ďťż
Wednesday, 21 June 2017 09:38

Meizu M5 Note colors
MEIZU M5 Note

ဈေးနှုန်း ၂၀၀၀ဝဝ
အားသာချက်
ဈေးနှုန်း အလယ်အလတ်တန်းစား တန်ဖိုးသင့် ဖုန်းအမျိုးအစားတစ်ခုဖြစ်ပေမယ့် ဖုန်းမှာပါဝင်တဲ့ CPU, GPU နဲ့ Screen ပိုင်းတွေမှာ ကောင်းမွန်တဲ့ဖုန်းပါ။ ကင်မရာပိုင်းမှာဆိုရင်လည်း Main Camera ဟာ Megapixels ကောင်းမွန်တဲ့ ကင်မရာဖြစ်ပြီး Aperture ကလည်း ကောင်းမွန်တဲ့အပြင် စုံလင်တဲ့ Camera Feature တွေလည်း ပါဝင်ပါတယ်။ ပါဝါအသုံးပြုခြင်းအတွက်လည်း ပါဝါသိုလှောင်နိုင်မှုပမာဏ မြင့်မားတဲ့ ဘက်ထရီ ပါဝင်တဲ့အတွက် ဖုန်းကို အချိန်ကြာကြာအသုံးပြု နိုင်မှာပါ။
အားနည်းချက်
Nano Sim Card နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်တဲ့ Dual Sim ဖုန်းအမျိုးအစား ဖြစ်ပေမယ့် Sim Card တစ်နေရာဟာ SD Card နဲ့ တွဲထားတဲ့အတွက် SD Card အသုံးပြုမယ်ဆိုရင် Sim Card တစ်ကတ်ပဲ သုံးလို့ရမှာဖြစ်ပါတယ်။ ပုံစံဒီဇိုင်းကတော့ ကျစ်ကျစ်လျစ်လျစ် ရှိပါတယ်။ ဖုန်းကိုယ်ထည်တစ်ခုလုံးကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ရှေ့မျက်နှာပြင်မှန်ကတော့ အနားအနည်းငယ်လုံးထားတဲ့ မှန်ပုံစံမျိုးပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၅.၃၆ စင်တီမီတာ၊ ဘေးတိုက် အကျယ် ၇.၅၈ စင်တီမီတာရှိပြီး အရွယ်အစားက ကိုင်တွယ်အသုံးပြုချိန်မှာ လက်နဲ့သင့်လျော်တဲ့ ပုံစံမျိုးရှိပါတယ်။ ထုထည်ကတော့ ဝ.၈၂ စင်တီမီတာဖြစ်တဲ့အတွက် မထူလွန်းမပါးလွန်းတဲ့ ပုံစံမျိုးရှိပြီး အလေးချိန်ကတော့ အနည်းငယ်ရှိပါတယ်။ ရှေ့မျက်နှာပြင်အောက်မှာ Home Button နဲ့အတူ Finger print ကို တွဲဖက်တပ်ဆင်ပေးထားပြီး Back Key နဲ့ Menu Key တွေတော့ မပါပါဘူး။ စပီကာနဲ့ USB Port၊ နားကြပ်ပေါက်တွေကိုတော့ ဖုန်းရဲ့ဘောင်မှာ အတန်း လိုက် ထည့်သွင်းထားပါတယ်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင်တော့ MEIZU M5 Note ဟာ ဖုန်းမှာအသုံးပြုထားတဲ့ CPU, Graphic GPU ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း Main Camera ရဲ့ Megapixels ဟာ သင့်တင့်ကောင်းမွန် တဲ့အပြင် ကင်မရာ Feature တွေမှာလည်း စုံစုံလင်လင်ပါဝင်တာ တွေ့ရပါတယ်။Screen ကလည်း Full HD Screen ဖြစ်ပြီး ဘက်ထရီပိုင်းမှာဆိုရင်လည်း ကောင်းမွန်တာကို တွေ့ရမှာပါ။ Flyme အကောင့်ကို အသုံးပြုမယ်ဆိုရင်တော့ အကောင့်နဲ့ Password ကို ဂရုစိုက်သင့်ပါတယ်။ အကောင့်ဟာ ဖုန်းအတွက် လုံခြုံရေးနဲ့ ချိတ်ဆက်ထားတဲ့အတွက် ဖုန်း Lock ကျ သွားတဲ့အချိန်မှာ Flyme အကောင့်ကို မသိတော့ဘူးဆိုရင် ဖုန်းက ဘာမှလုပ်လို့ရတော့မှာ မဟုတ်ပါဘူး။ ဖုန်းမှာပါဝင်တဲ့ Memory ပိုင်းကတော့ အသင့်အတင့်ပဲ ရှိပေမယ့် RAM ကတော့ ကောင်းမွန်ပါတယ်။
Network     GSM – 2G/ 3G/ 4G
SIM           Dual SIM (Nano SIM Dual Standby)
OS            Android OS, v6.0
CPU          Octa-core (4×1.8 GHz Cortex-A53 & 4×1.0 GHz Cortex-A53)
GPU          Mali-T860MP2
Memory     Internal 16GB, 3GB RAM, Micro SD 256GB
Camera     13 MP, F/2.2,  phase detection autofocus, dual-LED (dual tone) flash, Geo-tagging, touch focus, face detection, Video, Secondary 5 MP, f/2.0
Wi-Fi        Wi-Fi 802.11 a/b/g/n, dual-band, hotspot
Bluetooth  v4.0, A2DP, LE
Battery     4000 mAh Battery
vivo v5 black edition

