရှိလား။
တစ်ကိုယ်တော် အခွေတော့ လုပ်ဖို့ စဉ်းစားထားပါတယ်။ သီချင်းတွေက နည်းနေသေးလို့ပါ။ နောက်နှစ်ထဲမှာတော့ အခွေထုတ်ဖို့ ရှိပါတယ်။

ကိုယ့်ကို ကမ်းလှမ်းလာခဲ့မယ်ဆိုရင် သရုပ်ဆောင်ပိုင်းဘက်ကိုရော သွားဖို့ရှိလား။
သရုပ်ဆောင်ပိုင်း အတွက်ကိုတော့ အခုထိတော့ မစဉ်းစားရသေးပါဘူး။ အခု လောလောဆယ်တော့ သီချင်းကိုပဲ အဓိက သွားချင်ပါတယ်။ ပြီးတော့ Mary က အိုက်တင်လည်း သိပ်မလုပ်တတ်ဘူးလေ။ ကိုယ့်ကိုယ်ကို  Challenge တစ်ခုအနေနဲ့တော့ လုပ်တော့လုပ်ကြည့်ချင်ပါတယ်။
Mary
အနုပညာအပြင် စီးပွားရေးရော လုပ်ဖို့ရှိလား။
စီးပွားရေးကတော့ အနုပညာနဲ့ မပတ်သက်တဲ့ စီးပွားရေးတော့ အိမ်ကအလုပ်တွေကို လုပ်သွားပေးဖို့ ရှိပါတယ်။

Mary အနေနဲ့ မြန်မာပြည်မှာ အခြေချဖို့ရော ရှိလား။
ရှိပါတယ်။ ဘာလို့လည်းဆိုတော့ Mary လုပ်ချင်တာလေးတွေလည်း ရှိလို့ပေါ့နော်။ ဒီအနုပညာပိုင်းနဲ့ မဟုတ်ဘဲနဲ့ တခြားအရာလေးတွေလည်း ရှိလို့ပါ။ အဓိကတော့ Mary အနုပညာရော စီးပွားရေးပဲ ဖြစ်ဖြစ် လုပ်ငန်းတစ်ခုခုပေါ့နော် လုပ်ချင်တာလေး ရှိလို့ပါ။ အခုက ဂျပန်မှာ ကျောင်းတက်နေရတော့ အချိန်သိပ်မပေးနိုင်ဘူး။ ကျောင်းကလည်း သုံးခါပျက်တာနဲ့ တစ်နှစ် အကျလေ။ အဲဒါကြောင့် ဟိုကိုပဲ ပြန်ပြန်နေရတာပါ။

Mary ကို အားပေးနေတဲ့ ပရိသတ်တွေအတွက်ကိုလည်း စကားလက်ဆောင်လေး ပြောပေးပါဦး။
Mary ကို အမြဲ အားပေးနေတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ Mary ကို ဒီထက်မက ချစ်ခင်အားပေးကြပါ။ Mary လည်း အများကြီး ကြိုးစားနေပါတယ်လို့ Mary သီချင်းလေးတွေ နှောင့်နှေးနေရင်လည်း စိတ်ရှည်သည်းခံစွာ စောင့်နေပေးပါလို့။

ဖူးပွင့်သူ
Read More About Celebrity Interviews Here


Read 225 times Last modified on Wednesday, 27 September 2017 09:31
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.