Wednesday, 12 July 2017 07:41

thar nge
Myanmar Idol ရဲ့ Winner ဆုရှင် သားငယ်ကို Capital Automative Co.,Ltd (FORD Myanmar) က FORD Brand New Ecosport ကားသစ်ကို ဇွန် ၂၁ ရက်မှာ ပေးအပ်ခဲ့ပါတယ်။ သားငယ်ဟာ Myanmar Idol Season 2 ပြိုင်ပွဲမှာ Winner ရရှိခဲ့တဲ့အတွက် FORD Myanmar က ချီးမြှင့်ခဲ့တဲ့ Ecosport ကားသစ်ကို ရရှိခဲ့တာပါ။ Ecosport ကားသစ် ချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး အဆိုတော်သားငယ်က သူရဲ့ ရင်တွင်းစကားကို အခုလို ပြောပြခဲ့ပါတယ်။

"အရမ်းကို ပျော်ပါတယ်။ Ford ကားကို တစ်ခါမှ မစီးဖူးဘူး။ ဒါမျိုး စီးရလိမ့်မယ်လို့လည်း အိပ်မက်တောင် မမက်ခဲ့ပါဘူး။ ပရိသတ်ကြီး ပေးလိုက်တဲ့ Vote နဲ့ အခုလို ကားကို ပိုင်ဆိုင်ခွင့်ရရှိခဲ့တာပါ။ ပရိသတ်တွေကိုလည်း အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ ဒီကားလေးကို တန်ဖိုးထားပါတယ်။ အရင်က တက္ကစီနဲ့ စီးနေရတာ အခုဆို တက္ကစီစီးစရာ မလိုတော့ဘူးပေါ့" လို့ သားငယ်က ပြောပါတယ်။
သားငယ် ရရှိခဲ့တဲ့ FORD Brand New Ecosport ကားသစ်ဟာ ၂၀၁၆ မော်ဒယ်လ်အမျိုးအစား ဖြစ်ပြီး လက်ရှိပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၃၀ဝ၀ဝ တန်ဖိုးရှိတယ်လို့ သိရပါတယ်။
ဖူးပွင့်သူ
Read More About Celebrity News Here


Read times Last modified on Wednesday, 12 July 2017 08:01
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.