ďťż
Thursday, 06 July 2017 03:42

despicable me 3 everything
ဆူဆူညံညံ ကွိစိကွစနဲ့ စကားပြောတတ်တဲ့ အဝါရောင်ဆေးတောင့်ပုံစံ အကောင်လေးတွေကို လူတိုင်း မှတ်မိနေပြီး သူတို့ကြောင့် အဓိက ကမ္ဘာကျော်ခဲ့တဲ့ Despicable Me ကာတွန်းကားဟာ တတိယမြောက် ရုပ်ရှင် ထွက်ရှိလာပါပြီ။  အခုလာမယ့် ဇွန်လ ၃၀ရက်မှာဆိုရင် နိုင်ငံတကာမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ Gru ဟာ သူနဲ့ နှစ်ပေါင်းမျာစွာ ကွဲကွာနေတဲ့ အမြွှာညီအကိုဖြစ်တဲ့ Dru နဲ့ ပြန်လည်ဆုံတွေ့ပြီး အကြီးကျယ်ဆုံး ဒုစရိုက်မှုကြီး ကျူးလွန်ဖို့ လာရောက် စည်းရုံးတာ ဖြစ်ပါတယ်။ ဒီကားမှာ အရင် Despicable Me 1 နဲ့ 2 ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေထဲက Chris Renaud တစ်ယောက်တော့ မပါလာတော့ဘဲ Minions မှာ လက်တွဲခဲ့တဲ့ Kyle Balda နဲ့ Pierre Coffin တို့က တွဲဖက်ရိုက်ကူးခဲ့ပါတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ကလည်း အငယ်ဆုံး ကလေးမလေး Agnes တစ်ယောက်နေရာမှာသာ အပြောင်းအလဲရှိခဲ့ပြီး ကျန်တဲ့ အဓိက အသံသရုပ်ဆောင်တွေ အပြောင်းအလဲ မရှိခဲ့ပါဘူး။ ဒါကလည်း အရင်က အဲဒီနေရာမှာ အသံသရုပ်ဆောင်တဲ့ မင်းသမီးကြီးက ကလေးငယ်လေးတစ်ယောက် မဟုတ်ဘဲ အသက်ကြီးလွန်းနေပြီဆိုပြီးတော့ ဖြစ်ပါတယ်။  အဓိက အသံသရုပ်ဆောင် မင်းသားကြီး Steve Carell ကတော့ Despicable Me 3 ဟာ သူ့ရဲ့ Gru အဖြစ် နောက်ဆုံး အသံသရုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောခဲ့ပေမယ့် နောက်ထပ် ထွက်လာမယ့် Minions Sequel ရုပ်ရှင်တွေမှာတော့ ကူညီပေးသွားဦးမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အနည်းငယ် ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေကြောင့် PG rated သတ်မှတ်ထားပေမယ့်လည်း အရင်ကားတွေလိုပဲ အောင်မြင်မှုရဦးမယ့် ဇာတ်ကားဖြစ်တယ်ဆိုတာ သေချာနေပါတယ်။
နေလင်း
Read More About Movies, Cinemas & Schedules Here


Read times Last modified on Thursday, 06 July 2017 03:55
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.