Friday, 14 July 2017 07:30

Thingstodo 01
ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်ရဲ့ FGM မိတ်ဆက်ခြင်းနဲ့ ဖက်ရှင်ပြပွဲ

ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က အသစ်ထုတ်လုပ်ဖြန့်ချိမယ့် FGM (Fairy Godmother Metallic) မိတ်ဆက်ခြင်းနဲ့ ဖက်ရှင်ပြပွဲကိုတော့ လာမယ့် ဇူလိုင် ၁၅ရက် စနေနေ့မှာ ရန်ကုန်မြို့ Sule Shangri-La မှာ ကျင်းပပြုလုပ်မှာပဲ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ FGM ကြိုက်နှစ်သက်သူတွေနဲ့ ဖက်ရှင်/အဝတ်အထည် စီးပွားရေးလုပ်ကိုင်နေသူ လုပ်ငန်းရှင်တွေပါ တက်ရောက်လို့ ရပါတယ်။ Sule Shangrila Ballroom မှာ ညနေ ၃ နာရီက စပြီး ပြုလုပ်မှာပါနော်။
genius
Discount နဲ့ လက်ဆောင်တွေပါ ပေးသွားမယ့် Genius ဆိုင်ဖွင့်ပွဲ
ဒီတပတ် weekend အတွက် Genius ကျောက်မြောင်းဆိုင် ပြန်လည်ဖွင့်လှစ်မယ့် ပွဲလေးကို ညွှန်းပေးချင်ပါတယ်။ ဒီပွဲကိုတော့ လာမယ့် ဇူလိုင် ၁၆ရက် တနင်္ဂနွေနေ့မှာ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ပွဲအမှတ်တရအနေနဲ့ ပစ္စည်းအားလုံးကို 20% Discount လျှော့ပေးမယ့်အပြင် တစ်ထည်ဝယ်၊ တစ်ထည် လက်ဆောင် (Buy 1 Get 1 Free ) ကိုပါ ပေးအပ်သွားမှာတဲ့နော်။
Genius - အမှတ် ၃၆၄၊ ဗညားဒလလမ်း၊ ကျောက်မြောင်း မီးပွိုင့်အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်။
wedding fair
Junction Square မှာ ကျင်းပပြုလုပ်မယ့် Wedding Fair
ဒီပွဲကိုတော့ KS Collection Wedding Planner က ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ Wedding Fair မှာ မင်္ဂလာဝတ်စုံ အမျိုးမျိုး ၊ Pre Wedding Package & Idea တွေ ၊ မင်္ဂလာပွဲတစ်ပွဲလို Floral Decoration တွေ၊ မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ အခြားဝန်ဆောင်မှုတွေကို ခင်းကျင်းပြသထားမှာဖြစ်လို့ မင်္ဂလာမောင်နှံတွေ သွားရောက်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် One Stop Wedding Package ကို ကျပ် ၃၆ သိန်း၊ Pre Wedding ကို ကျပ် ၂ သိန်း၊ Floral Decoration ကို ၃ သိန်း ၆ သောင်းကျပ်အထိ အထူး Discount ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ KS Collection Wedding Fair ကိုတော့ Junction Square Promotion Area မှာ ဇူလိုင် ၁၅ရက် နဲ့ ၁၆ရက်တို့မှာ မနက် ၉ နာရီကနေ ည ၉ နာရီအထိ ကျင်းပပြုလုပ်ပေးမှာပဲ ဖြစ်ပါတယ်။
Read More About Fashion Articles Here


Read 281 times Last modified on Friday, 14 July 2017 07:47
Rate :
(0 votes)

2 comments

  • Lupe Motes
    Comment Link

    Hey I am doing a paper on this specific topic. What was the most valuable source when you do your research? Is there some way I could send you an email and you could give me some hints on where to start my research? This was very useful!

    Tuesday, 06 March 2018 20:31 posted by Lupe Motes
    Report
  • Samara Montogomery
    Comment Link

    What part of your research study did you discover the most difficult? I am doing a task at school on an extremely comparable subject and I would enjoy to ask you a couple concerns about research study product.

    Monday, 05 March 2018 05:33 posted by Samara Montogomery
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.