Friday, 22 September 2017 04:21

Movie 01
ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးထားတဲ့ "ထမီကျွတ်၍ လွှတ်လိုက်သည်" ဆိုတဲ့ အချစ်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက လောကမှာ ကိုယ်က ညံ့လို့ အရှုံးပေးလိုက်ခြင်းမျိုး မဟုတ်ဘဲ မတတ်သာလို့ လက်လွှတ် အရှုံးပေးလိုက်ခြင်းမျိုးလည်း ရှိတတ်ကြောင်းကို  ပုံဖော်ထားပြီး အောင်သရဖူ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။

ဇာတ်လမ်းအကျဉ်း

မျိုးညွန့်(ဇေရဲထက်)ဟာ ပြင်ဦးလွင် ကွန်ပျူတာတက္ကသိုလ်မှာ အဆောင်နေ ကျောင်းသားအဖြစ် ကျောင်းတက်နေရင်း အမှတ်မထင် ဆုံခဲ့ဖူးတဲ့ အမည်မသိ မိန်းကလေးကို ကိုယ့်သဘောနဲ့ကိုယ် မသည်းအူလို့ ကင်ပွန်းတပ်င်္ပြီး နေ့စဉ်အချိန်မှန် ရင်ထဲက ခံစားချက်တွေကို ဒိုင်ယာရီ ရေးလေ့ရှိပါတယ်။ မျိုးညွန့်ရဲ့ သူငယ်ချင်းတွေက ဒိုင်ယာရီစာအုပ်ကို လုဖတ်ကြရာကနေ မသည်းအူ ဇာတ်လမ်းကို သိရှိသွားကြပါတယ်။ ဆယ်တန်းအောင်လို့ တက္ကသိုလ်စတက်ရတော့မယ့် ပြင်ဦးလွင် ကွန်ပျူတာတက္ကသိုလ် ကျောင်းသား မျိုးညွန့်နဲ့ မန္တလေးကားဂိတ်မှာ သမီးကို အဆောင်လိုက်ပို့ပြီး ပြင်ဦးလွင်ကို ပြန်မယ့် မိခင်ဒေါ်မြစိန် (စိုးမြတ်သူဇာ) ကို လိုက်ပို့တဲ့ မသည်းအူ (အိချောပို) တို့ စတင် ဆုံဆည်းမိကြပါတယ်။ မသည်းအူနဲ့ အကြည့်ချင်း ဆုံမိကြပြီး မြင်မြင်ချင်းပဲ မသည်းအူကို ရင်ခုန်သွားခဲ့မိသလို၊ မသည်းအူကလည်း မြင်မြင်ချင်းပဲ မျိုးညွန့်ကို ရင်ခုန်သွားခဲ့ပါတယ်။

