ďťż
Thursday, 15 June 2017 10:18

Mummy
Mummy ဆိုတာနဲ့ ရုပ်ရှင်ပရိသတ်တွေ ရင်းနှီးပြီးသား နာမည်တစ်ခုပါ။ ၁၉၃၂ ကတည်းကနေစပြီး အမျိုးမျိုးသော ဇာတ်လမ်းတွေနဲ့ Mummy ဇာတ်ကားတွေ ရိုက်ကူးလာခဲ့တာ ဒီနှစ်ဆိုရင် Mummy ဆိုတဲ့ Character ဟာ သက်တမ်း ၈၅ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ အခုလာမယ့် ဇွန် ၉ ရက် နေ့မှာ US နဲ့ ကနေဒါမှာ စတင်ရုံတင် ပြသတော့မယ့် The Mummy ရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ မေ၂၂ က Australia မှာ အထူးပွဲ ပြသခဲ့ပြီး ဖြစ်ပါတယ်။ လန်ဒန်မှာ မေလ ၂၂ ရက်နေ့က မန်ချက်စတာ ဗုံးပေါက်ကွဲမှုကြောင့် မူလပြသဖို့ စီစဉ်ထားတဲ့ ရက်အစား ဇွန်လ ၁ ရက်နေ့မှာ အထူးပွဲပြဖို့ စီစဉ်ထားပါတယ်။ ဒီနှစ် ထွက်ရှိလာတဲ့ The Mummy ရုပ်ရှင်ကားဟာ Universal Picture က အရင်ထွက်ရှိခဲ့ဘူးတဲ့ The Mummy Trilogy နဲ့ သက်ဆိုင်ခြင်းမရှိဘဲ သူတစ်ကားတည်း Standalone အနေနဲ့ ထွက်ရှိတာ ဖြစ်ပါတယ်။ ဒီကားမှာ ဗီလိန်ဖြစ်တဲ့ Mummy ဟာ Ancient Princess Ahmanet ပဲ ဖြစ်ပါတယ်။ သူ့နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး ကတော့ Star Trek Beyond မှာ လူတွေ မှတ်မိလွယ်ခဲ့တဲ့ အဖြူရောင် ဂြိုလ်သူလေးအဖြစ် သရုပ်ဆောင်ခဲ့သူ Sofia Boutella ပါ။ ဒါ့အပြင် ဒီရုပ်ရှင်ကို အဓိက ဆွဲဆောင်တဲ့ အချက်ကတော့ မင်းသားကြီး Tom Cruise နဲ့ Russel Crowe တို့ကပါ အပြိုင် သရုပ်ဆောင်ထားတာဖြစ်ပြီး သူတို့ နှစ်ယောက်တွဲ သရုပ်ဆောင်တာ ဒါပထမဆုံးပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Transformer  (2007)၊ The Amazing Spider-man 2 (2014) နဲ့ Star Trek (2009) တို့မှာ Producer အဖြစ်ရော 'Writer'အဖြစ်ပါ ပါဝင်ခဲ့တဲ့ Alex Kurtzman ပဲ ဖြစ်ပါတယ်။ ထူးခြားတာက ဒီကားကို Horror အမျိုးအစားအနေနဲ့ မသတ်မှတ်ထားဘဲ  Action အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး မင်းသားကြီး Tom Cruise အနေနဲ့လည်း စကားပြောခန်း အရမ်းနည်းပါးခဲ့ကာ တစ်ကားလုံးမှာမှ စုစုပေါင်း Dialogue အနေနဲ့ ၁၁၀သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ရုပ်ရှင်ပြကွက်တွေကို သွက်သွက်လက်လက်နဲ့ အက်ရှင်ကား တစ်ကားလို ကြည့်ရမယ့်အပြင် Zero Gravity အခန်းတွေပါ ထည့်သွင်းရိုက်ကူးခဲ့ပြီး အဖွဲ့သားတွေလည်း အဲ့ဒီအခန်းတွေ ရိုက်ကူးရေးဒဏ်ကြောင့် မူးဝေ အော့အန်တာတွေ ခံစားခဲ့ရပါသေးတယ်။ အဆန်းသစ်ဆုံး နည်းပညာ အထူးပြုလုပ်ချက်ကြောင့် လူနဲ့ မိစ္ဆာတို့ ကြားက တိုက်ပွဲတွေကလည်း ဖမ်းစားနိုင်မယ့် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။
နေလင်း
Read More About Movies, Cinemas & Schedules Here


Read 276 times Last modified on Friday, 16 June 2017 10:45
Rate :
(0 votes)

1 comment

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.