Thursday, 24 August 2017 08:56

jab harry met sejal2
Hollywood ရုပ်ရှင်ကားသစ်တွေကိုပဲ ညွှန်းနေရတာများပြီဆိုတော့ အခုတစ်ခါတော့ August လဆန်းက India နိုင်ငံမှာ ရုံတင်ခဲ့ပြီး အခုလာမယ့် ၂၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသတော့မယ့် Bollywood ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကလည်း လှတယ်။ Europe ကို ခရီးထွက်ရင်း စေ့စပ်လက်စွပ်ပျောက်သွားတဲ့ ကောင်မလေးကို ပျော်ပျော်နေတတ်ပြီး ကူညီတတ်တဲ့ Guide အမျိုးသားက ကူညီပြီး ၀ိုင်းရှာပေးတာပါ။ ဒီလက်စွပ်က Europe မှာ သွားလာရင်း ပျောက်သွားတာဆိုတော့ ကောင်မလေးနဲ့ Guide က သွားခဲ့တဲ့ Europe က နေရာတွေမှာ လိုက်ရှာရမှာဆိုတော့ Europe ရဲ့ အလှအပတွေကို Bollywood ရုပ်ရှင်တွေမှာ တွေ့နေကျ ရှုခင်းအလှပြ ရိုက်ကွက်တွေနဲ့ တ၀ကြီး ကြည့်ရဦးမှာပါ။ Prague၊ Amsterdam၊  Vieenna၊  Lisbon နဲ့ Budapest အစရှိတဲ့ Europe ရဲ့ နာမည်ကြီး ရှုခင်းလှတဲ့ မြို့တွေမှာ ရိုက်ခဲ့တာဖြစ်ပြီး Europe ရဲ့အလှအပတွေကို ခံစားရဖို့တော့ အသေအချာပါပဲ။

ဒီကားကို ကြည့်သင့်တဲ့နောက်တစ်ချက်ကတော့ မင်းသားက Shah Rukh Khan ဖြစ်ပြီး မင်းသမီးကတော့ Anushka Sharma ဖြစ်တာမို့ပါပဲ။ ဒါဟာ သူတို့နှစ်ယောက်ရဲ့ တတိယမြောက်တွဲမိတဲ့ ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကလည်း စူပါတန်းဝင် Imtiaz Ali ဖြစ်ပြီး သူ့အနေနဲ့ Shah Rukh Khan နဲ့ တွဲရိုက်နိုင်ဖို့ ကြိုးစားနေတာ အတော်ကြာပြီး ဒီကားမှာမှ ပထမဆုံးအကြိမ် အဖြစ် ဒီမင်းသားမင်းသမီးတွေနဲ့ လက်တွဲမိတာပါ။ မူလကတော့ The Ring ဆိုတဲ့ နာမည်နဲ့ ရိုက်ကူးထုတ်လုပ်ရေး စတင်ခဲ့တာ ဖြစ်ပြီး နောက်ဆုံးကျမှ Jaf Harry met Sejal နာမည်နဲ့ ထွက်ရှိလာခဲ့တာပါ။ India မှာ ရုံတင်ခဲ့ချိန်မှာတော့ ၀င်ငွေ အနေအထားက အတော်အတန် အောင်မြင်မှုရရှိခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ သိပ်ပြီးတော့ ကျေနပ်အားရမှု မရှိခဲ့ကြပါဘူး။ ဒါပေမယ့်လည်း မင်းသားမင်းသမီး အရှိန်နဲ့ရော ရိုက်ကွင်းရှုခင်းတွေ အရသာကတော့ အပန်းဖြေဖို့ ကြည့်ပျော်တဲ့ ရုပ်ရှင်တစ်ကားလို့ ပြောရမှာပါပဲ။

Read More About Movies, Cinemas & Schedules Articles Here

 


Read 155 times Last modified on Thursday, 24 August 2017 09:22
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.