Tuesday, 20 June 2017 09:01

Tips Photo dry wet iphone with rice
PC အကြောင်းသိချင်ရင် ကိုယ့်ကွန်ပျူတာက ဘာ Windows အမျိုးအစားသုံးလဲ၊ Memory ဘယ်လောက်ရှိလဲ၊ Processor ဘယ်လောက်ရှိလဲဆိုတာကို အမြန်သိချင်တယ်ဆိုရင် Keyboard မှာရှိတဲ့ WindowsKey နဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Print Screen ဆိုတာလေးကို တွဲနှိပ်လိုက်ပါ။     

ကွန်ပျူတာအတက်နှေးနေတယ် ဆိုရင် ကွန်ပျူတာကိုဖွင့်လိုက်တာနဲ့ program တွေ တစ်ပုံကြီးပေါ်လာတယ်ဆိုရင် ကွန်ပျူတာက လေးနေမှာ အသေအချာပါပဲ။ ဒါကို ဖြုတ်ပေးဖို့ဆို Run Box ထဲမှာ msconfig ကိုနှိပ်ပြီး Start Up မှာ program တွေ သွားဖြုတ်ပေးလို့ရပါတယ်။
File ကို နာမည်ပြောင်းချင်ရင် folder တစ်ခုဖြစ်စေ file တစ်ခုဖြစ်စေ နာမည်ပြောင်းချင်ရင် right click > rename လုပ်ရပါတယ်။ ဒါပေမယ့် ဒါကနှေးပါတယ်။ တစ်ကယ်ဆို folder ကို select ပေးပြီး F2 နှိပ်လိုက်ရင် rename လုပ်ရမယ့် အနေအထားကို ရောက်ရှိလာပါလိမ့်မယ်။
ကွန်ပျူတာကို Lock လုပ်ချင်ရင် ရုံးမှာသွားစရာရှိလို့ ကွန်ပျူတာကို Lock လုပ်သွားချင်ရင် အမြန်ဆုံးလုပ်နိုင်မယ့် နည်းက Windows + L ဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ့်ကွန်ပျူတာကို ဘယ်သူမှ ဝင်မမွှေနိုင် တော့ဘူးပေါ့။
Web Tab အသစ်ဖွင့်မယ် Chrome မှာဖြစ်ဖြစ်၊ Firefox မှာဖြစ်ဖြစ် tab အသစ်ဖွင့်ချင်ရင် Ctrl + T ကို နှိပ်လိုက်ရုံပါပဲ။ ပိတ်သွားတဲ့ Tab ကို ပြန်ဖွင့်မယ် Tab တစ်ခုကို မှားပိတ်လိုက်လို့ အဲဒီ Tab ရဲ့ address ကို မသိတော့ရင် ပြန်ဖွင့်ရတာ လွယ်ပါတယ်။ Keyboard မှာ Ctrl + T ကိုနှိပ်လိုက်ရုံပါပဲ။
ကိုယ့် Web History ကိုမသိစေချင်ရင် အင်တာနက်မှာ လူမသိစေချင်တဲ့ အကြောင်းအရာတစ်ခု ရှာမယ်ဆိုရင် သီးသန့် browser သုံးလို့ရပါတယ်။ အဲဒါက Chrome, Firefox တိုင်းမှာ ရှိပါတယ်။ Browser ကိုဖွင့်ပြီး Ctrl + Shift + P ကို နှိပ်လိုက်ပါ။
Mobile ဖုန်းရေစိုခဲ့ရင် ဖုန်းရေစိုခဲ့ရင် ပထမဆုံး လုပ်ရမှာက ဖုန်းကိုမဖွင့်ဖို့ပါပဲ။ ပြီးရင်ဖုန်းကို ဆန်အိုးထဲသာ ၂၄ နာရီထည့်ထားလိုက်ပါ။ ပြန်ကောင်းလာဖို့က ၈၀ ရာခိုင်နှုန်းသေချာပါတယ်။
ရဲထွဋ်
Read More About Digital Article Here

  


Read times Last modified on Tuesday, 20 June 2017 09:18
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.