Thursday, 20 July 2017 04:00

fashiom
ချစ်တို့ရေ .... ချစ်တို့ အဝတ်အစား ဝယ်တော့မယ်ဆိုရင် ဘာကို အရင်ဆုံး စဉ်းစားသလဲရှင်။ ဈေးကတော့ ခြွင်းချက်ပေါ့လေ။ ဒါကတော့ မဖြစ်မနေ ထည့်စဉ်းစားရမှာပေါ့။ ဒါပြီးရင် ဘယ်အချက်ကို စဉ်းစားဝယ်ပါသလဲ။ မေသော်စဉ်းစားတာကတော့ ဒီလို...။ ကိုယ့်ရဲ့ခန္ဓာကိုယ် အချိုးအစားကို ကိုယ်သိစေချင်ပါတယ်။ ဒီလိုဆိုရင် အဝတ်အစားကို မြင်လိုက်တာနဲ့ ကိုယ်နဲ့လိုက်ပါ့မလား သိကိုသိရပါမယ်။ ကိုယ့်အားနည်းချက်၊ အားသာချက်က ဘာလဲ သိရပါမယ်။ လည်ပင်း အရိုးကြီးတဲ့သူလား၊ ခါးတုတ်သလား ဆိုတာမျိုးပေါ့။ ကိုယ် အခုဝတ်ချင်နေတာ၊ လိုအပ်နေတာ ဘာလဲဆိုတာကိုပါ။ ခေတ်စားတဲ့ အဝတ်အစားတိုင်း ကိုယ်နဲ့ မလိုက်ဖက်ဘူးနော်။ အဲဒါကို လက်ခံပါ။ ဇွတ်မဝယ်ပါနဲ့။ ချောင်ထိုးရတာနဲ့ အဆုံးသတ်ပါလိမ့်မယ်။ လိုချင်နေတာရယ်၊ ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်မှုက ဘယ်လိုဆိုတာ သိရင် ဆိုင်တစ်ဆိုင် ဝင်သွားတာနဲ့ကို ဒီအဝတ်အစား ကိုယ်နဲ့အိုကေမလားဆိုတာ တန်းသိပါတယ်။

လိုချင်တာ ဘာဆိုတာ သိပြီး တွေ့တဲ့နေရာမှာ ရှာဖွေတတ်တာဟာဟာ သူများနဲ့ မတူတဲ့ ဒီဇိုင်းမျိုးတွေကို ရရှိစေပါတယ်။ ဥပမာ မေသော့်ကို အစ်မ အင်္ကျီတွေ ဘယ်မှာဝယ်သလဲ အမြဲ မေးခံရပါတယ်။ မေသော်က တစ်ဆိုင်တည်း ပုံမှန် မဝယ်ပါဘူး။ ဒါပေမယ့် ခု ဘယ်လို ဖက်ရှင်မျိုး လိုချင်တယ်ဆိုတာ ခေါင်းထဲရှိ နေတာကြောင့် online shop စတွေ၊ အပြင်က ဆိုင်တွေမှာ မြင်လိုက်တာနဲ့ကို တန်းဝယ်ဖြစ်သွားတာပါပဲ။ ဈေးပတ်ပြီး လျှောက်ကြည့်ဝယ်တာ နည်းပါတယ်။
Online Shop တွေမှာ ဘယ်မင်းသမီး ဝတ်တာလေးနော်၊ အမြန်ယူထားကြပါ ဘာညာ မြင်ပြီး ဝယ်ချင်တဲ့စိတ်ကို လျှော့ပါ။ အဆင်မပြေတာ များနိုင်ပါတယ်။ ကိုယ်နဲ့ သူ့ Body Structure မတူနိုင်ပါဘူး။ ဒါကို မမေ့ပါနဲ့။ online shop တွေချည်းလည်း အားမကိုးသင့်သလို အပြင်ဆိုင်တွေချည်းပဲ လိုက်ပတ်ဝယ်နေတာမျိုးရှောင်ပါ။ တစ်ခါတလေ မေသော့် အတွေ့အကြုံအရ အွန်လိုင်းက ပစ္စည်းမျိုး ဒီကဆိုင်တွေမှာ အချိန်အတူတူ ဈေးကွာပြီး ဈေးကို တော်တော်လေးတင်ထားတာမျိုးရှိ နေတတ်ပါတယ်။ တစ်ခါတလေကျတော့လည်း အပြင်ဆိုင်တွေက တင်တာ နောက်ကျတတ်တာမို့ သူများတွေ ဝတ်ပြီးမှ ကိုယ်ဝတ်ရတဲ့အဖြစ်မျိုးလည်း ကြုံရတတ်ပါတယ်။ အရင်ကဆို အပြင်ထွက်ရမှာ ပျင်းပြီး Online Shop ချည်း အားကိုးမိတဲ့အချိန် မေသော့်မှာ ရှိခဲ့ပါတယ်။ အဲဒီတော့ ကိုယ်အခုဝယ်ထားတဲ့ အင်္ကျီက အပြင်ဆိုင်တွေမှာလည်း အားလုံး ရှိနေတယ်။ စောင့်စရာမလို၊ ချက်ချင်း ဝယ်ဝတ်နိုင်တယ်ဆိုတာမျိုး မသိလိုက်ရတာလည်း ရှိခဲ့ပါတယ်။ အားနည်းချက်၊ အားသာချက်လေးတွေရှိတာမို့ တစ်မျိုးတည်းထက် ချင့်ချိန်ပြီး မျှဝယ်ပါ။
အချစ်တွေနဲ့ မေ (I am Fashion)
Read More About Fashion Articles Here


Read 227 times Last modified on Monday, 21 August 2017 04:50
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.