ďťż
Thursday, 20 July 2017 06:52

spider
DC ရဲ့ Wonder Woman က အောင်ပွဲခံနေချိန်မှာ ပြိုင်ဘက် Marvel ရဲ့ SpiderMan ကလည်း ဇူလိုင် ၇ ရက်မှာ ရုံတင်မှာ ဖြစ်ပါတယ်။ ၁၉၆၉ နဲ့ ၁၉၇၇ ခုနှစ်တို့မှာ ရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ ခြေလှမ်းစတင်ခဲ့ပြီး ဒီနေ့ခေတ်ရဲ့ မော်ဒန် Spider Man ကိုတော့ ၂၀ဝ၂ ခုနှစ်မှာမှ Sony Picture Entertainment က စတင်ရိုက်ကူးခဲ့တာပါ။ အခု ၂၀၁၇ ခုနှစ်ဆိုရင်တော့ မော်ဒန် Spider Man ဟာ ၁၅ နှစ်အတွင်း သူချည်း သီးသန့် စုစုပေါင်း ၆ ကား ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ တစ်ခုထူးခြားတာက အခု ရုံတင်မယ့် Spider Man ကို ၂၀၁၆မှာ ထွက်ခဲ့တဲ့ Captain America : Civil War မှာကတည်းက စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Comic ထဲမှာတော့ Spider Man ဟာ Avengers အဖွဲ့ဝင်တစ်ယောက် ဖြစ်ပေမယ့် အရင်ထွက်ခဲ့ပြီးတဲ့ Avengers ကားတွေမှာ မပါနိုင်ခဲ့ရတာက သူ့ကို Sony က အပိုင် ကာရိုက်တာအဖြစ် ဝယ်ထားလို့ပါပဲ။ အခုတော့ သဘောတူညီချက်တွေ ရပြီဖြစ်လို့ Spider Man ကိုလည်း Avengers ကားတွေမှာ တွေ့ရတော့မှာ ဖြစ်ပါတယ်။ အခု ရုံတင်တဲ့ Spider Man မင်းသားကတော့ Civil War ထဲမှာပါတဲ့ Tom Holland ပဲ ဖြစ်ပါတယ်။ သူ့ကို ၂၀၁၈ မှာ ရုံတင်မယ့် Avengers : Infinity War နဲ့ ၂၀၁၉ မှာ ရုံတင်မယ့် အခု Spider Man ရဲ့ Sequel ကားတွေမှာပါ ဆက်လက် သရုပ်ဆောင်ဖို့ ကြေညာထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အရင် Spider Man တွေနဲ့ မတူတာကတော့ သူ့ကို နည်းပညာတွေ အကူအညီပေးနေတဲ့ Iron Man ပိုင်ရှင်ကြီး Tony Stark ကလည်း ဒီကားထဲမှာ ပါဝင်လာမှာဖြစ်ပြီး Spider Man နဲ့ Iron Man နှစ်ယောက် ပေါင်းပြီး အစွမ်းပြကြမှာပါ။ Tom Holland ဟာ မော်ဒန် Spider Man ရုပ်ရှင်တွေထဲမှာ ၃ ယောက်မြောက် မင်းသားဖြစ်ပြီး ဒီကားရဲ့ ဒါရိုက်တာကလည်း လူသစ်တန်း ဒါရိုက်တာ Jon Watts ပဲ ဖြစ်ပါတယ်။ ဘယ်လိုတွေပဲ ဖြစ်နေပါစေ Spider Man ဆိုတာ Marvel Comic ရဲ့ ဩဇာကြီးမားတဲ့ ကာရိုက်တာတစ်ခုဖြစ်တာနဲ့အညီ ဒီကားမထွက်ခင်ကတည်းကိုက ပရိတ်သတ်က စိတ်ဝင်စားမှု မြင့်နေတာ အမှန်ပါပဲ။ မင်းသားသစ် ဒါရိုက်တာ အသစ်တွေနဲ့ SpiderMan : Homecoming ဟာ ဘယ်အတိုင်းအတာအထိ အောင်မြင်မယ်ဆိုတာ စောင့် ကြည့်ရမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။   
                                                 
နေလင်း
Read More About Movies, Cinemas & Schedules Here


Read times Last modified on Thursday, 20 July 2017 07:08
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.