Friday, 09 June 2017 10:25

rainy fashion web
မင်္ဂလာပါ ချစ်တို့ရေ။ ခု မိုးလေးနည်းနည်းကျလာပြီဆိုတော့ အပြင်သွားတဲ့အခါ ဘယ်လိုဒီဇိုင်းမျိုးလေးတွေ ရွေးရမယ်ဆိုပြီး နည်းနည်းခေါင်းစားစရာဖြစ်လာပြီပေါ့။ အရမ်းရှည်တဲ့စကတ်တွေ၊ ဂါဝန်တွေ၊ လည်သာဖိနပ်အကောင်းစားတွေ စတာတွေကို ရှောင်ပြီး ချစ်တို့ ပြောင်းလဲရွေးချယ် ဝတ်ဆင်သင့်တဲ့အရာတွေ ရှိလာပြီနော်။ ဒီတော့ မိုးရာသီအတွက် ဖက်ရှင်နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေ ကြည့်ကြရအောင်။

ဖြစ်နိုင်ရင် ဒူးလောက်သာရှိတဲ့ ဂါဝန်တွေ၊ Dress တွေကို ဦးစားပေး ရွေးချယ် ဝတ်ဆင်ပါ။ သိပ်တို လွန်းတဲ့ စကတ်မျိုး၊ Dress မျိုးတွေကျတော့လည်း မိုးသည်းလို့ လေပါပါတယ်ဆိုရင် လန်ထွက်သွားတာမျိုးတွေ ရှိနိုင်ပါတယ်၊ ဒီတော့ အရှည် ဒူးလောက်ရှိတဲ့ Dress မျိုးတွေကို အသားသိပ်မပါးတာ (ဥပမာ စပန့်သားလို) မျိုး ရွေးနိုင်ရင် ပိုကောင်းပါတယ်။
ဂျင်းဆိုရင် ဒီရာသီအတွက်ကတော့ သိပ်ရှည်တာမျိုးတွေက အဆင်မပြေပါဘူး။ အပြင်ထွက်ခါနီးမှ မိုးထရွာတယ်ဆိုရင် ဝတ်ထားတဲ့ ဂျင်းဘောင်းဘီအရှည်ကို ပြန်လဲပစ်လိုက်တာ အကောင်းဆုံးပါ၊ မလဲချင်ဘူး အစိုခံလိုက်မယ် ဆိုရင်တော့ အပိုတစ်ထည်ဆောင်သွားဖို့ ပြောချင်ပါတယ်။ မိုးသိပ်မသည်းဘူး ဆိုရင်တော့ ဂျင်းကို အောက်နားလေးတွေခေါက်ပြီး စတိုင်ထုတ်ဝတ်နိုင်ပါတယ်၊ ဒါကတော့ ဂျင်းဘောင်းဘီချစ်သူတွေအတွက်ပါ။

