ďťż
Thursday, 22 June 2017 03:08

cars 3
Animation ဇာတ်ကားကောင်းတွေ ထုတ်လုပ်နေကျဖြစ်တဲ့ Pixar Animation Studios နဲ့ Walt Disney Pictures တို့ ပူးပေါင်းပြီး ၂၀ဝ၆ ခုနှစ်မှာ Cars ဆိုတဲ့ ပြိုင်ကားလေး Lightning McQueen အကြောင်းကို ဇာတ်လမ်းလုပ် ရိုက်ကူး ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၁ မှာ ဒုတိယရုပ်ရှင် အခု ၂၀၁၇ မှာ တတိယမြောက်ရုပ်ရှင်ကို ဆက်လက်ထုတ်လုပ်တာ ဖြစ်ပါတယ်။ Pixar Animation Studios နဲ့ Walt Disney Pictures တို့ ပူးပေါင်းပြီး အခြားကမ္ဘာကျော် Animation ဇာတ်ကားကောင်းတွေလည်း များစွာထုတ်လုပ်ခဲ့တာကြောင့် လာမယ့် ဇွန် ၁၆ ရက် နေ့မှာ ရုံတင်တော့မယ့် Cars 3 ဟာလည်း သွားကြည့်ရမည့် ရုပ်ရှင်ပါပဲ။ ဒီသုံးကားစလုံးမှာ အဓိကဇာတ်ကောင် Lightning McQueen နဲ့ Mater နေရာမှာတော့ Owen Wilson နဲ့ Larry the Cable Guy တို့ကပဲ 3 ကားဆက်တိုက် အသံသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပြီး ဒါရိုက်တာ Brain Fee ကတော့ သူ့ရဲ့ ပထမဆုံးသော ဒါရိုက်တာအဖြစ် ပါဝင်တာပါ။ ဒါပေမယ့် Brain Fee အနေနဲ့ Cars နဲ့ Cars 2 တို့အပြင်Wall_E နဲ့ Ratatouille အစရှိတဲ့ ကမ္ဘာကျော်ကားတွေမှာပါ Storyboard Artist အဖြစ် ပါဝင်ခဲ့ဘူးသူဖြစ်တဲ့အတွက် အခက်အခဲတော့ သိပ်ရှိမည့်ပုံမပေါ်ပါဘူး။ ထူးခြားတာတစ်ခုက Cars ရုပ်ရှင်ကားထွက်ခဲ့တဲ့ ၂၀ဝ၆ – ၂၀၁၁ နဲ့ ၂၀၁၇ တွေမှာ Pirates of The Caribbean ကားတွေလည်း အမြဲတမ်းရုံတင်ပါတယ်။ အရင် Cars နဲ့ Cars 2 က ဒါရိုက်တာ John Lasseter ကတော့ ဒီနှစ် ရုံတင်မည့် Cars 3 ဟာ ပထမဆုံး ထွက်ရှိခဲ့တဲ့ Cars နဲ့ တော်တော်လေး နီးစပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါရိုက်တာ Brain Fee ကတော့ ဒီ Cars 3 ဟာ ပြိုင်ကားမောင်းတာကို နှစ်သက်တဲ့သူတွေ အတွက်တော့ ပိုပြီးရင်ခုန်စရာကောင်းနေမှာ ဖြစ်သလို ဝေးလံခေါင်ဖျားတဲ့ တောင်ပိုင်းဒေသက အလှတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ ရုံတင်တော့မှာဖြစ်တဲ့ Cars 3 ဟာ စောင့်မျှော်နေတဲ့ Animation ပရိသတ်တွေအတွက်တော့ မလွတ်တမ်းကြည့်ရမယ့် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။
နေလင်း
Read More About Movies, Cinemas & Schedules Here


Read times Last modified on Thursday, 22 June 2017 03:43
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.