Thursday, 07 September 2017 05:20

bodyguard1
Hitman ဆိုတာ ထူးချွန်တဲ့ ကြေးစားလူသတ်သမားကို ညွှန်းဆိုတာပါ။ အဲဒီ Hitman ကို Bodyguard လုပ်ရမယ်ဆိုတော့ The Hitman’s Bodyguard (2017) ဆိုတဲ့ သြဂုတ် ၁၈ ရက်မှာ ရုံတင်မယ့် ဒီကားက ဆွဲဆောင်မှုကောင်းနေပြီပေါ့။ ဒီကားရဲ့ ဇာတ်လမ်းအကျဉ်းကလည်း ကမ္ဘာ့အတော်ဆုံး Bodyguard တစ်ယောက်က Hitman တစ်ယောက်ကို နိုင်ငံတကာတရားရုံးမှာ သက်သေခံ ကျမ်းကျိန်ဖို့အတွက် စောင့်ရှောက်ပေးရတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခရီးမှာ အရှေ့ဥရောပက လူဆိုးဂိုဏ်းက ဘယ်လိုနှောင့်ယှက်မလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားကို ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ ၂၀၁၄ ခုနှစ်က ရုံတင်ခဲ့တဲ့ The Expendables ရဲ့ဒါရိုက်တာ Patrick Hughes ပဲ ဖြစ်ပါတယ်။ Deadpool (2016) ရဲ့မင်းသား Ryan Reynolds က Bodyguard အဖြစ်နဲ့ မင်းသားကြီး Samuel L. Jackson တို့က Hitman အဖြစ် ပါဝင်ထားပြီး မင်းသမီးချော Salma Hayek က Hitmanရဲ့ ဇနီးအဖြစ်နဲ့ မင်းသားကြီး Gary Oldman က အရှေ့ဥရောပရဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်အဖြစ် အားဖြည့်ထားပါတယ်။ ဒီကားကို Action Comedy အမျိုးအစားအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး သူထွက်ရှိခဲ့တဲ့ Poster တစ်ခုမှာဆိုရင် ၁၉၉၂ ခုနှစ် က ရုံတင်ခဲ့တဲ့ မင်းသားကြီး Kevin Costner ရဲ့ The Bodyguard ပုံစံ ရိုက်ကူးထားပါသေးတယ်။ ဒါ့အပြင် Trailer မှာလည်း The Bodyguard ထဲက သီချင်းကို နောက်ခံအဖြစ် သုံးထားပါသေးတယ်။ Ryan နဲ့ Samuel တို့ဟာ ၂၀၁၃ ခုနှစ်က ရုံတင်ခဲ့တဲ့ Turbo ဆိုတဲ့ Animation ရုပ်ရှင်မှာသာ အသံသရုပ်ဆောင်အနေနဲ့ ဆုံခဲ့ကြတာဖြစ်ပြီး အခုကားမှာတော့ သူတို့ နှစ်ယောက် ပထမဆုံး တွဲဖက်သရုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါဟာလည်း Deadpool ရိုက်နေတုန်းမှာ Ryan က Samuel ရဲ့ Nick Fury အဖြစ် သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ချီးမွမ်းပြောဆိုဖူးတာကြောင့်များလားလို့ တွေးစရာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာရော၊ သရုပ်ဆောင်တွေရော အင်အားကောင်းကောင်းနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ Box Office မှာ ၀င်ငွေစံချိန် ချိုးမချိုးကိုပဲ စောင့်ကြည့်ရမယ့် ရုပ်ရှင်ကားကောင်း တစ်ကားဆိုတာ ညွှန်းလိုက်ရပါတယ်။

Cinema Enquires

Nay Pyi Taw - 01 251277, 01 251288
(10:00 AM, 12:30 PM, 3:30 PM, 6:30 PM, 9:30 PM)
Address : Nay Pyi Taw – No.242-248, Sule Pagoda Road, Kyauktada Township

Mingalar San Pya - 09 73176000, 09 260 887 035, 09 260 887 036
(10:00 AM, 12:30 PM, 3:30 PM, 6:30 PM, 9:30 PM)
Address : Corner of Anawyahtar Road & Bhone Gyi Road , Lanmataw Township

Mingalar Cineplex Gamone Pwint (Hledan, San yeik nyein) – 09779054671, 09779054671
(10:00 AM, 12:30 PM, 3:30 PM, 6:30 PM, 9:30 PM)
Address : 4th Floor, No. 408, Gamone Hledan Centre, Insein Road, Hledan Township

JCGV Junction City (Ph-01-9253591/01-9253592 /Viber Only 09-952225580)
Fri to Sun - 09:35AM,12:00PM,2:30PM,5:00PM,7:25PM,9:50PM
Mon to Thu - 09:35AM,12:00PM,2:30PM,5:00PM,7:25PM
Address : Corner of Bogyoke Aung San Road and Shwe Dagon Pagoda Road, Near Bogyoke Market

Junction Square - 01 527 055
Fri to Sat - 10:00AM, 1:00PM,4:00PM,7:00PM,9:30P
Sun to Thu - 10:00AM, 1:00PM,4:00PM,7:00PM
Address : 2nd Floor, Junction Square- Kyun Taw Road, Kamayut Township

City Mall (St.John) – 09 764802081
Fri to Sun - 09:45AM,12:30PM,3:30PM,6:00PM,9:00PM
Mon to Thu - 09:45AM,12:30PM,3:30PM,6:00PM
Address : Pyay Road, St.John Bus-stop

နေလင်း
Read More About Movies, Cinemas & Schedules Here


Read 161 times Last modified on Thursday, 07 September 2017 05:33
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.