rainy fashion web2
ဂျက်ကတ်/လည်သာဂျက်ကတ်/ Hoodie/Pullover လေးတွေက ဒီရာသီနဲ့အထူးသင့်တော်ပြီး စတိုင်ထုတ်လို့ ကောင်းတဲ့အရာတွေပေါ့။ ပြီးခဲ့တဲ့ ဆောင်းတွင်းက ဝယ်ထားတဲ့ ဂျက်ကတ်ကို ခုမိုးရာသီအတွင်း ဝတ်နိုင်ပါတယ်။ ဒါ့အပြင် Hoodie လေးတွေရှိရင်လည်း ထို့အတူပါပဲ၊ ဝတ်ပစ်လိုက်ပါ။ ခုချိန်မှာ အပေါ် အင်္ကျီအနေနဲ့ စတိုင်ထုတ်နိုင်တဲ့ အချိန်ကောင်းမို့ သိမ်းထားတာတွေရှိရင် ထုတ်ဝတ်ပစ်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်က ရုံးဝန်ထမ်း၊ Company ဝန်ထမ်းဆိုရင်လည်း Long Coat အရှည်တွေကို ကိုယ်ဝတ်ထားတဲ့ Dress/ Outfit တွေပေါ် ထပ်ဝတ်ပြီး ရုံးတက်နိုင်တယ်နော်။
မိုးကာဒီဇိုင်းသစ်တွေကလည်း ချစ်တို့ကို အထာကျစေနိုင်ပါသေးတယ်။ အကြည်သား နီယွန်ကာလာ မိုးကာလေးတွေ အွန်လိုင်းရှော့တွေမှာ ရောင်းနေတာမျိုး မြင်ရင် ဝယ်ထားဖို့ အကြံပေးပါရစေ။ ဒီမိုးကာလေး တွေက ခုလတ်တလောခေတ်စားနေတဲ့ အရာမို့လို့ အားလုံးရဲ့အကြည့်ကို သိမ်းပိုက်ပစ်နိုင်မယ့် အရာတွေပါပဲ။ သူ့ကို အပေါ်တစ်ထပ်အနေနဲ့ ဝတ်ပြီး စကတ်/ဘောင်းဘီတို၊ ရှည် ဘာနဲ့မဆို တွဲဝတ်နိုင်ပါတယ်။
စကတ်တွေထဲမှာဆိုရင်တော့ Pencil Skirt၊ Tight Skirt အကျပ်လေးတွေက ဒီရာသီနဲ့သင့်တော်ပါတယ်။ မေသော်အပေါ်မှာ ပြောသလိုပဲ လေတိုက်တဲ့အခါ စကတ်စကို လိုက်သိမ်းနေစရာ၊ ဖုံးဖိနေစရာ မလိုအောင် သူက ကူညီပေးပါလိမ့်မယ်နော်။ ဒီလိုမှမဟုတ်လည်း ဘောင်းဘီစကတ် အတိုလေးတွေ ရွေးနိုင်သေးတာပဲ။

rainy fashion web1
မိုးစကျပြီဆိုတာနဲ့ သင့်အနေနဲ့ ရွေးထုတ်ထားသင့်တဲ့အရာတွေထဲမှာ ဖိနပ်ကလည်း အရေးကြီးတဲ့ နေရာက ပါဝင်နေပါတယ်။ မိန်းကလေးဆိုတော့ တစ်မိုးတွင်းလုံး ဖိနပ်တစ်ရံတည်း စခန်းသွားခိုင်းလို့မရပါ ဘူး။ ဒီတော့ ထသွားထလာအတွက် မိုးတွင်းစီး ဖိနပ်အပါးလေးတွေ၊ ကွင်းထိုး ဖိနပ်တွေ ဝယ်ထားပါ။ အမြင့် စီးချင်တဲ့သူတွေအတွက်လည်း ခု မိုးတွင်းစီး Heel လေးတွေ ဈေးကွက်ထဲ ရောင်းချလာတာ တွေ့ရပါတယ်၊ ဒီတော့ အဲဒီလိုဖိနပ်မျိုးလေးတွေကလည်း မိန်းကလေးတွေအတွက် လိုအပ်တာပါပဲ။ ကိုယ်က boot တွေမှ စီးတတ်တယ်ဆိုရင်တော့ waterproof boot တွေ လိုက်ရှာထားဖို့ အကြံပေးပါရစေ။
ကိုယ်ကိုင်နေတဲ့ အိတ်ကိုလည်း မိုးရေအစိုခံနိုင်တဲ့ အိတ်မျိုး၊ ဘေးအိတ်နဲ့ ကျောပိုးအိတ်ဖြစ်မဖြစ် ခုကတည်းက သေချာသိအောင် လုပ်ထားဖို့လိုပါတယ်။ မဟုတ်ရင် အိတ်ပြသနာကလည်း မိုးတွင်းမှာ ပျိုမေ တွေကြုံရတဲ့ ပြသနာအကြီးစားဖြစ်နေလို့ပါ။
ဒီနှစ်မိုးတွင်းအတွက် ဖြစ်နိုင်ရင်ကာလာအတောက်၊ အဖျော့လေးတွေ ပိုရွေးချယ်စေချင်ပါတယ်။ ဝတ်ရဲတယ်ဆိုရင် ကာလာအဆန်းလေးတွေ နီယွန်ကာလာလေးတွေက ဒီနှစ်အတွက် ရေပန်းစားနေတဲ့ အရောင်လေးတွေပါပဲ။ 

rainy fashion web3                                            
အချစ်တွေနဲ့မေ

မေသော် (I am fashion blogger)
Read More About Fashion Article Here


Read 249 times Last modified on Monday, 21 August 2017 04:51
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.