Wednesday, 21 June 2017 11:03

Cate
လူရယ်လို့ ဖြစ်လာရင် လူကောင်းလူဆိုးဆိုတာ ရှိတတ်တာပါပဲ။ အိမ်ထောင်ရေး၊ အချစ်ရေးမှာ သစ္စာရှိသူတွေရှိသလို သစ္စာမရှိသူတွေလည်း ဒုနဲဒေးပေါ့။ ဒီလို သစ္စာမရှိတဲ့ ဖောက်လွဲဖောက်ပြန်လူတွေဟာ နေရာစုံ နယ်ပယ်စုံမှာ ဖောက်ပြန်တတ်ကြပါတယ်။ ခုလည်း ကမ္ဘာတစ်လွှားက ဖောက်လွဲဖောက်ပြန်လုပ်တတ်တဲ့ သူတွေအကြားမှာ ရေပန်းအစားဆုံး Application  ၆ ခုကို စုစည်း တင်ပြပေးလိုက်ပါတယ်။ ဒါမျိုး Application တွေ ကိုယ့်ချစ်သူ၊ ရည်းစား၊ အိမ်ထောင်ဖက်တွေရဲ့ ဖုန်းမှာ တွေ့ရရင် ဖျက်သာ ချပစ်လိုက်ပါလို့ အကြံပေးချင်ပါတယ်။
CATE
CATE ဆိုတာ Call And Text Eraser လို့ အဓိပ္ပာယ်ရပါတယ်။ မသိရင်တော့ တော်တော်လှတဲ့ နာမည်တစ်ခုပါပဲ။ ဒီ App က သင်သတ်မှတ်ထားတဲ့သူဆီက သင့်ဆီကို ၀င်လာတဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ မတော်တလျော် မက်ဆေ့ခ်ျတွေကို သိမ်းထားပေးပြီးတော့ လျှို့ဝှက်ကုတ် နံပါတ်တစ်ခုနဲ့ဖွင့်ပြီး ဝင်ကြည့်မှမြင်ရမှာပါ။ ပြီးရင်လည်း ခြေရာခံမရအောင် အလွယ်တကူ ဖျက်ချလို့ရပါတယ်။ အလကားတော့မရပါဘူး။ Download ဆွဲမယ်ဆိုရင်တော့ 4.99$ ကျသင့်မှာပါ။
Snapchat

snapchat
Snapchat ဟာ မြန်မာပြည်မှာလည်း လူသုံးများတဲ့ Application တစ်ခုပါ။ ဓာတ်ပုံလေးတွေကို ရုပ်ပြောင်လေးတွေလုပ်ပြီး ပို့ကြတာ ခေတ်စားပါတယ်။ Chat လို့လည်းရပါတယ်။ ဒါပေမယ့် ဖောက်ပြန်ချင်သူတွေကတော့ Snap chat ကို Nude Photo တွေပို့ဖို့ အသုံးပြုနေကြပါတယ်။
tigertext

TierText
မတော်တလျော် မက်ဆေ့ခ်ျတွေပို့ဖို့အတွက်ဆို TigerText ကို အသုံးများကြပါတယ်။ ဒီ App ကနေ မက်ဆေ့ခ်ျတွေကို သင် သတ်မှတ်ထားတဲ့ အချိန်အတွင်း အလိုအလျောက် ဖျက်ချပေးသွားမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ချက်ကတော့ Snapchat နဲ့ ဆင်တူပါတယ်။ ဓာတ်ပုံတွေတော့ ပို့လို့မရပါဘူး။
slydial

SlyDial
SlyDialဟာ ဖုန်းခေါ်ဆိုမှုကို ထင်ယောင်ထင်မှားဖြစ်စေဖို့ အတုအယောင် Voicemail ပေးပို့ပေးတဲ့ Application တစ်ခုဖြစ်ပါတယ်။ သင့်ဆီဝင်လာတဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံပြောဆိုဖို့ အဆင်မပြေဖြစ်နေချိန်မှာ " တယ်လီဖုန်း ဆက်သွယ်ရေး လိုင်းများ မအားသေးသဖြင့် " တို့  " ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်နေပါသဖြင့် " တို့လိုမျိုး Voicemail မျိုးတွေ ပြန်ပို့ပေးပါလိ့မ်မယ်။ တစ်ခါသုံးရင် 0.10$ တော့ ကျမယ်ဗျ။ Snapchat နဲ့ ဆင်တူပါတယ်။ ဓာတ်ပုံတွေတော့ ပို့လို့မရပါဘူး။
Vaulty Stocks

Vaulty Stocks
Vaulty Stocks ဟာ အပြင်အဆင်၊ Design နဲ့ Application ရဲ့ နာမည်တွေအရ ရုတ်တရက်ကြည့်ရင်တော့ Stock Share Market နဲ့ ပတ်သတ်တဲ့ Application တစ်ခုလို့ ထင်စရာပါ။ နာမည်အကြီးဆုံး Photo &  Video Hiding Application တစ်ခုပါ။ Passward ရိုက်ထည့်ရမယ့် နေရာမှာ Passward ရိုက် မထည့်မချင်း Stock Share Application တစ်ခုအသွင် ယူထားမှာဖြစ်ပြီးတော့ Passward ကို မှန်ကန်အောင် ရိုက်ထည့်နိုင်မှ ဖုံးကွယ်ထားတဲ့ ပုံတွေ၊ ဗီဒီယိုတွေကို ဖော်ပြပေးမှာပါ။ ဖောက်ပြန်တတ်တဲ့ သူတွေအတွက်တော့ အတော်အသုံးများတဲ့ Application တစ်ခုပါ။ ဒီ Application ကို Download ဆွဲမယ်ဆိုရင် 9.9$ ကျသင့်မှာပါ။
InvisibleText
Invisible Text
Invisible Text ကတော့ Messaging Application တစ်ခုပါ။ ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေ၊ ပုံတွေ၊ မက်ဆေ့တွေ အကုန်ပို့လို့ရပါတယ်။ ဒါပေမယ့် မက်ဆေ့ခ်ျကို ဝင်မကြည့်မချင်း ဘာပို့လိုက်တယ်ဆိုတာ ပေါ်နေမှာ မဟုတ်ပါဘူး။ နောက်ပြီး Timer နဲ့ ဘယ်အချိန်မှာ ဒီစာကို အလိုအလျောက်ဖျက်ချမယ် ဆိုတာမျိုးလည်း သတ်မှတ်ပေးလိုက်လို့ရပါတယ်။ ဒါ့အပြင် ကိုယ်ပို့လိုက်တဲ့စာမှာ အမှားအယွင်း တခုခုပါသွားရင် တစ်ဖက်လူမဖတ်ခင် လှမ်းဖျက်လို့ရတဲ့ စနစ်လည်းပါပါတယ်။ 
ရဲဇွန်အောင်
Read More About Digital Articles Here


Read times Last modified on Thursday, 22 June 2017 05:31
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.