Tuesday, 20 June 2017 05:05

facebook2
Page ကိုသေသေချာချာ Setup မလုပ်ခြင်း
Page ထောင်ပြီး Profile picture တင်၊ Cover Photo တင်ပြီးတာနဲ့ ပြည့်စုံတာ မဟုတ်ပါဘူး။ Page information ကို စီးပွားရေးအကြောင်း၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ဖွင့်ချိန် ပိတ်ချိန် ပြည့်စုံအောင်ထည့်မှ Customer တွေက ကိုယ့်စီးပွားရေးကို သိရှိ ဆက်သွယ်လို့ရမှာပါ။ နောက် Call to Action button ထည့်တာ၊ Preferred audience ဖြည့်တာ၊ Instant Message Reply ပြင်ထားတာတွေကလည်း ကိုယ့် Page ကို လာတဲ့ Customer တွေအတွက် အများကြီး အဆင်ပြေစေပါတယ်။
Facebook က Free ကြော်ငြာလို့ရတယ်
Facebook က user တွေနဲ့ business page တွေကို Free ပေးသုံးထားတာ မှန်ပါတယ်။ ဒါပေမဲ့ အလကားလို့တော့ ပြောလို့မရပါဘူး။ ပထမတစ်ချက်အနေနဲ့ Page ထောင်ပြီဆို Post ရေးဖို့အတွက် အချိန်အများကြီး ပေးရပါတယ်။ Photo ကောင်းကောင်း ရှာရတာ၊ Comment တွေ Reply လုပ်ရတဲ့ အချိန်က မနည်းပါဘူး။ ဒါတွေကိုလည်း ကုန်ကျစရိတ်တစ်ခုအနေနဲ့ ထည့်စဉ်းစားသင့်ပါတယ်။
နောက်တစ်ချက်က Facebook ပေါ်မှာ Free တင်လို့ရတယ်၊ ကြော်ငြာစရာမလိုဘူးလို့ ထင်လေ့ရှိပါတယ်။ Post တင်လိုက်ရင် ကိုယ့် Fan တွေမြင်မယ် ဆိုပေမယ့် Facebook က ကိုယ့် Fan စုစုပေါင်းရဲ့ ရာခိုင်နှုန်း အနည်းငယ်ကိုပဲ Post ကို ပြပေးလေ့ရှိပါတယ်။ ဒါကြောင့် တကယ့်စီးပွားဖြစ် Facebook ကို သုံးမယ်ဆိုရင်တော့ ပိုက်ဆံအနည်းနဲ့အများ သုံးဖို့လိုပါလိမ့်မယ်။
facebook

Like များများလိုချင်တယ်
ကျွန်တော်တို့ တော်တော်များများက Like ဘယ်လောက်ရနေပြီလဲ ကြည့်ပြီး ကျေနပ်နေလေ့ရှိကြတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အဲဒီ Like ကနေ Customer ဘယ်လောက်ရလာမလဲဆိုတာကို တွေးလေ့ မရှိကြပါဘူး။ Like များဖို့ပဲ ရည်ရွယ်ပြီး Like များပြီးသား Page ပြန်ဝယ်တာ၊ Target တိတိကျကျမထားဘဲ Page Promote လုပ်တာတွေက ရေရှည်မှာ အကျိုးမထူးတဲ့အပြင် Post Organic Reach၊ Engagement ကျခြင်း စတဲ့ ဆိုးကျိုးတောင် ဖြစ်နိုင်ပါတယ်။ Page Like က လုံးဝတန်ဖိုးမရှိဘူး ပြောတာမဟုတ်ပါဘူး။ ကိုယ်ရထားတဲ့ Like တွေက တကယ်ကိုယ့်ရဲ့ Customer (သို့) Customer  ဖြစ်နိုင်ချေရှိတဲ့ လူမဟုတ်ရင်တော့ အချိန်ကုန် လူပင်ပန်းရုံပဲရှိပါတယ်။
Post လုပ်တဲ့အခါ ဓါတ်ပုံအတွက် အချိန်မပေးခြင်း
တွေ့ရတဲ့ Page တော်တော်များများက စာသားကို လှလှပပ Engagement ရအောင် ရေးနိုင်ပေမယ့် ဓါတ်ပုံတွေကတော့ ဂွမ်းနေတာမျိုးရှိပါတယ်။ Post တစ်ခုရဲ့ ၆၀% လောက်က ဓါတ်ပုံဆိုတော့ ဒါကိုလည်း ဂရုစိုက်ပြီး လုပ်သင့်ပါတယ်။ ကိုယ်တိုင်ရိုက်တယ်ဆိုရင်လည်း သေသေချာချာ ရိုက်ပြီး Edit ကောင်းကောင်းလုပ်ပြီး Template လေး နဲ့လုပ်သင့်ပါတယ်။ Online က Free သုံးလို့ရတဲ့ Canva ဆိုရင် လွယ်လည်းလွယ် Template ကောင်းကောင်းလေးတွေလည်း ရှိပြီးသားပါ။
Download လုပ်မယ်ဆိုရင်လည်း Resolution ပြည့်မီတာ ပြီးတော့ Copyright မငြိတာမျိုး ရွေးသင့်ပါတယ်။ Quality ကောင်းကောင်း ဓါတ်ပုံအမိုက်စားတွေကို Pixabay တို့ Pexels တို့မှာ Free Download ရယူလို့ရပါတယ်။
ရန်အောင်
Read More About Digital Articles Here


Read times Last modified on Tuesday, 20 June 2017 05:36
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.