Friday, 11 August 2017 07:00

Charlize Theron by Nino Munoz 2012 02
Charlize Theron ဆိုတာ Hollywood မှာ အလှတစ်ပါး စာရင်းဝင်တဲ့ မင်းသမီးပါ။ အရပ်မြင့်မြင့်နဲ့ မော်ဒယ်တစ်ယောက်လို ကိုယ်ခန္ဓာပိုင်ဆိုင်ထားပြီး အချောအလှတစ်ယောက် ဖြစ်ပါတယ်။ သူများမထင်ထားတဲ့ ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ပြီး အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ မှတ်တိုင် တစ်ခုဖြစ်ပြီး အော်စကာရော၊ ရွှေကမ္ဘာလုံး ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ Monster ဇာတ်ကားမှာဆိုရင်လည်း အသက်ကြီးကြီး ပုံပျက်ပန်းပျက် မိန်းမကြမ်းကြီးတစ်ယောက် အနေနဲ့ သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mad Max: Fury Road မှာဆိုရင်လည်း လက်တစ်ဖက်ပြတ် ကတုံးနဲ့ မိန်းမကြမ်းတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဝင်ငွေစံချိန်ချိုးခဲ့တဲ့ Snow White and the Huntsman (2012) နဲ့ The Huntsman: Winter's War (2016) တို့မှာဆိုရင်လည်း ဗီလိန်နေရာက သရုပ်ဆောင်ခဲ့သူပါ။ ကျရာ ဇာတ်ရုပ်ကနေ ဇာတ်ရုပ်နဲ့အညီ သရုပ်ဆောင်ကောင်းလွန်း လို့ ဒီနေ့အချိန်မှာ ကြေးအကြီးဆုံး မင်းသမီးတစ်ယောက် စာရင်းဝင်နေတာပဲ ဖြစ်ပါတယ်။ တောင်အာဖရိကမှာ ၁၉၇၅ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီး ဘဲလေး ကချေသည် တစ်ယောက်အနေနဲ့ နယူးယောက်ကို ရောက်လာရာကနေ သရုပ်ဆောင် လောကထဲ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ရှည်သွယ်သွယ်နဲ့ ရွှေရောင်ဆံပင် အလှပိုင်ရှင်လေးဟာ တစ်ချိန်တုန်းက ကမ္ဘာကျော် Playboy မဂ္ဂဇင်းမှာလည်း ပါဝင်ခဲ့ဖူးသူပါ။ ၁၉၉၅ ခုနှစ်က စပြီးတော့ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာဖြစ်ပြီး ၂၀ဝ၀ ပြည့်နှစ်မှာ အတော်အတန် အောင်မြင်တဲ့ မင်းသမီးတစ်ယောက် ဖြစ်နေပါပြီ။ ၂၀ဝ၃ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Monster ရုပ်ရှင်နဲ့ သူ့ရဲ့ အောင်မြင်မှုကို အထွတ်အထိပ်ရောက်အောင် ပို့ပေးလိုက်တာ ဖြစ်ပြီး ဒီနေ့ အချိန်မှာတော့ Hollywood ရဲ့ Mega Star တစ်ယောက် ဖြစ်လို့နေပါပြီ။ လက်ရှိအချိန်မှာတော့ တောင်အာဖရိက နိုင်ငံသားအဖြစ်ရော၊ အမေရိကန်နိုင်ငံသားအဖြစ်ပါ ခံယူထားပြီး မွေးစားထားတဲ့ ကလေး နှစ်ယောက်နဲ့ Los Angeles မှာပဲ နေထိုင်လျက်ရှိပါတယ်။

နေလင်း
Read More About Movies, Cinemas & Schedules Here


Read 245 times Last modified on Friday, 11 August 2017 07:29
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.