ďťż
Wednesday, 26 July 2017 04:34

War For The Planet Of The Apes Wallpapers HD
၁၉၆၈ ခုနှစ်ကတည်းက ရုပ်ရှင်အနေနဲ့ စတင်ရိုက်ကူးခဲ့ဖူးပြီး TV Series အနေနဲ့ ၁၉၇၄ ခုနှစ်မှာ ပြသခဲ့တဲ့ Planet of the Apes ဇာတ်လမ်းတွဲတွေကို ၂၀ဝ၁ တုန်းက Planet of the Apes နာမည်နဲ့ပဲ ရုပ်ရှင်ထွက်ခဲ့ပါသေးတယ်။ အဲဒီနောက် ၁၀ နှစ် ကြာပြီး ၂၀၁၁ မှာ မျောက်တွေ စတင် တိုးတက်ထွန်းကားလာတာကို ပြတဲ့ Rise of the Planet of the Apes ကို ရုံတင်ပြီး ၂၀၁၄ မှာတော့ လူသားတွေနဲ့ အပြိုင် မျောက်မျိုးနွယ်တွေ တိုက်ပွဲဝင်နေတာကို ပြတဲ့ Dawn of the Planet of the Apes ကို ရုံတင်ခဲ့ပါတယ်။ အခု လာမယ့် ဇူလိုင် ၁၄ ရက်မှာတော့ တတိယမြောက် ရုပ်ရှင်ဖြစ်တဲ့ War for the Planet of the Apes ကို ရုံတင်တော့မှာ ဖြစ်ပါတယ်။ ဒုတိယကားရဲ့ ဒါရိုက်တာ Matt Reeves ကပဲ ဆက်လက်ရိုက်ကူးခဲ့တာဖြစ်ပြီး အဓိက သရုပ်ဆောင် Caesar နေရာမှာလည်း မင်းသားကြီး Andy Serkis ကပဲ ဆက်လက် သရုပ်ဆောင်ထားပါတယ်။ အရင်ထွက်ခဲ့တဲ့ ဇာတ်ကား နှစ်ကားမှာကတည်းက လူတွေနဲ့ မျောက်တွေက စစ်ပွဲတွေ ပြင်းထန်နေပြီး အခုရုံတင်မယ့် တတိယကားမှာတော့ နာမည်ကိုက War for the Planet of the Apes ဖြစ်နေတာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာမယ့် သဘောမှာ ရှိနေပါတယ်။ ဒါ့အပြင် စတုတ္ထမြောက် ရုပ်ရှင်အတွက်လည်း ပြင်ဆင်နေပြီလို့ ကြေညာထားပါသေးတယ်။ ထုတ်လုပ်သူတွေကတော့ ဒီကားဟာ တတိယမြောက် Rebooted လုပ်ထားတဲ့ Planet of the Apes ရုပ်ရှင်ကားပါလို့ ပြောထားပါတယ်။ ဒီစိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းကြီးဟာ ဆယ်စုနှစ်များစွာ လူကြိုက်များခဲ့ပြီး အခုနောက်ဆုံး ထွက်ရှိလာမယ့် ရုပ်ရှင်ကားကလည်း ပရိသတ်ကို ဖမ်းစားနိုင်ဦးမှာ ဖြစ်တာကြောင့် စိတ်ဝင်တစား ကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်။                              
နေလင်း
Read More About Movies, CInemas & Schedules Here


Read times Last modified on Wednesday, 26 July 2017 04:47
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.