ďťż
Wednesday, 23 August 2017 03:43

Annabelle Creation Banner
နိုင်ငံတကာမှာလည်း အောင်အောင်မြင်မြင်နဲ့ ရုံတင်ပြသနေပြီး မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသနေပြီဖြစ်တဲ့ Annabelle : Creation ဟာ 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ Annabelle (2014) ရဲ့ prequel ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇာတ်ကားမှာဆိုရင် Annabelle အရုပ်လေး ဘယ်က ဘယ်လို စပြီးဖြစ်လာတယ်ဆိုတာကို ပြန်ပြသွားတာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ အင်မတန် ကြောက်စရာကောင်းနေတဲ့ အဲဒီအရုပ်ဟာ အပြင်လောကမှာလည်း တကယ်ရှိနေတာဖြစ်ပြီး အမေရိကားမှာ 1970 ၀န်းကျင်လောက်က အတော်ကို ရေပန်းစားခဲ့တဲ့ ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်နှစ်ကားစလုံးမှာ အရမ်းကြောက်ဖို့ ကောင်းနေတယ်လို့ ခံစားရရင် တကယ့် အဖြစ်အပျက်က ဒီထက်ပိုကြောက်ဖို့ ကောင်းတယ်လို့ သတင်းစာတွေထဲမှာ ဖော်ပြခဲ့ကြပါတယ်။ ဒီနေ့ အချိန်မှာတော့ ဒီအရုပ်ဟာ ပြတိုက်ထဲမှာ ထည့်သိမ်းထားတဲ့ အရုပ်ဖြစ်နေပါပြီ။ ဒီအရုပ်နဲ့ ဆက်စပ်ပြီး ဖန်တီးပြတဲ့ ရုပ်ရှင် နှစ်ကားစလုံးဟာလည်း အောင်မြင်ပါတယ်။ ပထမကား Annabelle (2014) ဟာ ၀င်ငွေအရရော ဖန်တီးမှုပိုင်းမှာပါ ၀က်ဝက်ကွဲအောင်မြင်ခဲ့သလို အခုချိန်မှာလည်း Annabelle : Creation (2017) က ၀င်ငွေအကောင်းဆုံးစာရင်းမှာ ထိပ်တန်းက ရပ်တည်နေပါတယ်။ ပထမကားနဲ့ ဒုတိယကား သုံးနှစ်ကွာသွားတာကလည်း Hollywood ထုံးစံအတိုင်း ပထမကားအောင်မြင်သွားလို့ ဒုတိယကားကို ဇာတ်ညွှန်းဇာတ်ကွက် သေချာပြင်ဆင်ပြီး ထပ်မံဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ ဖန်တီးမှုကတော့ အံမခန်းပါပဲလို့ ပြောရမလိုပါပဲ။ ဒုတိယကားဟာလည်း ၀င်ငွေ သောက်သောက်လဲရပြီး ကြည့်သူတိုင်းကို ရသတွေ ပေးနိုင်ခဲ့ပါတယ်။ ပထမကား Annabelle (2014) ဟာ ဘတ်ဂျက် ခြောက်သန်းခွဲနဲ့ ဖန်တီးခဲ့ပြီး ဒီနေ့ အချိန်မှာ အစုစု အရပ်ရပ်ဝင်ငွေပေါင်း 256 သန်းကျော်ပြန်ရထားခဲ့သလို အခုရုံတင်နေတဲ့ Annabelle : Creation (2017) ဟာလည်း ဘတ်၈ျက် 16.5 သန်းသုံးစွဲထားပြီး ဒီနေ့အထိမှာ သန်း 160 ကျော်ပြန်ဝင်ထားပြီဖြစ်လို့ ပထမကားကို ၀င်ငွေစံချိန် ချိုးမချိုးဘဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ရင်ဖိုဖိုလေးနဲ့မှ အပန်းပြေချင်တယ်ဆိုရင်တော့ လက်ရှိမြန်မာနိုင်ငံမှာလည်း ရုံတင်နေပြီဖြစ်တဲ့ Annabelle : Creation (2017) ကို သွားကြည့်လိုက်ကြတာပေါ့ဗျာ။

Read More About Movies, Cinemas & Schedules Here


Read times Last modified on Wednesday, 23 August 2017 03:52
Rate :
(0 votes)

1 comment

  • Lashandra Marsha
    Comment Link

    Dreamwalker, this clue is your next piece of data. Feel free to transceive the agency at your earliest convenience. No further information until next transmission. This is broadcast #5771. Do not delete.

    Wednesday, 18 September 2019 20:28 posted by Lashandra Marsha
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.