ďťż
Friday, 30 June 2017 08:55

transformers the last knight wallpaper by the dark mamba 995 db76fv0
လာမယ့် ဇွန်လ ၂၃ ရက်က စပြီး နိုင်ငံတစ်ကာမှာ ၅ ကားမြောက် Transformers ဇာတ်ကားဖြစ်တဲ့ Transformers: The Last Knight ကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ် ။ ၂၀ဝ၇ ခုနှစ်ကစပြီး ရုပ်ရှင်အဖြစ် ကြည့်ခဲ့ရတဲ့ Transformers ဇာတ်ကားတွေဟာ အခုလက်ရှိအချိန်မှာဆိုရင် ၁၀ စုနှစ်တစ်ခုတောင် ကြာခဲ့ပါပြီ။ ဒီ ၁၀ နှစ်အတွင်းမှာ Transformers ရုပ်ရှင် စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး အခု နောက်ဆုံးဖြစ်တဲ့ Transformers: The Last Knight ဟာ ဘတ်ဂျက်အများဆုံးနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်နေပါတယ်။ ထပ်ထူးခြားတာက နောက်ထပ် Transformers ရုပ်ရှင်တွေ ဆက်လက်ထွက်ရှိဖို့ ရှိပေမယ့် ဒီကားဟာ ဒါရိုက်တာ Michael Bay ရဲ့ နောက်ဆုံးလက်ရာ Transformers ပဲ ဖြစ်ပါတယ်။ သူက နောက်ထပ် Transformers ရုပ်ရှင်တွေ မရိုက်တော့ဘူးလို့ ပြောခဲ့ပါပြီ။ ဒီကားရဲ့ ဇာတ်ဝင်ခန်း တော်တော်များများကို အင်္ဂလန်မြောက်ပိုင်းတစ်ဝိုက်မှာ အဓိက ရိုက်ကူးခဲ့ပြီးတော့ ကျူးဘားမှာလည်း ရိုက်ကူးခဲ့ပါသေးတယ်။ King of Explosion လို့ နာမည်ကြီးတဲ့ ဒါရိုက်တာ Michael Bay ဟာ ဒီကားမှာလည်း အင်္ဂလန်ရဲ့ ကမ္ဘာကျော် Stonehenge လို နေရာမှာတောင် ဖောက်ခွဲဖျက်ဆီးခန်း ရိုက်ဖို့ ခွင့်တောင်းပေမယ့် ခွင့်ပြုချက်မရလို့ ဆက်တင်လုပ်ပြီး ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ လူသားတွေနဲ့ Transformers တွေဟာ စစ်ဖြစ်နေပြီး Optimus Prime ကလည်း ထွက်သွားပါပြီ။ အနာဂတ်ကို ကယ်တင်နိုင်ဖို့ လျှို့ဝှက်ချက်က အတိတ်မှာ ရှိနေတယ်ဆိုတော့ ခေတ်ဟောင်းကတည်းက ကမ္ဘာမှာရှိခဲ့တဲ့ Transformers တွေကိုပါ ကြည့်ရဦးမှာ သေချာပါတယ်။ အရင်ကားရဲ့ မင်းသားကြီး mark Wahlberg က အဓိက ပါဝင်ထားပြီး သရုပ်ဆောင် တော်တော်များများ အပြောင်းအလဲ များခဲ့ပါတယ်။ ဒါ့အပြင် မင်းသားကြီး Anthony Hopkins ကလည်း ပါဝင်အားဖြည့်ထားလို့ စိတ်ဝင်စားဖို့ ကောင်းနေတာ အမှန်ပါပဲ။
နေလင်း
Read More About Movies, Cinemas and Schedules Here


Read 242 times Last modified on Friday, 30 June 2017 09:08
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.