Monday, 04 September 2017 06:51

Maria Sharapova3
Tennis လောကမှာ အချောအလှအမျိုးသမီး ကစားသမားတွေ ပေါ်ထွက်လာခဲ့ဖူးတဲ့ အထဲကမှ ချောလှသလောက် အောင်မြင်မှုပါ ကြီးခဲ့တဲ့သူကတော့ လက်ရှိ US မှာလည်း လက်စွမ်းပြနေတဲ့ Russia Tennis မယ် Maria Sharapova ပဲ ဖြစ်ပါတယ်။ တချို့ အမျိုးသမီးကစားသမားတွေဟာ ကွင်းထဲက လက်စွမ်းထက် ကွင်းပြင်က အလှအပတွေကြောင့် ၀င်ငွေကောင်း နာမည်ကြီးခဲ့ပေမယ့် Sharapova ကတော့ ၆ ပေ ၂ လက်မရှိတဲ့ အရပ်အမောင်းနဲ့ ကွင်းထဲမှာရော ကွင်းပြင်မှာပါ စိုးမိုးနိုင်ခဲ့သူပါ။ ကမ္ဘာ့နံပတ် ၁ နေရာကို နှစ်ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ ၁၀ ဦးတည်းသာရှိခဲ့တဲ့ Grand Slam ဆုကြီး ၄ ခုကို ဆွတ်ခူးနိုင်ခဲ့သူ အမျိုးသမီးကစားသမားတွေထဲက တစ်ဦးတည်းသော Russia အမျိုးသမီးပါ။
Maria Sharapova

၂၀၀၅ ခုနှစ်မှာ ပထမဆုံးအကြိမ် ကမ္ဘာ့ နံပါတ် ၁ နေရာကို သိမ်းပိုက်ချိန်မှာ သူ့အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ Grand Slam လေးခုထဲက French Open ကို နှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး Australian Open, US Open နဲ့ Wimblendon တို့ကို တစ်ကြိမ်စီ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့အလှအပကြောင့်လည်း အားကစားဝတ်စုံတွေ၊ အားကစား အသုံးအဆောင်ပစ္စည်းကြော်ငြာတွေကနေ Tennis ကွင်းပြင်ပ ၀င်ငွေ ရရှိခဲ့တာလည်း မနည်းမနောပါပဲ။ Forbes မဂ္ဂဇင်းရဲ့ အဆိုအရ Professional ကစားသမားအဖြစ်ကို ၂၀၀၁ ခုနှစ်မှာ စတင်ကူးပြောင်းပြီးနောက်ပိုင်း ၁၁ နှစ်ဆက်တိုက် ၀င်ငွေအများဆုံး အမျိုးသမီး အားကစားမယ် တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ အဲ့ဒီကာလအတွင်း စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၅ သန်းအထိ ရှိခဲ့သူပါ။
Maria Sharapova1
၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂၆ မှာစစ်ခဲ့တဲ့ ဆေးစစ်ချက်ကြောင့် ကစားသမားဘ၀ ၁၅ လ ပိတ်ခံရပြီး ကွင်းနဲ့ ဝေးခဲ့ရပါတယ်။ ဒါတောင် ၂ နှစ်ကနေ ၁၅ လကို လျော့ချပေးတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ၂၀၁၇ ဧပြီလ မှာ ကွင်းတွင်း တစ်ကျော့ပြန် ၀င်ရောက်လာပြီး အခုလက်ရှိမှာတော့ US Open မှာ ၀င်ရောက် လက်စွမ်းပြနေပြီ ဖြစ်ပါတယ်။ သူကလည်း "The more matches you win, the more chances you have of getting a better ranking. That's my goal." လို့ ကြွေးကြော်ပြီး ၁၁ နှစ်ကျော်ကြာအောင် Title ဆုနဲ့ ဝေးကွာခဲ့တဲ့ US Open မှာ လက်စွမ်းပြ ၀င်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် စတုတ္ထအဆင့်အရောက်မှာတော့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါပြီ။

Read More About Celebrity Here


Read 216 times Last modified on Monday, 04 September 2017 07:07
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.