Thursday, 14 September 2017 08:25

fashion movie
ဒီတစ်ပတ်အတွက် ရုပ်ရှင်အညွှန်းကတော့ ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးထားတဲ့ ‘ဖက်ရှင်’ ဆိုတဲ့ ဒရာမာကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာက ဖက်ရှင်နဲ့ ပတ်သက်ပြီး ချစ်သူနှစ်ဦးကြားထဲမှာ ပဋိပက္ခတွေနဲ့ ပျော်ရွှင်ရယ်မောကြရမယ့် ရသမျိုးကို ပုံဖော်ထားပြီး အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။

ဇာတ်လမ်းအကျဉ်း
ချမ်းသာကြွယ်ဝတဲ့ လုပ်ငန်းရှင်သူဌေးကြီး ဦးသိန်းတန် (မြန်မာပြည်သိန်းတန်) နဲ့ ဒေါ်နန္ဒာသန်း (နုနန္ဒာသန်း) တို့မှာ မိဘစကားကို မြေ၀ယ်မကျ နားထောင်ပြီး လိမ္မာရေးခြားရှိတဲ့ တစ်ဦးတည်းသော သား ဇေရတု (ဇေရဲထက်) ရှိပါတယ်။ ဖခင် ဦးသိန်းတန်က အနုပညာကို ၀ါသနာပါသူဖြစ်သလို ဇနီးဖြစ်သူ ဒေါ်နန္ဒာသန်းကလည်း အ၀တ်အစား ဖက်ရှင်တီထွင်ခြင်းကို အားစိုက်လုပ်ဆောင်သူ တစ်ယောက်ပါ။ သားဖြစ်သူ ဇေရတု နေ့စဉ်ဝတ်စားဆင်ယင်ဖို့ ဖက်ရှင်ဒီဇိုင်းတွေကိုလည်း တီထွင်ပေးနေတာပဲ ဖြစ်ပါတယ်။ ၀င့်ဝါချစ် (ခင်ဝင့်ဝါ) ကတော့ ဇေရတုရဲ့ချစ်သူပါ။ သင်တန်းမှာ ဇေရတုနေ့စဉ် ၀တ်ဆင်လာတဲ့ ဖက်ရှင်တွေကြောင့် လူအများရဲ့ အာရုံစိုက်ခံရတာကို မနှစ်သက်တဲ့သူလည်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ၀င့်ဝါချစ်ကို တစ်ဖတ်သတ်ပိုးနေတဲ့ ပြေတိုး (မျောက်ရှုံး) နဲ့ နေတီဦး (ကျင်ဝှက်) တို့ ညီအစ်ကို ၂ဦးကြောင့် နေ့စဉ် စိတ်အနှောင့်အယှက် ဖြစ်နေရပါတယ်။ ဒီလိုပဲ ဇေရတုမှာလည်း မိဘချင်းသဘောတူထားတဲ့ ယုယလွင် (ယွှန်းရွှေရည်) ဆိုတဲ့ မိန်းကလေးတစ်ဦး ရှိပါတယ်။

တစ်နေ့ ၀င့်ဝါချစ်တို့ရဲ့ သူငယ်ချင်းတယောက် မွေးနေ့မှာ သူငယ်ချင်းတွေအားလုံး တွေ့ဆုံမှာမို့ ဇေရတုကို လူငယ်ဆန်ဆန် ကိုယ်နဲ့လိုက်ဖက်မယ့် အ၀တ်အစားကိုပဲ ၀တ်လာဖို့ ချိန်းဆိုလိုက်ပါတယ်။ တကယ်တမ်း နိုက်ကလပ်လည်းရောက်ရော ဇေရတုက မိခင်ဖြစ်သူ ဆင်ပေးလိုက်တဲ့ မလိုက်ဖက်တဲ့ ဖက်ရှင်တွေကြောင့် ၀င့်ဝါချစ်က စိတ်ဆိုးပြီး တွဲမကတော့ဘဲ ရှောင်နေခဲ့ပါတယ်။ ဒါကို ဇေရတုက ခံစားရပြီး နောက်ကို ၀င့်ဝါချစ် စိတ်အနှောင့်ယှက်ဖြစ်အောင် မလုပ်တော့ဘဲ စိတ်ချမ်းသာအောင် ထားပါမယ်ဆိုပြီး ဇေရတုက ကတိပေးခဲ့ပါတယ်။
တစ်နေ့မှာတော့ ဇေရတုတို့မိသားစုနဲ့ ယုယလွင်တို့ သားအမိတွေ့စဉ် ယုယလွင်က အမှတ်တရ ဆဲလ်ဖီရိုက်ပြီး ဖေ့ဘုတ်ပေါ် တင်လိုက်တာကို ၀င့်ဝါချစ်က တွေ့ရှိသွားပါတယ်။ အဲ့ဒီမှာ ၀င့်ဝါချစ်က မနာလိုဖြစ်ပြီး ချစ်သူကို အနေအထိုင် ဆင်ခြင်ဖို့ သတိပေးခဲ့ပါတယ်။ တစ်နေ့ ကော်ဖီဆိုင်မှာ ဇေရတုတို့မိသားစုနဲ့ ယုယလွင်တို့မိသားစု နံနက်စာ အတူစားနေစဉ် ၀င့်ဝါချစ် ရောက်လာပြီး မချေမငံ စကားပြောရာကနေ မိဘတွေနဲ့ ပြဿနာဖြစ်ပြီး ဇေရတုမိဘတွေက ဂါရ၀တရားမရှိတဲ့ ဒီလိုမိန်းကလေးနဲ့ မဆက်ဆံဖို့ အပြတ်ပြောလိုက်ပါတယ်။ နောက်ပိုင်းမှာ ၀င့်ဝါချစ်နဲ့ ဇေရတုမိဘတွေ ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမှာလဲဆိုတာ ….။

Cinema Enquires

မင်္ဂလာဝဇီရာ (လှိုင်သာယာ)- ၀၁ ၆၄၅ ၀၈၄၊ ၀၉ ၂၆၁ ၉၀၁ ၁၅၅၊ ၀၉ ၂၆၁ ၉၀၁ ၁၆၆၊ ၀၉ ၂၆၁ ၉၀၁ ၁၇၇
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : 232, Magwe St., Corner of Bo Aung Kyaw St.,Near Mee Khwet Market, Ward (8), Haling Tharyar Township

Top Royal ပါရမီ စိန်ဂေဟာ - ၀၉၄၂၀၁၈၆၂၉၁ ၊ ၀၉၄၂၀၁၈၆၂၉၂
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : 4th Floor ,Sein Gay Har (Parami) Shopping Centre, Parami Road, Hlaing Township


မင်္ဂလာဂမုန်းပွင့် (လှည်းတန်း-စံရိပ်ငြိမ်) - ၀၉၇၇၉၀၅၄၆၇၁၊ ၀၉၇၇၉၀၅၄၆၇၂
(၁၀း၀၀၊ ၁၂း၃၀၊ ၃း၃၀၊ ၆း၃၀၊ ၉း၃၀)
Address : 4th Floor, No. 408, Gamone Hledan Centre, Insein Road, Hledan Township


Read times Last modified on Thursday, 14 September 2017 08:50
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.