Thursday, 10 August 2017 03:31

my home
ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အနေနဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကို  လာမယ့် သြဂုတ်လ ၁၆ ရက်နေ့၊ ဂျပန်နိုင်ငံမှာ သွားရောက်ရိုက်ကူးတော့မှာပါ။
ဒီဇာတ်ကားဟာ မြန်မာနိုင်ငံကနေ ဂျပန်ကို ရောက်သွားတဲ့ မိသားစုတစ်စုကို အခြေခံလို့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ပုံဖော်ထားတဲ့ အချစ်ဇာတ်လမ်းကို  ဒါရိုက်တာကြည်ဖြူသျှင်က သရုပ်ဆောင် ရန်အောင်၊ အောင်ရဲလင်း၊ ဂျပန်နိုင်ငံက J-pop အဆိုတော် မိုရီဆာကီဝင်း၊ ၀တ်မှုံရွှေရည်တို့နဲ့ ရိုက်ကူးမှာပါ။
“ ဒီဇာတ်လမ်းထဲမှာ ကစ်ကစ်က ဂျပန်မှာ မွေးပြီး ဂျပန်မှာ ကြီးတဲ့ မိန်းကလေးတစ်ဦးအနေနဲ့ သရုပ်ဆောင်ရမှာပါ။ အခုလိုမျိုး ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းမှတ်ပြုလုပ်တဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ အကောင်းဆုံးလည်း ကြိုးစားသွားမှာပါ” လို့ ၀တ်မှုံရွှေရည်က ပြောပါတယ်။ ဒီဇာတ်ကားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းလောက်မှာ ရုံတင်ဖို့ ကြံရွယ်ထားပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာပါ ပြသသွားမယ်လို့ သိရပါတယ်။

ဖူးပွင့်သူ
Read More About Entertainment Articles Here


Read 136 times Last modified on Thursday, 10 August 2017 03:45
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.