Monday, 25 September 2017 08:14

Halle Berry Bikini Pictures Beach LA Nahla
Hollywood မှာ ကြေးအကြီးဆုံးရခဲ့တဲ့ထဲ အထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်လိုက်ရင် သိသိသာသာ နည်းပါးပါတယ်။ အဲ့ဒီထဲမှာမှ လူမည်းအမျိုးသမီးဆိုတာ လက်တစ်ဆုပ်စာတောင် မရှိကြပါဘူး။ အဲ့ဒီထဲမှာ အော်စကာဆုရှင် မော်ဒယ်လည်းဖြစ်ခဲ့သလို ကမ္ဘာကျော် အလှကုန် Revlon ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်တဲ့ မင်းသမီးချော Halle Berry ကတော့ ထူးထူးခြားခြားတစ်ယောက်ပါ။ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲ ၀င်ရောက်လာခဲ့ပြီး Miss USA (1986) မှာ First Runner-up ရခဲ့ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင် လောကထဲ ၀င်ရောက်လာခဲ့ပြီး Boomerang (1992) ရုပ်ရှင်မှာ Eddie Murphy နဲ့ တွဲဖက် သရုပ်ဆောင်ပြီး အောင်မြင်မှု စတင်ရရှိခဲ့သူပါ။ 2000 ခုနှစ်မှာ Introducing Dorothy Dandridge ရုပ်ရှင်နဲ့ Golden Globes ဆုကို ဆွတ်ခူးခဲ့ပြီး 2002 ခုနှစ်မှာ Monster’s Ball ရုပ်ရှင်နဲ့ အော်စကာဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒါ့အပြင် Swordfish (2001) ရုပ်ရှင်မှာရော James Bond ဇတ်ကားဖြစ်တဲ့ Die Another Day (2002) ရုပ်ရှင်မှာပါ အောင်မြင်မှုတွေ ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာကျော် Revlon အလှကုန် လုပ်ငန်းကြီးရဲ့ Spokesmodel တစ်ယောက် အဖြစ်ပါ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် X-Men Film Series တွေမှာလည်း ဆက်တိုက် ပါဝင်သရုပ်ဆောင်ပြီး ဒီနေ့အထိ အောင်မြင်မှု သရဖူဆောင်းနေဆဲ မင်းသမီးကြီး တစ်ဦးပါ။ သူ့ကို အမေရိကန် Ohio ပြည်နယ်မှာ 1966 မှာမွေးခဲ့တာ ဖြစ်လို့ ဒီနေ့ အချိန်မှာဆိုရင် 51 နှစ်ရှိပြီ ဖြစ်ပေမယ့် လှတုန်း ဆွဲဆောင်မှုရှိဆဲပါ။ အိမ်ထောင် ၃ ဆက်ကျဖူးသူ ဖြစ်ပြီး သားသမီး ၂ ယောက်ရှိပါတယ်။ အခြားနာမည်ကြီး ဆယ်လီတွေနဲ့အတူ လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ လုပ်ဆောင်သူ တစ်ဦးဖြစ်ပြီး People Magazine ရဲ့ အလှဆုံး စာရင်းမှာလည်း နံပါတ် ၁ ချိတ်ခဲ့ဖူးသူပါ။ အသက် ၄၂ နှစ်အရွယ် 2008 ခုနှစ်တုန်းက Hollywood ရဲ့ Sexiest Black Woman အဖြစ် အရွေးချယ်ခံခဲ့ရတယ်ဆိုတော့ သူ့အလှဟာ အသက်ကြီးပေမယ့် တည်ငြိမ်နေဆဲ ရှားရှားပါးပါး လူမည်း မင်းသမီးတစ်ယောက်ဆိုတာ မေ့လို့မရပါဘူး။

နေလင်း
Read More About Celebrity News Here


Read times Last modified on Monday, 25 September 2017 08:23
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.