Friday, 15 September 2017 07:50

Meryl Streep Don Gummer Relationship Pictures
1) Meryl Streep နဲ့ Don Gummer
ရည်းစားသေပြီး စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နေတဲ့ မင်းသမီးကြီး Meryl Streep ကို အနီးကပ် ဖေးမအားပေး ခဲ့သူကတော့ ပန်းပုဆရာလေး Don Gummer ပါ။ အဲ့ဒီနောက် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်သက်ဝင်ပြီး လက်ထပ်ခဲ့လိုက်တာ ဒီနေ့ အချိန်မှာတော့ အိမ်ထောင်သက် ၃၉ နှစ်ရှိနေပါပြီ။ အကွဲအပြဲများလှတဲ့ သူတို့လောကရဲ့ အိမ်ထောင်ရေးနယ်ပယ်မှာ ဒီလိုအောင်မြင်တဲ့ အိမ်ထောင်ရေးရဲ့လျှို့ဝှက်ချက်က တစ်ဦးကို တစ်ဦး နားထောင်ပေးပြီး ပြသနာတိုင်းကို တူတူတိုင်ပင်ဆွေးနွေးဖို့ပါပဲလို့ မင်းသမီးကြီးက ဆိုပါတယ်။

84379057 barack obama michelle obama zoom usweekly
2) Barack နဲ့ Michelle Obama
အောင်မြင်တဲ့ ယောကျာ်းတိုင်းရဲ့နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမရှိတယ်ဆိုတဲ့ စကားအတွက် အကောင်းဆုံး သက်သေပြနေတဲ့ စုံတွဲပါပဲ။ Michelle အမြဲပြောနေကျ စကားကတော့ ပျော်ပျော်နေကြပါ၊ ဘယ်တော့မှ လင်မယားချင်း ရှိုးတိုးရှန့်တန့်တွေ ဖြစ်မနေပါနဲ့ဆိုတာပါပဲ။
Gisele Bündchen and Tom Brady Intouch
3) Gisele Bundchen နဲ့ Tom Brady
စူပါမော်ဒယ် မိန်းမချောနဲ့ American Football ကစားသမား တို့ရဲ့ ၈ နှစ်ကျော် အိမ်ထောင်ရေးကလည်း အားကျစရာပါပဲ။ အခက်အခဲတွေ မျိုးစုံရင်ဆိုင်ခဲ့ရပေမယ့်လည်း ဒီနေ့ အချိန်မှာတော့ ကလေးနှစ်ယောက် မိခင် စူပါမော်ဒယ် Gisele ရဲ့အိမ်ထောင်ရေးသာယာဖို့ ခံယူချက်ကတော့ လင်ယောကျာ်းကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်ဖို့ပါတဲ့။
Barbra
4) Barbra Streisand နဲ့ James Brolin

အသက် ၅၀ ကျော်မှ ဖူးစာဆုံခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ဒီနေ့ အချိန်မှာ အိမ်ထောင်သက် ၁၉ နှစ်ကျော်ရှိနေပါပြီ။ မင်းသမီးကြီး Barbra Streisand ကတော့ ဒီလိုအိမ်ထောင်ရေး သာယာဖို့ဆိုတာ ဘာကိစ္စမဆို မချွင်းမချန် အကုန်အသိပေးပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ရိုးသားကြင်နာဖို့က အဓိကပါလို့ ဖွင့်ဆိုလာခဲ့ပါတယ်။