Vivo V5 Black Edition
ဈေးနှုန်း ၃၁၈၀ဝဝ
အားသာချက်
ဈေးနှုန်း အလယ်အလတ်တန်းစား အမျိုးအစားတစ်ခုဖြစ်ပေမယ့် ဖုန်းမှာထည့်ထားတဲ့ CPU, GPU တွေက ကောင်းမွန်ပါတယ်။ ကင်မရာမှာဆိုရင်လည်း megapixel အမြင့်ပိုင်းကို ထည့်သွင်းပေးထားပြီး RAM ကလည်း စိတ်ကျေနပ်စရာပါ။ ဖုန်းမှာပါဝင်တဲ့ လက်ဗွေစနစ်ဟာ Home Button နဲ့တွဲထားပြီး Touch Pad လို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဖုန်းမှာ ထူးထူးခြားခြားပါဝင်တဲ့ Smart Motion စနစ်မှာ Motion အစုံကို တွေ့ရနိုင်ပြီး Smart Multi မှာဆိုရင်လည်း App တွေကို တစ်ခြမ်းစီ အသုံးပြုနိုင်တာ တွေ့ရပါတယ်။ နောက်ဘက် ကင်မရာပိုင်းမှာ slomotion ရိုက်ကူးခြင်း manual ရိုက်ကူးခြင်းလို လုပ်ဆောင်မှုမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။ ထူးခြားတာကတော့ Night Mode ပါဝင်ခြင်းပါပဲ။
သုံးသပ်ချက်
Vivo V5 Black Edition က အရင် V5 နဲ့ အချက်အလက်တွေ အကုန်တူတယ် ဆိုပေမယ့် အရောင်ပိုင်းမှာ ကွာသွားပါတယ်။ ကင်မရာပိုင်းမှာ ပိုအရည်အသွေးကောင်းလာပြီး Finger Print လို လုပ်ဆောင်မှုမျိုးက စိတ်ကျေနပ်စရာ ဖြစ်ပါတယ်။
Network     GSM – 2G/ 3G/ 4G
SIM           Dual SIM (Nano SIM Dual Standby)
OS            Android OSç v6.0
CPU          Octa-core 1.5 GHz
GPU          Mali-T860MP2
Memory     Internal 32GB, 4GB RAM, Micro SD 256GB
Camera     13 MP, f/2.2, phase detection autofocus, dual-LED (dual tone) flash, Geo-tagging, touch focus, face detection, Video, Secondary 20 MP, f/2.0
Wi-Fi        Wi-Fi 802.11 a/b/g/n, dual-band, hotspot
Bluetooth  v4.0, A2DP, LE
Battery     3000 mAh Battery
oppo a77

OPPO A77
ဒါကတော့ OPPO စီးရီးထဲမှာ အသစ်ထွက်ရှိလာမယ့် စီးရီးဖြစ်ပါတယ်။ မျက်နှာပြင် ၅.၅ လက်မရှိပြီး processor ပိုင်းမှာ octa-core 1.5Ghz နဲ့ RAM ကို 4GB အသုံးပြုထားမှာဖြစ်ပါတယ်။ Dual Sim ဖြစ်ပြီး ဘက်ထရီက 3200 mAh ဖြစ်တဲ့အတွက် အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ ကင်မရာပိုင်းမှာ 13 MP f/2.2 ကင်မရာအပြင် ရှေ့ကင်မရာကို 16 MP ကိုလည်း အသုံးပြုထားတာ တွေ့ရပါတယ်။ ဈေးနှုန်းကတော့ ၃ သိန်းပတ်ဝန်းကျင်လောက် ရှိမှာဖြစ်ပါတယ်။
ရဲထွဋ်
Read More About Digital Articles Here


Read 357 times Last modified on Wednesday, 21 June 2017 10:43
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.