Monday, 11 September 2017 06:37

amaranyein
ဒီတစ်ပတ်ရဲ့ Celebrity's Choice ကဏ္ဍမှာတော့ မော်ဒယ် အမရာငြိမ်းရဲ့ လတ်တလော သွားဖြစ်နေတဲ့ Bar လေးတွေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

“ညီမ အခုတလော သွားဖြစ်နေတာကတော့ Harry's Bar နဲ့ Sport Bar ပါ။ နှစ်ဆိုင်စလုံးက အစားအသောက်တွေကို ကြိုက်လို့ပါ။ Bar တချို့က အစားအသောက်ကို သိပ် Focus မထားဘူး လားလို့။ နောက်ပြီး သူတို့က နည်းနည်းလည်း Freedom Taste ရသလိုပဲလေ”  လို့ အမရာငြိမ်းက ပြောပါတယ်။ အမရာငြိမ်း နောက်ထပ်ရွေးချယ်ထားတဲ့ Bar တစ်ခုကတော့ Escape Bar ပါပဲ။ “Escape Bar ကိုလည်း သဘောကျတယ်။ Location ကြောင့်ရော အစားအသောက်ကြောင့်ပါ သူ့ကို သဘောကျတယ်” လို့ အမရာငြိမ်းက ပြောပါတယ်။
HPL Harry
Harry's Bar

Harry's Bar မှာ အဓိကနာမည်ကြီးတာကတော့ HPL (Harry's Premium Lager) Beer ပဲဖြစ်ပြီး Full  Pint နဲ့ Half Pint ဆိုပြီး ကိုယ်သောက်နိုင်သလောက် မှာလို့ ရပါတယ်။ ဘီယာနဲ့ တွဲဖက် စားသောက်ဖို့အတွက်ကိုလည်း အမြည်းတွေက စုံစုံလင်လင်ပါပဲ။ Chiptease အာလူးကြော်၊ Chicken Tendoor Skewers နဲ့ Sausage Platter တွေကတော့ Harry’s Bar ရဲ့ အကောင်းဆုံး Item တွေပါ။ Harry's Bar မှာ အဓိကရနိုင်တာက HPL Beer အပြင် အခြားဘီယာတွေလည်း အမျိုးအစားအစုံအလင် ရနိုင်ပါသေးတယ်။ ဘောလုံးပွဲလည်း ပြတတ်ပြီး Music Band တွေရဲ့ ဖျော်ဖြေမှုကိုလည်း Harry's Bar မှာ ခံစားနားဆင်နိုင်ပါတယ်။
Harry's Bar - Myanmar Plaza။ ဖုန်း - 09 777 708 395
Sport Bar 1
Sport Bar

Sport Bar မှာတော့ Cocktail၊ Shisha၊ ၀ိုင်၊ ဘီယာစတဲ့ ယမကာမျိုးစုံကို ရရှိနိုင်ပါတယ်။ Sport Bar ရဲ့ ထူးခြားချက်က အရသာနဲ့ ပြည့်စုံတဲ့ အစားအသောက်ပါပဲ။ Sport Bar ရဲ့ ဂဏန်းမုန့်ဟင်းခါးကတော့ ဆိုင်ရဲ့ တမူထူးခြားတဲ့ စားပွဲတစ်ခုလို့ ပြောရမှာပါပဲ။ ဒါ့အပြင် ဂဏန်းပေါင်း၊ ၀က်ခေါက်ကိုက်လံကြော်၊ ဆိတ်မွသုတ်၊ ၀က်နံရိုးပေါင်း၊ ငါးနှစ်မျက်နှာ၊ ပဲပင်ပေါက်သုတ်နဲ့ ၀က်ဂုတ်သားကင်တို့ကလည်း Sport Bar ရဲ့ နာမည်ကြီး လူကြိုက်များလှတဲ့ အစားအစာတွေပါပဲ။ Sport Bar မှာ Live DJ တွေလည်း ရှိပါတယ်။ ဆိုင်နေရာကလည်း ကျယ်ဝန်းတော့ကြောင့် အေးအေးဆေးဆေးနဲ့ လွတ်လွတ်လပ်လပ် အပန်းဖြေလို့ရပါတယ်။
Sport Bar - မြရိပ်ညိုဟိုတယ်၊ ဗဟန်းမြို့နယ်။ ဖုန်း - 09 731 32161
Escape Gastro Bar 1
Escape Gastro Bar

Escape Gastro Bar ကတော့ ဥရောပ၊ ထိုင်း၊ မြန်မာနဲ့ ဗီယက်နမ် အစားအစာတွေကို မှာယူစားသုံးနိုင်တဲ့ Bar လေးပါပဲ။ ကျယ်ဝန်းပြီး သပ်ရပ်သန့်ရှင်းပါတယ်။ နိုင်ငံတကာအဆင့်မီ ဘားကောင်တာကတော့ Escape bar ရဲ့အဓိက ထူးခြားချက်ပါ။ Escape Bar မှာ ချဉ်စပ်ရေဘ၀ဲ၊ ပုဇွန်ကပ်ကြော်၊ ကဏန်းထမင်းလိပ်၊ ဆူရှိလိပ်၊ အမဲသားလုံးကြော်၊ ဆယ်မွန်ကင်၊ ၀က်သားကင်၊ ကြက်တောင်ပံ၊ ငါးအသာလုံး၊ ပုစွန်တန်ပူရာ၊ ဆယ်မွန်သုပ်၊ အမဲကင်သုပ်၊ နာနတ်သီး ထမင်းကြော်၊ Escape ဆန်းဒ၀ှစ်၊ အသီးအရွက်တန်ပူရာ စတဲ့ ထူးခြားတဲ့ ဟင်းလျာတွေကို မှာယူနိုင်ပါတယ်။ သောက်စရာအနေနဲ့ကတော့ ကော့တေး၊ မော့တေး၊ Soft Drink၊ ဘီယာ၊ ၀ီစကီ၊ ရှန်ပိန်၊ ၀ိုင်နဲ့ ရာသီပေါ် သီးနှံမျိုးစုံကို သောက်သုံးနိုင်ပါတယ်။
Escape Gastro Bar - အမှတ်(၃၁၊D)၊ ကန်ရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ချော်တွင်းကုန်း။ ဖုန်း - 09 254 357 499

Read More About Celebrity Articles Here
Read More About Bar & Restaurants Here


Read 226 times Last modified on Monday, 11 September 2017 06:59
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.