တနေ့မျိုးညွန့်တို့ သူငယ်ချင်းတစ်သိုက် မန္တလေးတက္ကသိုလ်ကို ကိစ္စတစ်ခုကြောင့် သွားကြရင်း လမ်းက စားသောက်ဆိုင်တစ်ဆိုင်မှာ ဒေါ်မြစိန်၊ မသည်းအူတို့ သားအမိနဲ့အတူ ကျော်စိုး(ကျော်ကျော်) တို့ မိသားစုကို တွေ့လိုက်ပါတယ်။ ဒုတိယအကြိမ်မြောက် တွေ့ဆုံရာမှာလည်း မသည်းအူနဲ့ မျိုးညွန့်တို့ အကြည့်ချင်းဆုံပြီး ရင်ခုန်ကြပြန်တယ်။ တစ်နေ့ မျိုးညွန့်တို့ကျောင်းထဲမှာ မသည်းအူတို့ စီးနင်းလိုက်ပါသွားတဲ့ ကားလေးရပ်ထားတာကို တွေ့လို့ ကားပိုင်ရှင်ကို စုံစမ်းကြည့်ရာမှာတော့ မသည်းအူရဲ့ အစ်ကို ကိုကို (ထိုက်စံမော့စ့်) ရဲ့ ကားဖြစ်နေတာကို သိလိုက်ရတာနဲ့ မျိုးညွန့်တစ်ယောက် ကိုကိုနဲ့ ရင်းနှီးအောင် ကြံစည်ရင်း တကယ့်ကို မိတ်ဆွေရင်းတွေ ဖြစ်သွားကြပါတော့တယ်။ တစ်နေ့ကိုကို့ရဲ့ ဖိတ်ခေါ်မှုနဲ့ တောင်ပေါ်မြို့က ကိုကိုတို့အိမ်ကို မျိုးညွန့်ရောက်သွားပါတယ်။ အဲ့ဒီတော့မှပဲ မသည်းအူရဲ့ အမည်ရင်းက ဂရေ့စ်ဟန်ထွန်း ဖြစ်ကြောင်း၊ အိမ်မှာတော့ ဆိုးလွန်းလို့ ဆိုးဆိုးလို့ပဲ ခေါ်ကြောင်းကို သိလိုက်ရပါတယ်။ တစ်ရက်မှာတော့ ကိုကိုက တောထဲကို ငှက်ပစ်ထွက်ချင်တာကြောင့် တောထဲကို လိုက်ခဲ့ဖို့ခေါ်သွားပါတယ်။ တောထဲမှာ မျိုးညွန့်နဲ့ မသည်းအူတို့ နှစ်ယောက်ထဲ ဆုံမိကြစဉ်မှာတော့ မျိုးညွန့်က မသည်းအူကို ဂရေ့စ်လို့လည်း မခေါ်ဘူး ဆိုးဆိုးလို့လည်း မခေါ်ဘူး။ ကိုယ့်ဖီလင်နဲ့ကိုယ် ပေးထားတဲ့ နာမည် မသည်းအူလို့ ခေါ်မယ်ဆိုပြီး ချစ်ရေးဆိုခဲ့ပါတယ်။ အဲ့ဒီညမှာပဲ ဒေါ်မြစိန်နဲ့ မျိုးညွန့် ဧည်းခန်းထဲမှာ ထိုင်ကြရင်း ဒေါ်မြစိန်က မသည်းအူကို  ပြင်ဦးလွင်က ကျော်စိုးနဲ့လက်ထပ်ပေးတော့မယ်လို့ ပြောလိုက်ပါတယ်။ အဲဒီမှာပဲ မျိုးညွန့်တစ်ယောက် စိတ်ထိခိုက်ပြီး နောက်တစ်နေ့မှာပဲ ပြင်ဦးလွင်ကို ပြန်သွားပါတယ်။

တစ်ရက်မှာတော့ ကိုကို အကူအညီလာတောင်းလို့ မျိုးညွန့်တစ်ယောက် မသည်းအူနဲ့ မသည်းအူသူငယ်ချင်းကို ရုက္ခဗေဒဥယျာဉ်ကို လိုက်ပို့ပေးရပါတယ်။ ပန်းခြံထဲမှာ မသည်းအူက မျိုးညွန့်ကို အဖြေပြန်ပေးခဲ့ပြီး ချစ်သူတွေ ဖြစ်သွားကြပါတယ်။ တစ်ရက်မှာတော့ မျိုးညွန့်က မသည်းအူကို အိမ်အလည်ခေါ်ပြီး မိသားစုနဲ့ တွေ့ပေးခဲ့ရာ မျိုးညွန့်မိသားစုရဲ့ ဖော်ရွေပွင့်လင်းမှုကြောင့် မသည်းအူ ပျော်ခဲ့ရပါတယ်။ ဒီလိုနဲ့ မသည်းအူကို သူ့မိဘတွေက ကျော်စိုးနဲ့ ပေးစားဖို့ စီစဉ်လာကြတာကို ဘယ်လိုမှ လက်မခံနိုင်တာကြောင့် မျိုးညွန့်နောက်ကို ခိုးရာလိုက်ဖို့ စီစဉ်ပါတော့တယ်။ မျိုးညွန့်နဲ့ မသည်းအူတို့ တရားရုံးမှာ လက်မှတ်ထိုးလိုက်ကြပြီး ခင်မောင်ထွေး (သားညီ) ရဲ့ တိုက်မှာ ခေတ္တနေထိုင်ကြပါတယ်။ မသည်းအူရဲ့ ဖခင်ဖြစ်သူ ဦးဟန်ထွန်း (ကျော်ရဲအောင်) မှာ သူ့သမီး ခုလိုလုပ်သွားလို့ အရမ်းကို ဒေါသဖြစ်ပြီး မျိုးညွန့်ကိုလည်း အလိုမတူဘဲ ပြန်ပေးဆွဲမှုနဲ့ အမှုဖွင့်ထားခဲ့ပါတယ်။

