Friday, 08 September 2017 04:02

Matthew McConaughey HD Image
ဒီနေ့အချိန်မှာ ၀ိတ်ချဖို့ ၀ိတ်လျော့ဖို့ဆိုပြီး အပင်ပန်းခံ၊ အားကစားလုပ်၊ အစားအသောက်ဆင်းရဲခံပြီး ၄၊ ၅ ပေါင်လောက်ကျဖို့ အသည်းအသန် ကြိုးစားနေသူတွေ မင်းသားကြီး Matthew McConaughey ဆီမှာ ၀ိတ်ချနည်းလေးများ မေးကြည့်ကြပါလို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ အော်စကာဆု ဆွတ်ခူးခဲ့တဲ့ Dallas Buyer Club (2013) ရုပ်ရှင်မှာ AIDS ဝေဒနာရှင်အဖြစ် သဏ္ဍန်လုပ် သရုပ်တူအောင်လို့ ၄၇ ပေါင်အထိ ၀ိတ်ချပြီး သရုပ်ဆောင်ခဲ့တာဖြစ်လို့ပါ။ ဒါကြောင့်လည်း အဲဒီကားနဲ့တင် Oscar Award ရော Golden Globe Award အပြင် အခြားထူးချွန်ဆုပေါင်းများစွာကို သိမ်းပိုက်အောင်မြင်ခဲ့ပါတယ်။
Matthew McConaughey in Dallas Buyers Club
၁၉၆၉ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်လို့ ဒီနေ့ အချိန်မှာတော့ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ ဒီကားမတိုင်ခင်မှာကတည်းက The Wedding Planner (2001)၊ Sahara (2005)၊ The Lincolin Lawyer (2011)၊ Mud (2012) အစရှိတဲ့ ရုပ်ရှင်ကားများနဲ့ အောင်မြင်ပြီးဖြစ်နေသူပါ။ ဒါ့အပြင် Dallas Buyer Club နဲ့တစ်နှစ်တည်း အတူထွက်ရှိခဲ့တဲ့ The Wolf of Wall Street (2013) မှာလည်း ပါဝင်ထားပါသေးတယ်။ ဒါ့အပြင် Christopher Nolan ရဲ့နာမည်ကျော် sci-fi ရုပ်ရှင်ဖြစ်တဲ့ Interstellar (2014) မှာလည်း အပီအပြင် သရုပ်ဆောင်ပြခဲ့ပါသေးတယ်။ အခုလက်ရှိမှာ မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသနေတဲ့ The Dark Tower (2017) မှာသူ့ရဲ့ သရုပ်ဆောင်ကွက်တွေကို ခံစားကြည့်ရှုနိုင်ပါသေးတယ်။
matthew mcconaughey gettyimages 589532902 1600jpg
ကမ္ဘာကျော် ၀င်ငွေအများဆုံး စံချိန်တင်ခဲ့တဲ့ Titanic (1997) ရုပ်ရှင်မှာ သူ့ကို စဉ်းစားထားခဲ့ကြပေမယ့် Leonardo DiCaprio က လက်ခံလိုက်လို့သာ သူ မပါဖြစ်ခဲ့တာပါ။ အရပ်မြင့်မြင့် အညိုရောင် ဆံပင်ကောက်ကောက်နဲ့ သူ့ပုံစံဟာ အထက်တန်းကျောင်းသား ဘ၀မှာကတည်းက Most Handsome လို့ ၀ိုင်းပြီး မဲပေးခံခဲ့ရသူပါ။ ဒါ့အပြင် Hollywood အသိုင်းအ၀ိုင်းကလည်း Body Transforming အလုပ်နိုင်ဆုံး မင်းသားတစ်ယောက်အဖြစ် သူ့ကို သတ်မှတ်ထားသလို ကျရာဇာတ်ရုပ်ကို စိတ်ရော ကိုယ်ပါ နှစ်ပြီး သရုပ်ဆောင်တတ်သူ တစ်ယောက်အဖြစ်လည်း အသိအမှတ်ပြုခြင်းခံရသူပါ။ လက်ရှိမှာတော့ ဘရာဇီးလ်မော်ဒယ်လည်းဖြစ် TV အစီအစဉ်တင်ဆက်သူလည်း ဖြစ်တဲ့ ဇနီးသည် Camila Alves နဲ့ ၂၀၀၆  ခုနှစ်ကတည်းက စတင်တွဲဖြစ်ခဲ့ပြီး ဒီနေ့အချိန်မှာတော့ သားသမီး ၃ ယောက်နဲ့အတူ နေထိုင်ရင်း အနုပညာအလုပ်တွေရော သူ ၀ါသနာပါရာ တိရိစ္ဆာန်ကယ်ဆယ်ရေး လုပ်ငန်းတွေကိုပါ လုပ်ကိုင်လျက်ရှိပါတယ်။

နေလင်း
Photo Credit - Google
Read More About Celebrity Articles Here


Read times Last modified on Friday, 08 September 2017 04:12
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.