Friday, 21 July 2017 03:43

andy serkis star wars mugj
သရုပ်ဆောင်တစ်ယောက် အနေနဲ့ ဇာတ်ရုပ်ကနေ ပီပြင်အောင် သရုပ်ဆောင်ရတယ်ဆိုပေမယ့် အရူးတစ်ယောက်လို၊ တိရစ္ဆာန်တစ်ကောင်လိုမျိုး၊ မှင်စာတစ်ကောင်လိုမျိုး ဇာတ်ရုပ်တွေကို တကယ့်ပြင်ပလောက အတိုင်း သရုပ်ဆောင်ဖို့ဆိုတာကတော့ အတော်ရူးသွပ်မှ ဖြစ်မှာပါ။ ဒီနေ့ခေတ် နည်းပညာတိုးတက်နေတဲ့ ရုပ်ရှင်လောကမှာ Visual Effects နဲ့ ပတ်သက်ပြီး အကောင်းဆုံးလို့ ပြောစမှတ်ပြုခဲ့ရတဲ့ The Lord of the Rings (Trilogy) မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ဆက်တွဲထွက်ခဲ့တဲ့ The Hobbit: An Unexpected Journey မှာပါ မှင်စာဖြစ်တဲ့ Gollum ကို သိကြမှာပါ။ အဲဒီနေရာမှာ သရုပ်ဆောင်ခဲ့သူကတော့ မင်းသားကြီး Andy Serkis ပဲ ဖြစ်ပါတယ်။ အခုလည်း Rise of the Planet of the Apes (2011), Dawn of the Planet of the Apes (2014) နဲ့ War for the Planet of the Apes (2017) တို့မှာ မျောက်ခေါင်းဆောင် Caesar နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်လောက်ကတည်းက သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့တဲ့ မင်းသားကြီး Andy Serkis ဟာ အင်္ဂလန်နိုင်ငံသားဖြစ်ပြီး ၁၉၆၄ခုနှစ်မှာ မွေးခဲ့တာ ဖြစ်လို့ အခုဆိုရင် ၅၃ နှစ် ရှိပါပြီ။ လူကိုယ်တိုင် သရုပ်ဆောင်အနေနဲ့ သရုပ်ဆောင်ခဲ့တာတွေ ရှိပေမယ့်လည်း နည်းပညာအထောက်အပံ့နဲ့ သရုပ်ဆောင်ခဲ့တာတွေက ပိုအောင်မြင်နေပါတယ်။ သူ သရုပ်ဆောင်ခဲ့သမျှ ကာရိုက်တာတွေက King Kong (2005) လိုမျိုး၊ ပြီးတော့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွဲ Star Wars ထဲမှာလည်း Superme Leader Snoke လို နေရာမျိုးမှာရော သရုပ်ဆောင်ခဲ့တာဖြစ်လို့ ကာရိုက်တာတစ်ခုရဲ့ နောက်ကွယ်က သရုပ်ဆောင်တစ်ယောက်မှာတော့ သူဟာ ဘုရင်တစ်ပါး ဖြစ်လို့နေပါပြီ။ သရုပ်ဆောင် တစ်ယောက်အနေနဲ့ အသံရော၊ မျက်နှာအမူအရာပါ စိတ်နှစ်ကာ မရှိကိုအရှိလုပ်ပြီး သရုပ်ဆောင်နိုင်တာဟာ တကယ်ကို ထူးချွန်လို့ပါ။  အဲဒီလို ဆေးစက်ကျရာ အရုပ်ထင်အောင် သရုပ်ဆောင်ကောင်းတာတွေကြောင့်လည်း မှင်စာအနေနဲ့ရော၊ မျောက်အနေနဲ့ပါ ထူးချွန်ဆုတွေ ရယူနိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဇနီးဖြစ်သူနဲ့ အတူ သားသမီး ၃ ယောက်နဲ့ လန်ဒန်မှာပဲ နေထိုင်နေပါတယ်။                                   
နေလင်း
Read More About Celebrity Aricles Here


Read times Last modified on Friday, 21 July 2017 04:19
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.