Colin Firth Livia Giuggiolli
5) Colin Firth နဲ့ Livia Giuggiolli
မင်းသားကြီး Colin Firth ကတော့ သူရဲ့ အနှစ် ၂၀ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး တာဝေးပြေးသလိုပါပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဘယ်လောက် ဝေးဝေးပြေးပြေး သတ်မှတ်ထားတဲ့ စည်းထဲကတော့ မထွက်ဘူးလို့ ဆိုလိုတာပါ။ ဒါကြောင့်လည်း သူတို့စုံတွဲဟာ နှစ်ကိုယ်တည်း အချိန်ပေးပြီး ပိုနေဖြစ်ကြတယ်လို့ ဆိုပါတယ်။
Colin Firth Livia Giuggiolli 01
6) Channing Tatum နဲ့ Jenna Dewan
2006 ခုနှစ်က ထွက်ရှိခဲ့တဲ့ Step Up ရုပ်ရှင်ကားကို အမြဲကျေးဇူးတင်နေသူတွေကတော့ အဲဒီကားရဲ့ မင်သားနဲ့ မင်းသမီးဖြစ်တဲ့ Channing Tatum နဲ့ Jenna Dewan တို့ပဲဖြစ်ပါတယ်။ အဲဒီကားမှာ သူတို့ဆုံတွေ့ခဲ့ပြီး လက်ထပ်ဖြစ်ခဲ့တာဖြစ်လို့ သူတို့အတွက်တော့ မမေ့နိုင်စရာပါ။ သူတို့ ၈ နှစ်သက်တမ်းကြာ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်က ခံစားချက် အစစ်အမှန်ကို မလိမ်မညာ ၀န်ခံကြတာပါပဲလို့ ဖွင့်ဟလာခဲ့ပါတယ်။ တစ်ဦးအပေါ်တစ်ဦး ဘယ်လောက် ခံစားချက်ရှိသေးလဲဆိုတာကို မလိမ်မညာဘဲ အမြဲစစ်ဆေးနေတာက သူတို့အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ပါပဲတဲ့။
Pierce Brosnan and Keely Shaye Smith i1.irishmirror
7) Pierce Brosnan နဲ့ Keely Shaye Smith
ဇနီးဖြစ်သူ Kelly Shaye Smith ကိုယ်တိုင်ကလည်း ရုပ်သံအစီအစဉ်မှာ လုပ်ကိုင်နေသူဆိုတော့ မိမိကိုယ်တိုင်ကမှ အပြန်အလှန် လေးစားတန်ဖိုးမထားရင် သူကလည်း ကိုယ့်ကို အချိန်မရွေး ထားခဲ့မှာပဲလေလို့ ဆိုလာသူကတော့ James Bond မင်းသားကြီး Pierce Brosnan ပဲ ဖြစ်ပါတယ်။ သူတို့လင်မယားရဲ့ ၁၆ နှစ်ကြာ အိမ်ထောင်ရေး အောင်မြင်မှု လျှို့ဝှက်ချက်ကတော့ အပြန်အလှန်လေးစားမှုရှိပြီး မဖောက်ပြန်ကြဖို့ပါပဲ လို့ဆိုပါတယ်။
Matt Damon eJY Luciana Barroso 00
8) Matt Damon နဲ့ Luciana Barroso
မင်းသားချော Matt Damon ရဲ့အိမ်သူသက်ထားကတော့ အနုပညာ သရုပ်ဆောင် လောကထဲကမဟုတ်ဘဲ ဘားမှာ အရက်စပ်တဲ့ မိန်းကလေးတစ်ဦးပါ။ မင်းသားကြီးဟာ အရာရာမှာ ဇနီးနဲ့ မိသားစုကသာ ပထမလို့ သတ်မှတ်ထားသူပါ။ ဒီလို ဇနီးမျိုးရတာ သူ့အတွက် ကံအကောင်းဆုံးပဲလို့ မှတ်ယူထားသူပါ။ ၁၂ နှစ်ကြာ သူတို့အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကတော့ ဘယ်သောအခါမှ နှစ်ပတ်ထက် ပိုပြီး ခွဲမနေနဲ့ ဆိုတဲ့ စည်းမျဉ်းပါပဲ။
Cindy Crawford Rande Gerber
9) Cindy Crawford နဲ့ Rande Gerber
စူပါမော်ဒယ်နဲ့ စီးပွားရေး လုပ်ငန်းရှင်တို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက တွေ့ခဲ့ကြပြီး ချစ်သူအဖြစ် ခဏတာ တွဲခဲ့ပြီးမှ မိတ်ဆွေ သူငယ်ချင်းအဖြစ်နဲ့ ဆက်ရှိနေကြတာပါ။ အဲဒီနောက်မှာ Cindy Crawford က မင်းသားကြီး Richard Gere နဲ့ လက်ထပ်ခဲ့ပြီး အဲဒီ အိမ်ထောင်ရေး ပြိုကွဲပြီးတဲ့ နောက်မှာတော့ စူပါမော်ဒယ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တို့ရဲ့ တစ်ကျော့ပြန် ဇာတ်လမ်းမှာ သူတို့နှစ်ယောက်ဟာ တကယ့်ကို ဖူးစာဖက်တွေလို့ ခံယူပြီး လက်တွဲလာခဲ့တာ ဒီနေ့ အချိန်ဆိုရင် အိမ်ထောင်သက် ၁၉ နှစ်ရှိနေပါပြီ။ သူငယ်ချင်း အဖြစ်နဲ့ စခဲ့တဲ့ သူတို့ဇာတ်လမ်းဟာ တစ်သက်လုံးလည်း သူငယ်ချင်းတွေလိုပဲ နားလည်မှု အပြည့်အ၀ရှိတာဟာ သူတို့အိမ်ထောင်ရေးရဲ့လျှို့ဝှက်ချက်ပါပဲတဲ့။
kelly preston john travolta closer weekly
