Friday, 30 June 2017 09:16

sofia
နိုင်ငံတကာရုပ်ရှင်ရုံတွေမှာ Wonder Woman က အောင်ပွဲခံပြီး ဝင်ငွေ ထိပ်ဆုံးရောက်နေသလို သူ့နောက်မှာ ကပ်နေတာကတော့ The Mummy ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ဒီကားမှာ မင်းသားကြီးtom Cruise နဲ့အပြိုင် ဗီလိန်နေရာက သရုပ်ဆောင်ထားတဲ့ ဆံပင်အနက်ရောင်နဲ့ မင်းသမီး Sofia Boutella ကလည်း နာမည်ကြီးလို့ လာပါတယ်။ သူ့ကို ၁၉၈၂ ခုနှစ် ဧပြီ ၆ ရက်က အယ်ဂျီးရီးယားနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ပြင်သစ် အယ်ဂျီးရီးယား ကပြား ဖြစ်ပါတယ်။ ၁၀ နှစ်သမီးအရွယ်မှာ မိသားစုလိုက် ပြင်သစ်ကို ပြောင်းခဲ့ပြီး ၁၈ နှစ်သမီးအရွယ်မှာ စည်းချက်နဲ့ ကစားရတဲ့ ကျွမ်းဘားမယ်အဖြစ် ပြင်သစ်လက်ရွေးစင် ဖြစ်ခဲ့ပါပြီ။  ငယ်ငယ်ကတည်းက အကသမားတစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ၂၀ဝ၆ခုနှစ်  Battle of the Year ဆုကို ဆွတ်ခူးခဲ့တဲ့ Street Dance အဖွဲ့ Vagabond က အဖွဲ့ဝင်တစ်ယောက်ပါ။ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Street Dance 2 မှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ပြီှး Kingsman: The Secret Service (၂၀၁၅) မှာလည်း ဗီလိန်တစ်ယောက် အနေနဲ့ နာမည်ကြီးခဲ့ပါတယ်။ အဲဒီနောက် Star Trek Beyond (၂၀၁၆) မှလည်း ဆက်လက်ပါဝင်ခဲ့ပါတယ်။ အကသမားတစ်ယောက် ဖြစ်ချင်ခဲ့ပြီး သရုပ်ဆောင်လောကကိုလည်း အကအသားပေး ရုပ်ရှင်တွေနဲ့ ဝင်ရောက်လာပေမယ့် သူအောင်မြင်ခဲ့တဲ့ Kingsman, Star Trek တို့အပြင် လက်ရှိ ရုံတင်နေတဲ့ The Mummy ကားမှာပါ အက်ရှင်ဦးစားပေး ဇာတ်ရုပ်တွေနဲ့ အောင်မြင်နေတဲ့သူ ဖြစ်နေပါပြီ။ Hollywood မှာ တွေ့နေကျ မဟုတ်တဲ့ အလှပုံစံတွေအပြင် သူပါဝင်ခဲ့တဲ့ ရုပ်ရှင်ကားတွေရဲ့ အောင်မြင် မှုတွေကြောင့် လက်ရှိမှာ ထိပ်တန်း မင်းသမီးတစ်ယောက် အဖြစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

နေလင်း
Read More About Movies, Cinemas & Schedules Here


Read 219 times Last modified on Friday, 30 June 2017 09:30
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.