တစ်ရက်မှာတော့ မသည်းအူ မိဘတွေက မျိုးညွန့် မိဘတွေဆီကိုလာပြီး ကလေးတွေကို သဘောတူကြောင်း ပြောကာ ပြန်လာခဲ့ကြဖို့ သတင်းစာထဲမှာ ကြေညာပေးရန် တောင်းဆိုလိုက်ပါတယ်။ မိဘတွေရဲ့ သဘောတူ ခွင့်လွှတ်ကြောင်း ကြော်ငြာကို ဖတ်ရပြီး နောက်ဆုံးမှာတော့ နှစ်ယောက်စလုံး အိမ်ပြန်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ မသည်းအူနဲ့ မျိုးညွန့်တို့ နှစ်ဖက်မိဘတွေနဲ့ တွေ့ဆုံပြီး မင်္ဂလာကိစ္စတွေ စီစဉ်ကြပါတယ်။ မင်္ဂလာအစီအစဉ်အတိုင်း မျိုးညွန့်တို့သူငယ်ချင်း တစ်သိုက်နဲ့ မသည်းအူတို့ တောင်ပေါ်မြို့က အိမ်ကိုအသွား ပြင်ဦးလွင်မြို့အဝင်မှာပဲ ရဲက စစ်ဆေးပြီး မျိုးညွန့်နဲ့ သူငယ်ချင်းတစ်သိုက်ကို ပြန်ပေးဆွဲမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ မသည်းအူကိုလည်း သူ့မိဘတွေက အတင်းဆွဲခေါ် သွားကြပါတယ်။ ရုံးချိန်း တရားခွင်မှာတော့ မသည်းအူက အမှုအတွက် ဘယ်လိုတွေ ထွက်ဆိုမလဲ။ ဘာတွေ ဆက်ဖြစ်ကြဦးမလဲ။

Cinema Enquires

သမ္မတ - ၂၄၆၉၆၂ ၊ ၂၄၆၉၆၃
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : Corner of Yaw Min Gyi Street, No.5, Alan Pya Pagoda Road, Dagon Township

သွင် - ၃၇၂၅၉၄ ၊ ၃၈၈၀၃၃
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : No.309, Bogyoke Aung San Road, Near 36th Street, Kyauktada Township

မင်္ဂလာ(သိမ်ကြီးဈေး) - ၂၄၃၀၅၇ ၊ ၂၄၃၀၅၈
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : 5th Floor, Thein Gyi Zay (D), Shwe Dagon Pagoda Street,Central City Plaza, Latha Township

မင်္ဂလာစံပြ - ၀၉၂၆၀၈၈၇၀၃၅ ၊ ၀၉၂၆၀၈၈၇၀၃၆ ၊ ၀၁၂၃၀၃၁၆၅
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : Corner of Anawyahtar Road & Bhone Gyi Road, Lanmataw Township  

Top Royal ပါရမီ စိန်ဂေဟာ - ၀၉၄၂၀၁၈၆၂၉၁ ၊ ၀၉၄၂၀၁၈၆၂၉၂
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : 4th Floor ,Sein Gay Har (Parami) Shopping Centre, Parami Road, Hlaing Township

မင်္ဂလာဂမုန်းပွင့် (လှည်းတန်း-စံရိပ်ငြိမ်) - ၀၉၇၇၉၀၅၄၆၇၁၊ ၀၉၇၇၉၀၅၄၆၇၂
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : 4th Floor, No. 408, Gamone Hledan Centre, Insein Road, Hledan Township

JCGV Junction City (Ph-01-9253591/01-9253592 /Viber Only 09-952225580)
Fri to Sun - 10:00AM, 12:15PM, 3:00PM, 6:00PM, 08:50PM
Mon to Thu - 10:00AM, 12:15PM, 3:00PM, 6:00PM
Address : Corner of Bogyoke Aung San Road and Shwe Dagon Pagoda Road, Near Bogyoke Market

Junction Square - 01 527 055
Fri to Sat - 9:45AM, 12:30PM, 3:30PM,6:15PM,9:15PM
Sun to Thu - 9:45AM, 12:30PM, 3:30PM,6:15PM
Address : 2nd Floor, Junction Square- Kyun Taw Road, Kamayut Township

Junction Mawtin - 01 225 244
Fri to Sat - 10:00AM, 1:00PM, 4:00PM, 7:00PM, 9:45PM
Sun to Thu - 10:00AM, 1:00PM, 4:00PM, 7:00PM
Address : Corner of Anawrahta Road and Mawtin Street, Lanmadaw Township

City Mall (St.John) – 09 764802081
Fri to Sun - 09:45AM, 3:00PM, 9:00PM
Mon to Thu - 09:45AM, 3:00PM
Address : Pyay Road, St.John Bus-stop

ဖူးပွင့်သူ
Read More About Movies, Schedules & Contacts Here

    
  


Read 156 times Last modified on Friday, 22 September 2017 04:43
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.