10) John Travolta နဲ့ Kelly Preston
2009 ခုနှစ်မှာ John နဲ့ Kelly တို့ရဲ့ ၁၆ နှစ်အရွယ် သားကို ဆုံးရှုံးလိုက်ရတော့ သူတို့ရဲ့ အိမ်ထောင်ရေးလည်း အဆုံးသတ်ပြီလို့ ထင်နေကြပါတယ်။ ဒါပေမယ့် ကျန်ရှိတဲ့ ကလေးနှစ်ယောက်နဲ့ မိသားစုဘ၀အတွက် မင်းသားကြီး John Travolta ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဒီနေ့အချိန်ထိ သူတို့ရဲ့ ၂၆ နှစ်တာ အိမ်ထောင်ရေးက ခိုင်မြဲနေတာပါ။ ဖြစ်လာသမျှ ပြဿနာတွေကို လင်မယားနှစ်ယောက် တူတူရင်ဆိုင် အဖြေရှာခြင်းဟာ အောင်မြင်တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ပါလို့ ဆိုပါတယ်။
Bono eJY Alison Hewson
11) Kevin Costner နဲ့ Christine Baumgartner
ပထမအိမ်ထောင် ကွာရှင်းပြီးတဲ့အချိန်မှာ တော်တော်ကို စိတ်မသက်မသာဖြစ်ခဲ့ရတဲ့ မင်းသားကြီး Kevin Costner ဟာ သူရဲ့ သားသမီးတွေကို နောက်ထပ်ဘယ်တော့မှ ဒီလိုစိတ်ခံစားမှုတွေ မခံစားစေရဘူးဆိုတဲ့ စိတ်နဲ့ ဒုတိယအိမ်ထောင်ကို ပိုပြီးဂရုတစိုက် တည်ဆောက်ခဲ့သူပါ။ သူ့ရဲ့ယခုလက်ရှိ ၁၃ နှစ်ကြာ အိမ်ထောင်ရေးမှာ မှန်နေရင်တောင် အရင်စတောင်းပန်ဖို့ ၀န်မလေးခဲ့ပါဘူးလို့ သူ့ရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ဟခဲ့ပါတယ်။
Kevin Costner eJY Christine Baumgartner
12) Cate Blanchett နဲ့ Andrew Upton
သူတို့စုံတွဲကိုကြည့်ပြီး မလိုသူတွေကတော့ ဒီမင်းသမီး ဒီလူကို ဘာကြည့်ကြိုက်လိုက်တာလဲလို့ ပြောကြပါတယ်။ သူတို့ လက်ထပ်ဖြစ်ခဲ့တာကလည်း အကြောင်းအရာ တော်တော်များများမှာ အကြိုက်တူ စိတ်ဝင်စားမှုတွေပါ တူညီနေပြီး အမြင်တွေပါ ထပ်တူကျနေလို့ ဖြစ်ပါတယ်။ အနှစ် ၂၀ အိမ်ထောင်သက် အတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကုန်ပျင်းရိသွားစရာ မရှိတဲ့အပြင်ကို လျှို့ဝှက်ချက်ဆိုတာလည်း ဘာတစ်ခု မထားခဲ့ကြလို့ Email ကိုတောင် တစ်ခုတည်းကို တူတူသုံးကြတာပါတဲ့။
Cate Blanchett and Andrew Upton i2.mirror.co
13) Bono နဲ့ Alison Hewson
ဆယ်ကျော်သက် ဘ၀ကတည်းကနေ ချစ်သူတွေဖြစ်လာပြီး ငယ်လင် ငယ်မယားတွေဖြစ်ကြတဲ့ ကမ္ဘာကျော် U2 အဖွဲ့ရဲ့ အဆိုတော် Bono တို့ရဲ့ အိမ်ထောင်ရေးဟာ ၃၅ နှစ်ကျော်ရှိပါပြီ။ အောင်မြင်တဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံယူချက်ကတော့ ကြပ်ကြပ်မတ်မတ် စီမံခန့်ခွဲဖို့လိုမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အိမ်သူသက်ထားက အဲ့ဒီဘက်မှာ အထူးကျွမ်းကျင်တယ်လို့ ဆိုသွားပါတယ်။
nicole kidman keith urban 4
14) Nicole Kidman နဲ့ Keith Urban
ပထမအိမ်ထောင် မင်းသားကြီး Tom Cruise နဲ့ ကွာရှင်းပြီးနောက် တော်တော်လေး ခံစားနေရတဲ့ အချိန်မှာ Nicole Kidman တစ်ယောက် အဆိုတော်ဖြစ်တဲ့ Keith Urban နဲ့ ဆုံခဲ့တာပါ။ ကူညီနှစ်သိမ့် နားလည်ပေးခဲ့တဲ့ Keith Urban ကြောင့် Nicole Kidman တစ်ယောက် ထပ်မံ ပေါ်ပေါက်လာတဲ့ အချစ်နဲ့ အတူ သူနဲ့သာလျှင်ပဲ ဘ၀ကို ကုန်ဆုံးချင်တယ်လို့ ဖြစ်ခဲ့တာပါ။ သူတို့ရဲ့လျှို့ဝှက်ချက်ထဲက တစ်ခုကတော့ ဒီနေ့အချိန်ထိ အိမ်ထောင်သက် ၁၁ နှစ်ရှိနေပြီဖြစ်ပေမယ့် Keith Urban ကတော့ Nicole Kidman ကို ချစ်သူရည်းစားဘ၀ကလိုပဲ ချစ်တုန်း သဘောထားတုန်းပါပဲတဲ့။

Ref: brightside.me
Image: Google

နေလင်း
Read More About Celebrity Articles Here

 


Read 283 times Last modified on Friday, 15 September 2017 08:54
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.