Monday, 21 August 2017 04:05

cdn2.uvnimg
၁၉၉၅ ဝန်းကျင်က Hollywood မှာ မင်းသားချော Antonio Banderas ပါဝင်သရုပ်ဆောင်ထားတဲ့ Desperado ရုပ်ရှင်ကားက တော်တော်အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီကားက ကြည့်နေကျ သေနတ်ပစ်ကားတွေနဲ့ မတူဘဲ ဂီတာတီးပြီး သေနတ်ပစ်ခန်းတွေနဲ့ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။ အဲဒီရုပ်ရှင်မှာ ပါဝင်တဲ့ မင်းသမီးချော Salma Hayek ဟာ သူ့အတွက် ပထမဆုံး Hollywood ရုပ်ရှင်ဖြစ်ပေမယ့် ချက်ချင်းကို ပရိသတ်သတိထားမိပြီး အောင်မြင်လာခဲ့သူပါ။ တွေ့နေကျ Hollywood မင်းသမီးတွေနဲ့ မတူဘဲ ဆံပင်အနက် အသားညိုညိုနဲ့ အရပ်ပုပု ဒီမင်းသမီးဟာ Mexico နွယ်ဖွားဖြစ်ပြီး သူကိုယ်တိုင်က လက်ဘနွန်သွေးတဝက် စပိန်သွေးတဝက်ပါ ပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။ ဒါကြောင့်လည်း အာရပ်သွေးနဲ့ ဥရောပသွေးနှောထားတဲ့ သူ့အလှဟာ တစ်မူထူးပြီး ထင်းနေတာမို့လို့ One of Hollywood's most dazzling leading actresses လို့ ပြောကြတဲ့အထိပါပဲ။
၁၉၆၆ ခုနှစ်မှာ မွေးခဲ့တာမို့လို့ ဒီနေ့ဆိုရင် သူ့အသက် ၅၀ ကျော်ပေမယ့် လှပဆဲ၊ ညှို့အားပြင်းဆဲ ဖြစ်တဲ့အပြင် ထိပ်တန်း Latin မင်းသမီး အယောက် ၅၀ စာရင်းမှာပါ ပါဝင်ခဲ့ပါတယ်။ People (USA) Magazine ရဲ့ အလှဆုံး အမျိုးသမီးအယောက် ၅၀ စာရင်းမှာ ၁၉၉၆၊ ၂၀ဝ၃ နဲ့ ၂၀ဝ၈ ခုနှစ်တို့မှာ သုံးကြိမ် ပါဝင်ဖူးတယ်ဆိုတာ သူ့အလှကို ညွှန်းဆိုနေတာပါပဲ။ ဝေဖန်ရေးဆရာတွေကလည်း Sexy အဖြစ်ဆုံး မင်းသမီးတစ်ယောက်အဖြစ် သူ့ကို သတ်မှတ်ထားကြပါတယ်။

ဒါ့အပြင် ပရဟိတလုပ်ငန်း၊ လူမှုရေးလုပ်ငန်းများစွာကို လုပ်ကိုင်နေသလို အမျိုးသမီးများ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ အခြား အမျိုးသမီးရေးကိစ္စတွေမှာလည်း တက်တက်ကြွကြွ ပါဝင်သူဖြစ်ပါတယ်။ သူပြောခဲ့တဲ့ " I am a feminist because a lot of amazing women have made ma who I am today " ဆိုတာ ကိုကြည့်ရင် အမျိုးသမီးတွေအတွက် အမျိုးသမီးတစ်ယောက် အနေနဲ့ သူ့ခံယူချက်ပါပဲ။ ပြင်သစ် ဘီလျံနာသူဌေးကြီး Francois HenriPinault နဲ့ ၂၀ဝ၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သမီးတစ်ယောက် ရရှိထားပြီ ဖြစ်ပါတယ်။

နေလင်း
Read More About Celebrity Articles Here


Read 259 times Last modified on Monday, 21 August 2017 04:30
Rate :
(0 votes)

3 comments

  • Alva Busey
    Comment Link

    What was the most valuable source when writing this report, you used? I have a project at school that's on a topic that is similar and I am searching for advice regarding where to begin my research. Thank you for the help!

    Tuesday, 27 March 2018 01:58 posted by Alva Busey
    Report
  • Jarod Penaherrera
    Comment Link

    Hey I am doing a paper on this exact topic. What was the resource when you do your research? Is there any way I could send an email to you and you could give me some hints on where to start my research? This was very helpful!

    Sunday, 25 March 2018 09:19 posted by Jarod Penaherrera
    Report
  • Doyle Rayome
    Comment Link

    What part of your research study did you discover the most tough? I am doing a job at school on an extremely comparable subject and I would enjoy to ask you a couple concerns about research study product.

    Monday, 05 March 2018 10:47 posted by Doyle Rayome
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.